ရေဖြူတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တို့က ဒေသခံ ၈ ဦးကို ဖမ်းဆီး

ရေဖြူတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တို့က ဒေသခံ ၈ ဦးကို ဖမ်းဆီး

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီ တပ်တို့က ဒေသခံ ၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

နဘုလယ်ဒေသသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ဩဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ထိန်ကြီးရွာသား ၄ ဦးနှင့် မူးဒူးရွာသား တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

“ထိန်ကြီးရွာသားတွေက ချောင်းထဲမှာ ငါးရှာနေတဲ့အချိန်မှာ ခေါ်သွားတယ်။ နောက် မူးဒူးရွာသား တစ်ဦးကို လည်း အဲ့မနက်ပိုင်းမှာပဲ လမ်းမှာ ဖမ်းခေါ်သွားတာ” ဟု ဒေသခံအမျိုသားတစ်ဦးက ပြောသည်။

ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီစစ်ကြောင်းသည် ဝက်ချောင်းရွာသို့ ရောက်ရှိလာပြီး ဝက်ချောင်းရွာက အမျိုးသမီး ၃ ဦးကို ထပ်မံဖမ်းဆီးသွားခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသူများ သြဂုတ်လ ၁၁ ရက်နေ့အထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်း မည်သည့်နေရာတွင် တည်ရှိနေသည်ကိုလည်း မသိရှိရကြောင်း ဒေသခံတို့က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် ရေဖြူမြို့နယ်အတွင်းသို့ စစ်ကြောင်း သုံးကြောင်းခွဲပြီး တရွာဝင်တရွာထွက် ဝင်ရောက်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွင် ရေဖြူမြို့နယ်အတွင်းက ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ မူးဒူး၊ လဲရှောင်၊ ထိန်ကြီး၊ ပရဒတ်စသည့် ကျေးရွာတို့မှ ဒေသခံ ၃၀၀၀ ကျော် နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

ခမောင်းချောင်းရွာသားတစ်ဦးက “သြဂုတ် ၁၁ ရက်နေ့ဆို ပြေးနေရတာ သုံးရက်ရှိပြီ။ သတင်းကြားကတည်းက ကျနော်တို့ပြေးနေတာ” ဟု ပြောသည်။

ဩဂုတ်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် ခမောင်းချောင်းကျေးရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်  ပစ်ခတ်နေသည့် အသံများကြားရကြောင်း သို့သော် အသေးစိတ်ကိုမူ မသိရှိရသေးကြောင်း ဒေသခံများက ပြော သည်။

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကို ပြီးခဲ့သည့် ဇူလိုင်လဒုတိယပတ်ကစပြီး စစ်ကောင်စီစစ်ကြောင်းများ  စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့် စစ် ရေးတင်းမာနေသည်။

May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...
April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...