မိုင်းခွဲခံရသည့် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတား ပြင်ဆင်မှုပြီးစီး

မိုင်းခွဲခံရသည့် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတား ပြင်ဆင်မှုပြီးစီး

မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ် တံတား ပြင်ဆင်မှုပြီးစီးသွားပြီးဖြစ်ကြောင်း သထုံခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

ရန်ကုန် - မော်လမြိုင် ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားသည် ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ နံနက်အစောပိုင်းက မိုင်းဖောက်ခွဲခံရပြီး တံတားတစ်ခြမ်း ပြိုကျပျက်စီးသွားခဲ့သည်။

ထိုပြိုကျပျက်စီးသွားခဲ့သည့် တံတားဘက်ခြမ်းတွင် ယာယီဘေလီတံတား တည်ဆောက်ခဲ့ပြီး ဇူလိုင်လ ၂၅ ရက် နေ့က ဆောက်လုပ်ပြီးစီးသွားသည်ဟု သထုံခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သထုံခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက “ယာယီ ဘေလီတံတား ထိုးနေတဲ့အချိန်မှာ အနှောင့်အယှက်တွေ အမျိုးမျိုးရှိခဲ့ပေမယ့် အဆင်ပြေပြေနဲ့ ဆောင် ရွက်လို့ ပြီးသွားပါပြီ။ မော်တော်ယာဥ်တွေ စမ်းသပ်မောင်းနှင်ပြီး ရင် တံတားကို အသုံးပြုနိုင်ပြီ” ဟု ပြောသည်။

ထိုယာယီဘေလီတံတားထိုးရန် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မ တော် KNLA ပူးပေါင်းတပ်ဖွဲ့တို့က ၇ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုကြသည်။

သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ကျုံအိတ်တံတားကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဖောက်ခွဲဖျက်ဆီးခဲ့သည်။

တံတားမိုင်းဖောက်ခွဲခံရသည့်ဖြစ်စဥ်အတွင်း အိမ်စီးကား နှစ်စီး ပြိုကျသွားသည့်တံတားနှင့်အတူ ပါသွားပြီး ကားပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးကာ၊ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုဖောက်ခွဲခံထားရသည့် တံတားကို လာရောက်ကြည့်ရှုသည့် ဌာနဆိုင်ရာ တပ်ဖွဲ့များလည်း ဇွန်လ ၂၉ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်ခန့်က တိုက်ခိုက်ခံရပြီး သထုံခရိုင်လမ်းဦးစီးမှူး သေဆုံးကာ၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉ ဦး၊ ထွေ/အုပ်ဝန်ထမ်း ၂ ဦး၊ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးနှင့် ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီမှ ဝန်ထမ်း ၂ ဦး တို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

Most read this week

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...