ပဋိပက္ခကြောင့် မော်လမြိုင်မြို့ပေါ် ပြောင်းရွှေ့သူများလာ

ပဋိပက္ခကြောင့် မော်လမြိုင်မြို့ပေါ် ပြောင်းရွှေ့သူများလာ

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့အကြား စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာသည့်အတွက် ငွေကြေးတက်နိုင်သည့် ဒေသခံတို့က မော်လမြိုင်မြို့ပေါ်သို့ ပြောင်းရွှေ့လာနေကြသည်။

ရေးမြို့နယ်အတွင်း စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာပြီး ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ကလည်း နှစ်ကရင် ကျေးရွာ တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက် လေကြောင်း ဖြင့် တိုက်ခိုက်ခဲ့သည့်အတွင် ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ထိုသို့ စစ်ရေးပဋိပက္ခများ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာနေခြင်းကြောင့် လုံခြုံရေးနှင့် စီးပွားရေးအတွက် မော်လမြိုင်မြို့ပေါ်ကို ပြောင်းရွှေ့လာသည်ဟု ရေးမြို့နယ်မှ ပြောင်းရွှေ့လာသူတစ်ဦးက ပြောသည်။

“အခုဆိုရင် ရေးနဲ့ ဘီးလင်းဘက်ကနယ်မြေတွေက တော်လှန်းရေးနယ်မြေ ဖြစ်သွားပြီးလေ။ ၁၄၄ အမိန့်တွေ လည်း ထုတ်ထားတော့ ပဋိပက္ခတွေက ပိုဆိုးလာဖို့ပဲရှိတယ်။ အဲ့တော့ တတ်နိုင်တဲ့လူတွေက ရှောင်ကြတယ်။ စားဝတ်နေရေး စီးပွားရေး တည်ငြိမ်နေမှ လူတွေက နေလို့ အဆင်ပြေမှာလေ” ဟု ၎င်းက ပြောသည်။

မော်လမြိုင်မြို့ပေါ် ပြောင်းရွှေ့သူများလာသည့်အတွက် မော်လမြိုင်အိမ်ခြံမြေစျေးကွက် အရောင်းအဝယ် ထိုး တက်လာသည်ဟု အိမ်ခြံမြေအကျိုးဆောင်တို့ထံမှ သိရသည်။

“လတ်တလောမှာ ဖားအောက်ကျေးရွာဘက်၊ နောက် မြိုင်သာယာက်ရပ်ကွက်ဘက်နဲ့ မော်လမြိုင် အောက် လမ်း မကြီး တလျှောက်က အိမ်တွေ အရောင်းအဝယ်တွေ ဆက်တိုက်ဖြစ်နေတယ်။ အများအားဖြင့်က ရေးမြို့နယ် မော့ကနင်၊ လမိုင်းဘက်ကနဲ့ ရေးမြို့အောက်ပိုင်းက ကျေးရွာတွေက လာဝယ်ကြတာများတယ်” ဟု မော်လမြိုင် မြို့မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။

ပြောင်းရွှေ့နေထိုင်သူ များလာသည့်အတွက် မော်လမြိုင် အိမ်ခြံမြေစျေးနှုန်းလည်း မြင့်တက်လာသည်ဟု အိမ်ခြံ မြေ အကျိုးဆောင်များက ပြောသည်။

ထို့အပြင် မော်လမြိုင်မြို့ပေါ် ပြောင်းရွှေ့လာသူများသည့် အိမ်ငှားရမ်းပြီး နေထိုင်သည်လည်းရှိသည့်အတွင် အိမ် ငှားရမ်းစျေးလည်း မြင့်တက်လာသည်ဟု ဆိုသည်။

လက်ရှိတွင် မော်လမြိုင်မြို့နယ်အတွင်း ၄၀x၆၀ မြေတကွက်ကို အနိမ့်ဆုံး ကျပ်သိန်း ၅၀၀ အထက်ရှိနေပြီး လူ စည်ကားရာနေရာနှင့် လမ်းမတန်းလိုနေရာမျိုးတို့တွင် ၄၀x၆၀ မြေတကွက်ကို သိန်း ၁၀၀၀ ကျော်အထိ ပေါက်စျေးရှိနေသည်။

ပုံ-MUP
May 4, 2026
မွန်ဒေသခံပြည်သူများ၏ အသံကို မွန်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ မွန်ညီညွတ်ရေးပါတီ MUP...
May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...