ပေါင်မြို့နယ်တွင် အမျိုးသားတစ်ဦး ရေစီးဖြင့် မျောပါ ပျောက်ဆုံး

ပေါင်မြို့နယ်တွင် အမျိုးသားတစ်ဦး ရေစီးဖြင့် မျောပါ ပျောက်ဆုံး

မွန်ပြည်နယ်၊ ပေါင်မြိုနယ်၊ ဥတ္တံတားကျေးရွာတွင် ချောင်းထဲ ထင်းလိုက်ဆယ်သည့် အမျိုးသားတစ်ဦး ရေစီးဖြင့် မျောပါ ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။

ဥတ္တံတားကျေးရွာ ကျောင်းပိုင်းနေသူ အသက် ၃၀ နှစ်အရွယ် ကိုဇော်လတ်ဆိုသူသည် ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ဥတ္တံတားကျေးရွာ တံတားအမှတ် ၃/၁၇၀ ချောင်းထဲ တွင် ထင်းများ လိုက်ဆယ်နေစဥ် ရေစီးနှင့် မျောပါ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ စီးဆင်းနေသည့် အဆိုပါချောင်းသည် ရေစီးသန်နေ ပြီး ရေထဲမျောပါသွားသူကို လူမှုကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်မှုများ လုပ်ခဲ့သော်လည်း မတွေ့ရှိခဲ့ ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ညနေကတည်းက မျောသွားတာကို လိုက်နေတာ မတွေ့သေးဘူး။ ရေစီးကလည်း ခုထိ မကျသေးဘူး။ ရေစီးသန်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင်လည်း ရှာဖွေကယ်ဆယ်မှုများ ဆက်လက် လုပ်ဆောင်နေကြောင်းလည်း ဒေသခံများက ပြောသည်။

အဆိုပါချောင်းသည် ထန်းပင်ချောင်ကြီးကျေးရွာ ဘိုင်လောင်းချောင်းမှ တဆင့် မုတ္တမ ပင်လယ်ကွေ့ထဲသို့ စီးဝင်ခဲ့သည် ဒေသခံများက ဆိုသည်။

ထို့အပြင် တောင်ပေါ်ချောင်းပိုင်းနေသူ အမျိုးသားတစ်ဦးလည်း ပျောက်ဆုံးနေပြီး ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေမှုနှင့် တောင်ကျရေများ စီးဆင်းလာမှုကြောင့်  ပေါင်မြို့နယ်အတွင်း နေရာအတော်များများ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်အပြင် ကားလမ်းရေကျော်မှုလည်း ဖြစ်ပွားနေသည်။

Most read this week

July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...
July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...