မွန်မြို့နယ်အချို့တွင် ဒုတိယအကြိမ် ရေကြီးရေလျှံမှုဖြစ်

မွန်မြို့နယ်အချို့တွင် ဒုတိယအကြိမ် ရေကြီးရေလျှံမှုဖြစ်

မိုးသည်းထန်စွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် မွန်ပြည်နယ်၊ ရေး၊ သံဖြူဇရပ်၊ မုဒုံမြို့နယ်အတွင်း ဒုတိယအကြိမ် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင် ၂၈ ရက်နေ့ကတည်းက မိုးသည်းထန်စွာရွာသွန်းကာ တောင်ကျရေစီးဆင်းလာမှုကြောင့် ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းမှစကာ ရေးမြို့နယ်အတွင်းရှိ ဟံဂံ၊ ဒူယား အစရှိသည့်ကျေးရွာတို့နှင့် သံဖြူဇရပ်မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေခြင်း ဖြစ်သည်။

အလားတူ မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် မုဒုံ - သံဖြူဇရပ် ကားလမ်းပိုင်း နှီးပဒေါကျေးရွာနှင့် ရောင်းဒေါင်း ကျေးရွာကြားနှင့် ကွမ်းလှာကျေးရွာနှင့် ဖောင်စိန်ကြား ကားလမ်းရေကျော်မှုဖြစ်ပွားနေပြီး ဆိုင်ကယ်များ၊ ကား အသေးများ ဖြတ်သန်းသွား လာမရသည့် အခြေအနေရှိနေသည်ဟု ဒေသခံများက ပြောသည်။

ကားလမ်းရေကျော်မှု ဖြစ်ပွားနေသည့် နေရာတွင် လက်ရှိ ကားများ ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ ရနေ သေးသော်လည်း မိုးဆက်လက်ရွာသွန်းနေပါက ဖြတ်သန်းသွားလာရန် အဆင်မပြေနိုင်တော့ကြောင်းလည်း ဒေသခံများက ပြောသည်။

“မိုးဆက်ရွာမယ်နေမယ်ဆိုရင် ကားတွေ ဆိုင်ကယ်တွေ ဖြတ်သန်းလို့ အဆင်မြေတော့ဘူး။ ရေစီးကသန်နေတော့ အန္တရာယ်များတယ်” ဟု မုဒုံဒေသခံတစ်ဦးက ပြောသည်။

မုဒုံ-သံဖြူဇရပ်ကားလမ်းအား အသုံးပြုသွားလာကြမည့် ခရီးသွားများအနေဖြင့် ရေအခြေအနေအား စုံစမ်းပြီးမှ သွားလာကြရန်လည်း ဒေသခံများက ဆိုသည်။

ယမန်နေ့ညနေပိုင်းကလည်း သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်အချို့တို့တွင် လေပြင်းတိုက်ခတ်ပြီး နေအိမ်အမိုးများ လှန်ကုန်သည့်အပြင် သစ်ပင်ပြိုလဲမှုများလည်း ဖြစ်ပွားခဲ့သည်။

မွန်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးနိုင်ပြီး နောက်နှစ်ရက်အထိ မိုးပိုနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈၊ ၁၉ ရက်နေ့ကလည်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ပေါင်မြို့နယ်အတွင်းတို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့သေးသည်။

ရေကြီးရေလျှံမှုဖြစ်စဥ်အတွင်း ကလေးအပါအဝင် ၄ ဦး ရေနစ်သေဆုံးခဲ့သည့်အပြင် တောင်ပြိုမှု၊ အုတ်တံတိုင်း ပြိုကျမှုကြောင့် လူထိခိုက်မှုရှိခဲ့ပြီး ထောင်နှင့်ချီသည့်ပြည်သူတို့ ပြောင်းရွှေ့ရသည်လည်းရှိခဲ့သည်။

မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံတာ၊ တောင်ပြိုတာ၊ လေပြင်းတိုက်ခတ်မှုများ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု မိုးလေဝသပညာရှင်တို့က ခန့်မှန်းထားသည်။

Most read this week

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...