သင်္ဘောဆန်တက်ချိန် လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ရွာသား ၃၀ ကျော်ကို စစ်တပ်ကဖမ်းသွား

သင်္ဘောဆန်တက်ချိန် လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ရွာသား ၃၀ ကျော်ကို စစ်တပ်ကဖမ်းသွား
ဗန်းမော်ဘက်သို့ စစ်ရိက္ခာသယ် စစ်သင်္ဘောများ ဆန်တက်လာပုံ
ဗန်းမော်ဘက်သို့ စစ်ရိက္ခာသယ် စစ်သင်္ဘောများ ဆန်တက်လာပုံ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အထက်ဘက် ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်တွင် ရှိနေသည့် ကျေးရွာများ မှ အရပ်သားပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၈ ရက်နေ့၊ နံနက်ပိုင်း ၈ နာရီအချိန်ခန့်တွင် ရွှေကူမြို့ အထက်ပိုင်းတွင် ရှိသည့် ရွှေကူလေးကျေးရွာ၊ ရွှေဘုံသာကျေးရွာနှင့် ငပေါက်ဝကျေးရွာဘက်ကို သံခွန်မော်တော် ၂ စီးဖြင့် အင် အား ၃၀ ခန့် ရောက်လာပြီး ဒေသခံပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ငပေါက်ဝကျေးရွာအနီး နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက “သူတို့ကမနက် အစောကြီးတက်လာပြီး ဆွဲ တော့တာပဲ။ ဝိုက်ဖမ်း ဖမ်းနေကြတာ အများကြီးပါသွားတယ်။ သံခွန်သင်္ဘောပေါ် ဖမ်းတင်သွားတယ်။ ရွာထဲကို ဝင်ဖမ်းတာ” ဟု KNG ကို ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် အရပ်သားပြည်သူများကို ယခုကဲ့သို့ ဖမ်းဆီးသွားခြင်းသည် ဇူလိုင်လ ၂၆ ရက်နေ့က မန္တလေးဘက်မှ ဆန်တက်လာသည့် စစ်သင်္ဘော ၉ စီးမှာ ရွှေကူသင်္ဘောဆိပ်မှ ဗန်းမော်ဘက်ကို ဆန်တက်ရန် ပြင်ဆင်နေသည့်အတွက် သင်္ဘာပေါ်တွင် လူသားဒိုင်းအနေဖြင့် သုံးရန်ဖမ်းသွားခြင်းမျိုး ဖြစ်သည်ဟု ရွှေကူမြို့က တက်ကြွ လှုပ်ရှားသူအမျိုးသား တစ်ဦးက ပြောသည်။

“သူတို့ အဲ့နယ်မြေခံ ရွာသားတွေကို သူတို့ ဒိုင်းကာလုပ်မယ်နေမှာ။ ရွှေဘုံသာတို့ ရွှေကူလေးရွာသားတို့ ပါတယ်။ လူပေါင်း ၃၀ ကျော် ၄၀ လောက်ဖမ်းထားတယ်။ ဖမ်းပြီးရွှေကူဘက်ကိုခေါ်လာတယ်။ သင်္ဘောက ဒီနေ့ တက် မယ် ထင်တယ်။ ပြင်တော့ ပြင်ဆင်နေကြတယ်” ဟု ပြောသည်။

အဖမ်းခံရသည့် ဒေသခံများထဲ အမျိုးသားများအပြင် အမျိုးသမီးများပါ ပါဝင်ပြီး ငပေါက်ဝကျေးရွာက အများ ဆုံး ဖြစ်သည်ဟု ဆိုကြသည်။

စစ်ကောင်စီတပ်အနေဖြင့် ရွှေကူနှင့် ဗန်းမော်ကြား စစ်သင်္ဘောများ ဆန်တက်ရာတွင် လူသားဒိုင်းအဖြစ် အသုံး ပြုရန် ဖမ်းဆီးနေခြင်းနှင့် ပတ်သက်၍ ရွှေကူ PDF အဖွဲ့နှင့် နီးစပ်သူ ဒေသခံအမျိုးသား တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“သူတို့ဟာသူတို့ ကျပ်တည်းမှုများ အထိနာတဲ့ အခါကျတော့ လူသားဒိုင်းပဲ သူတို့လုပ်သွားမှာ။ ပြည်သူတွေရှိရင် သူတို့ကို မထုဘူးဆိုတဲ့ အနေအထားနဲ့ သူတို့တောက်လျှောက် ဖမ်းတက်သွားမယ်လေ။ ဖမ်းတက်မှာ မဟုတ်ဘူး ဖမ်းကို ဖမ်းနေတော့တာ။ သူတို့ အထိနာလေ ဖမ်းလေပေါ့။ မနေ့ကတော့ ကာကွယ်ရေးတွေက တစ်ခါလှမ်း ပစ် တယ်။ လက်နက်ကြီးနဲ့ ထိရောက်မှုတော့ မရှိသွားဘူး” ဟု သုံးသပ်ပြောဆိုသည်။

စစ်သင်္ဘော ၉ စီးသည် မန္တလေးမှ ဆန်တက်လာရာ မြစ်တစ်လျှောက် ကာကွယ်ရေးတပ်များ၏ ပစ်ခတ် တိုက် ခိုက်မှုကြောင့် အထိနာခဲ့သည့်အတွက် ထီးချိုင့်နှင့် ကသာကြားတွင်လည်း ထီးချိုင့်အချုပ်ထောင်ထဲက အချုပ် သား ၅၀ ကျော်ကို လူသားဒိုင်း သဖွယ်ပြုလုပ်ကာ ကသာအကျဥ်းထောင်အထိ တင်ဆောင်လာခဲ့ကြသည်။

ထို့အပြင် စစ်ကောင်စီတပ်က ဩဂုတ်လ ၇ ရက်နေ့၊ နံနက်ပိုင်း၌ ရွှေကူဆိပ်ကမ်းအဝင်တွင်လည်း စစ်သင်္ဘော ပေါ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ညအချိန်ထိ ရွှေကူအနောက်ဘက်ခြမ်းကို ဆက်တိုက် ပစ်ခတ်ခဲ့ သည်ဟု ဒေသခံများက ပြောသည်။

သို့သော် ထိုအနီးဝန်ကျင်ရှိ ကျေးရွာများက ပြည်သူများသည် သင်္ဘောမတက်လာမီ ၂ ရက်အလိုကတည်းက ကြိုတင် တိမ်းရှောင်ခဲ့ကြသောကြောင့် လူထိခိုက်မှု မရှိခဲ့ဘူးဟု ဆိုကြသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...