ဘီးလင်းတွင် ရေကြီးရေလျှံမှုကြောင့် ဒေသခံ ၁၀၀၀ ကျော် ပြောင်းရွှေ့ရ

ဘီးလင်းတွင် ရေကြီးရေလျှံမှုကြောင့် ဒေသခံ ၁၀၀၀ ကျော် ပြောင်းရွှေ့ရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် ရေကြီးရေလျှံမှုကြောင့် ဒေသခံ ၁၀၀၀ ကျော် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ထားရသည်ဟု မြို့ခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ဘီးလင်းမြို့နယ်အတွင်း သြဂုတ်လ ၃၁ ရက်နေ့ကစပြီး မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် သြ ဂုတ်လ ၂ ရက်နေ့တွင် ဘီးလင်းမြစ်ရေ စတင်မြင့်တက်လာခဲ့ပြီး စိုးရိမ်ရေအမှတ် (၁၀၂၂) စင်တီမီတာအထက် ပေဝက်ခန့် ကျော်လွန်ခဲ့သည်။

မြစ်ရေတိုးလာသည့်အတွက် ဘီးလင်းမြို့ပေါ်ရှိ ကန်သာယာ၊ ဆရာစံ၊ ဘိုးလှကြီး၊ ဘိုးရာဇာ အစရှိသည့် ရပ် ကွက် ၆ ခုနှင့် အလူးလေး၊ တောင်စွန်း၊ ရွှေလှေ၊ ဒေါက်ရပ်၊ နှင်းပုလဲ၊ ရန်ပြေ အစရှိသည့်ကျေးရွာတို့တွင် ရေကြီး ရေလျှံမှု ဖြစ်ပွားခဲ့သည်။

“ဘီးလင်း မြို့ပေါ်ရပ်ကွက်ကတော့ အကုန်လုံးနီးပါး ရေနစ်မြုပ်နေတာ။ ကယ်ဆယ်ရေးသမားတွေက လက် လှမ်းမှီ သလောက် ရပ်ကွက်အလိုက် နီးစပ်ရာကူညီမှုတွေ လုပ်ဆောင်နေကြတယ်။ ပြောင်းရွှေ့ရမယ့်လူတွေကို ပြောင်းရွှေ့ပေးနေတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြစ်ရေမြင့်တက်လာသည့်အတွက် ပြောၚ်းရွှေ့ရမည့် အိမ်ခြေအရေအတွက် တစ်ဖြည်းဖြည်းများလာနေကြောၚ်း၊ လက်ရှိ ဘီးလင်းမြို့ပေါ်ရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့တွင် ကယ်ဆယ်ရေးစခန်း ၁၀ ခုထက်မနည်း ဖွင့်လှစ်ထားသည်ဟု သိရသည်။

ဘိုးလှကြီးရပ်ကွက်မှ ကယ်ဆယ်ရေးသမားတစ်ဦးက “ရပ်ကွက်အနေနဲ့က ကယ်ဆယ်ရေးစခန်းဖွင့်ထားတယ်။ ကယ်ဆယ်ရေးစခန်းကတော့ ကျွန်တော်တို့ဆီမှာပဲ နှစ်ခု ဖွင့်ထားတယ်။ အိမ်ခြေကတော့ ၃၀ လောက်ရှိတယ်။ လူဦးရေကတော့ များတယ်” ဟု ပြောသည်။

အလားတူ ဘီးလင်းမြစ်အောက်ပိုင်းရှိ သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စုတွင်လည်း ဘီးလင်းမြစ်ရေတိုးလာသည့် အတွက် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး အနိမ့်ပိုင်း နေထိုင်သူများ ရွှေ့ပြောင်းနေရသည်ဟု လူမှုကူညီ ကယ် ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

ရေဘေးသင့်ပြည်သူများကို လူမှုကယ်ဆယ်ရေးအဖွဲ့၊ ပရဟိတအဖွဲ့နှင့် အလှူရှင်များက စားစရာများ၊ သောက်ရေများ လှူဒါန်းပေးနေပြီး စစ်ကောင်စီဘက်က ကူညီလုပ်ဆောင်ပေးခြင်းမျိုး မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ဘီးလင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၀၂၂ စင်တီမီတာရှိပြီး ဇူလိုင်လ ၄ ရက်နေ့ နံနက် ၆ နာရီခွဲ တိုင်းထွာ ချက်အရ ဘီးလင်းမြစ်ရေသည် ၁၀၄၃ စင်တီမီတာရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဘီးလင်းမြစ်ရေသည် ဇူလိုင်လ ၄ ရက်နေ့တွင် အနည်းငယ်ပြန်ကျသွားသော်လည်း စိုးရိမ်ရေ အမှတ် အထက် တွင် တည်ရှိနေဆဲဖြစ်သည်။

သြဂုတ်လ ၄ ရက်နေ့တွင်လည်း ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ကားလမ်းရေကျော်မှု ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ မွန်ပြည်နယ် တွင် နေရာကွက်၍ မိုးဆက်ကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မော်လမြိုင်၊ မုဒုံ၊ သံဖြူဇ ရပ်၊ ရေး၊ ကျိုက်မရော၊ ပေါင်မြို့နယ်တို့တွင် ရေကြီးရေလျှံမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ကလေးအပါအဝင် ၄ ဦး ရေ နစ်သေဆုံးခဲ့သည့်အပြင် တောင်ပြိုမှု၊ အုတ်တံတိုင်းပြိုကျမှုကြောင့် လူထိခိုက်မှုရှိခဲ့ရာ ထောင်နှင့်ချီသည့် ပြည်သူ များ ပြောင်းရွှေ့ရသည်လည်း ရှိခဲ့သည်။

Most read this week

December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...