ကျိုက်ထိုမြို့နယ်တွင် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

ကျိုက်ထိုမြို့နယ်တွင် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝါးဒတ်ကွင်းကျေးရွာတွင် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး မိုင်းနင်း မိပြီး သေဆုံးသွားခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ဝါးဒတ်ကွင်းကျေးရွာနေ အသက် ၁၂ နှစ်အရွယ် မောင်အေးချမ်သခင်သည် နွားကျောင်းထွက်လာရင်း ကျိုက်ထို မြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ အရိုးအိုးလမ်းဆုံ၊ ဝါးဒတ်ကွင်းကျေးရွာနှင့် ကညင်အိုင်ကြားအရောက်တွင် မိုင်းနင်း မိပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

မိုင်းနင်းမိပေါက်ကွဲမှုကြောင့် မောင်အေးချမ်းသခင်သည် ယာဘက်ခြေထောက်နှင့် ယာဘက်ပေါင်တို့တွင် ပြင်း ထန်ဒဏ်ရာရရှိပြီး အခင်းဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦး က ပြောသည်။

“နွားကျောင်းထွက်လာရင်း နင်းမိတာ။ ကလေးက အဲနေရာမှာပဲ သေဆုံးသွားတယ်။ ဝါးဒတ်ကွင်း၊ သုံးခွ အဲ့ဘက် က ခဏခဏ မိုင်းနင်းမိတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။

အသက် ၁၂ နှစ်အရွယ် မောင်အေးချမ်သခင်သည် ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းက နွားကျောင်းထွက်ရင်း မိုင်း နင်းမိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

သေဆုံး ကလေးငယ်၏ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအသင်း အကူအညီဖြင့် သိမ်ဇရပ် တိုက်နယ်ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ရသည်။

စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု ပြင်းထန်နေသည့် သထုံခရိုင် အတွင်းက ကျိုက်ထို၊ ဘီးလင်း၊ သထုံတို့တွင် မိုင်းနင်းမိသည့် ဖြစ်စဥ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ ညက ဘီးလင်းမြို့နယ်၊ နတ်ကြီး-ရှမ်းစုကျေးရွာအနီး နတ်ကြီး-ဘင်ဘန်းသွား ကားလမ်းတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် မြေမြုပ် မိုင်း နင်းမိသည့်ဖြစ် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မြေမြုပ်မိုင်းနင်းမိမှုကြောင်း အရပ်သား သေဆုံးမှုရှိခဲ့သည့်အပြင် ခြေထောက် ဖြတ်တောက်ခံခဲ့ရသူလည်း ရှိခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

Most read this week

July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...
July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...