ရေကြီးရေလျှံခဲ့သည့် မော်လမြိုင်မြို့ပေါ်က ရပ်ကွက်အချို့ ရေပြန်ကျ

ရေကြီးရေလျှံခဲ့သည့် မော်လမြိုင်မြို့ပေါ်က ရပ်ကွက်အချို့ ရေပြန်ကျ

ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် မော်လမြိုင်မြို့ပေါ်က ရပ်ကွက်အချို့တွင် ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်း က စတင်ပြီး ရေပြန်ကျနေပြီဟု ရပ်ကွက်နေပြည်သူများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

မိုးအဆက်မပြတ်သွန်းမှုကြောင့် ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းခန့်မှစကာ မော်လမြိုင်မြို့ပေါ်ရှိ စျေးကြိုရပ် ကွက်၊ မြိုင်သာယာရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်၊ ရွှေပြည်အေးရပ်ကွက်၊ လှိုင်ရပ်ကွက်၊ ရွှေပြည်စိုးရပ်ကွက်၊ ဒိုင်းဝန်ကွင်းရပ်ကွက်၊ ဇေယျာ ၁/၂/၃ အစရှိသည့် ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှု ဖြစ် ပွားခဲ့သည်။

“ဒီနေ့ (ဇူလိုင် ၂၀ ရက်) မနက်ပိုင်းက မိုးရွာသေးပေမယ့် မနက် ၁၀ နာရီလောက်ကျတော့ မိုးပြန်တိတ်သွားပြီး နေပြန်ပွင့်နေပါတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ရပ်ကွက်အချို့ ရေပြန်ကျသွားသော်လည်း အနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ ရေတင်ကျန်လျက်ရှိ နေ သေးကြောင်း လူမှုကူညီကယ်တယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

“လက်ရှိ တချို့နေရာတွေမှာ ရေလျော့ကျသွားပေမယ့် ဇေယျာမြိုင်၊ သီရိမြိုင်၊ သီရိမင်္ဂလာရပ်ကွက်နဲ့ လှိုင်ရပ် ကွက်ဘက်မှာ ရေကတင်ကျန်နေသေးတယ်လို့ သိရတယ်။ မိုးဆက်မရွာဘူးဆိုရင်တော့ အဲ့ဒီရပ်ကွက်တွေမှာ လည်း ရေပြန်ကျသွားနိုင်ပါတယ်” ဟု ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ပြောသည်။

ရေကြီးရေလျှံမှုကြောင့် မော်လမြိုင်မြို့ပေါ်က ရပ်ကွက်ပြည်သူ ၆၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရပြီး ယခု ရေပြန်ကျသွားသည့်အတွက် နေအိမ်ပြန်နေကြပြီးလို့လည်း ဆိုသည်။

ရေကြီးရေလျှံမှုကြောင့် မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက်က အသက်တစ်နှစ်ခွဲအရွယ် ကလေးတစ်ဦးအပါ အဝင် ကလေးသုံးဦး ရေနစ်သေဆုံးခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူမျာ၏ ပြောပြချက်အရ သိရသည်။

မွန်ပြည်နယ်အတွင်း ဇူလိုင်လ ၁၇ ရက်နေ့၊ ညနေပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ပေါင်၊ ကျိုက်မရော၊ ရေးမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်အပြင် ကားလမ်းရေကျော်မှုများလည်း ဖြစ်ပွားခဲ့သည်။

ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာတွင်လည်း ချောင်းထဲ ထင်းလိုက်ဆယ်သည့် အမျိုးသားတစ်ဦး ရေစီးဖြင့် မျောပါ ပျောက်ဆုံးခဲ့သေးသည်။

မွန်ပြည်နယ်အတွင်း မိုးအဆက်အပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုအပြင် တောင်ပြိုမှု၊ အုတ်တံတိုင်း ပြို ကျသည့် ဖြစ်စဥ်ဖြစ်ပွားနေပြီး လူထိခိုက်မှုလည်းရှိခဲ့သည်။

Most read this week

December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...