စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နမ့်ဖတ်ကာ ဒေသခံကချင်အမျိုးသမီးတစ်ဦး ထိခိုက်

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နမ့်ဖတ်ကာ ဒေသခံကချင်အမျိုးသမီးတစ်ဦး ထိခိုက်

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကောင်စီ ခလရ ၁၂၃ တပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နမ့်ဖတ်ကာအရှေ့ဘက် နားဖိုင်ကျေး ရွာမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

“တိုက်ပွဲမဖြစ်လဲ နမ့်ဖတ်ကာ စစ်တပ်က ပုံမှန်လက်နက်ကြီး ရမ်းသမ်းပစ်နေကျ ဟုတ်တယ်။ ပြီးခဲ့တဲ့ရက် ကတည်းက သူတို့ချည်း တစ်ဖတ်သက် လက်နက်ကြီးပစ်နေတာ။ မနေ့ညတော့ နားဖိုင်ရွာက ရွာသား အမျိုး သမီးတစ်ဦး ထိခိုက်ဒဏ်ရာရပြီး ဆေးကုနေတယ်” လို့ နမ်ဖတ်ကာ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဇူလိုင်လ ၉ ရက်နေ့၊ ည ၇ နာရီလောက်က နမ့်ဖက်ကာရှိ စစ်ကောင်စီလက်အောက်အခံ ခလရ ၁၂၃ တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိသွားတဲ့ ကလေး ၁ ယောက်မိခင်၊ အသက် ၂၃ နှစ်အရွယ် ဒေါ် ခန်းဒါဘောက်ဆန်မိုင် ကို လက်ရှိ ဒီမာကျေးရွာမှာ ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။

အခုလို စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ လုပ်နေတဲ့အပြင် နမ့်ဖတ်ကာကျေးရွာ ဒေသခံတွေ အနေနဲ့ နမ်မောပါ (Nammaw Pa) ဘက်ကို လယ်ခင်း၊ ယာခင်း၊ ခြံအလုပ် သွားလုပ်မယ်ဆိုရင် ညနေ ၆ နာရီခွဲ နောက်ပိုင်း သွားလာလှုပ်ရှားတာမျိုး မလုပ်ကြဖို့ သတိပေးစာ ထုတ်ပြန်ထားပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက စတင်ပြီးတော့ စစ်ကောင်စီတပ်တွေဟာ လားရှိုးကနေ မူဆယ် ဘက်ကို စစ်ရေးလှုပ်ရှားလာတယ်လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

“အောက်ဘက်ကနေ စစ်ကြောင်းက ဒီအထက်ဘက်ကို ပုံမှန်ထိုးစစ်ဆင် လှုပ်ရှာနေတာတွေ့ရတယ်။ လားရှိုး မြောက်ပိုင်းတိုင်းကနေ လောက်ကိုင်ဘက် တက်သူကတက်၊ ကွတ်ခိုင်-မူဆယ်ဘက် တက်သူကတက်။ သူတို့ရဲ့ လှုပ်ရှားပုံ အခြေအနေကို ကြည့်ရရင် SSPP၊ KIA၊ MNDAA ဒီဟာတွေကို အဓိကထား တိုက်ခိုက်နေတာ တွေ့ရ တယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ကလည်း သိန္နီကနေ ကွတ်ခိုင်ဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီတပ်မ ၉၉ စစ်ကြောင်းကို KIA က မန်ပိန်းကျေးရွာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...