ရေပူကျောင်း ဆရာတော်ကို လူဝတ်လဲ ဖမ်းဆီးခဲ့သူများအား သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲမည်

ရေပူကျောင်း ဆရာတော်ကို လူဝတ်လဲ ဖမ်းဆီးခဲ့သူများအား သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲမည်
by -
မဇ္ဈိမ
မိုးကုတ်မြို့ ရေပူကျောင်းဆရာတော် ဦးဣိန္ဒအား  လူဝတ်လဲ ဖမ်းဆီးခဲ့သူများအား သာသနာညှိုးနွမ်းမှုဖြင့် ဇူလိုင်လ အကုန်တွင် တရားစွဲဆိုသွားမည်ဟု ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း (မိုးကုတ်)မှ ကိုစိုးဌေးက ပြောသည်။

ကိုစိုးဌေးက  “ကျွန်တော်တို့ သာသနာညှိုးနွမ်းမှုနဲ့ တရားပြန်စွဲဖို့လုပ်နေတယ်။ အဓိက ကမိုးကုတ်မြို့ကျောက်မျက်ရောင်းဝယ်ရေး ဌာန ကိုစွဲမယ်။ တစ်ဆက်တည်း ဖမ်းဆီးခဲ့တဲ့ သူတွေကိုလည်း တရားစွဲ သွားမယ်။တစ်မြို့လုံးက စွဲမှာပါ။ “ပြောသည်။

မိုးကုတ်​မြို့ ​ရေပူ​ကျောင်​းဆရာ​တော်​ ဦးဣိန္ဒအား တရားမဝင် ကျောက်မျက်တူးဖော်မှုနှင့် စွပ်စွဲကာ ဇွန်​လ ၉ ရက်​​ ည ၁၀ နာရီခန်​့က လူဝတ်​လဲဖမ်​းဆီးခဲ့ခြင်းဖြစ်သည်။

ကိုစိုးဌေး က  “မတရားဖမ်းဆီးခံနေရတဲ့အတွက် ဆရာတော်အမြန်ဆုံးပြန်လွတ်ဖို့နဲ့ တရားပြန်စွဲဖို့အတွက်ကို လာမယ့် ဆရာတော် ရုံးချိန်းမတိုင်ခင် တစ်မြို့လုံးအစည်းအဝေးလုပ်ပြီး ဆုံးဖြတ်မှာပါ။ ဘယ်နေ့လုပ်မယ် ဆိုတာတော့ ရက်မသတ်မှတ် ရသေးဘူ။  “ဟု ပြောသည်။

ဆရာတော်အား  ဇူလိုင်  ၁၇ ရက်တွင် တတိယ ရုံးချိန်းအဖြစ် ပြင်ဦးလွင်ခရိုင်တရားရုံးတွင် စစ်ဆေးသွားမည် ဖြစ်ပြီး ထိုရုံးချိန်း မတိုင်ခင် တရားစွဲဆိုသွားနိုင်ရန် ဆောင်ရွက်သွားမည်ဟု ကိုစိုးဌေး က ဆိုသည်။

ရေပူကျောင်း ဆရာတော်၏ ဒကာရင်းဖြစ်သူ ဦးကြည်ဝင်းကလည်း  “ပြန်လည်တရားစွဲဆိုနိုင်ဖို့ မြို့လုံးကျွတ် အစည်းအဝေး လုပ်ပြီး ဆုံးဖြတ်မှာပါ။ တစ်မြို့လုံးရဲ့ ဆန္ဒအတိုင်းဆောင်ရွက်သွားကြမှာပါ။ ဆရာတော် ဘာ ပြစ်မှု မှကျူးလွန်ထားတာမရှိဘူး။ သက်သက်မဲ့ အမှုဆင်ပြီး ဖမ်းကြတာပါ။ ဒါကို တစ်မြို့လုံးက မခံနိုင်တာပါ။ “ဟုပြောသည်။

ပြန်လည်တရားစွဲဆိုနိုင်ရန်အတွက် အထက်မြန်မာပြည် ရှေ့နေများကွန်ယက်မှ ကူညီသွားမည် ဖြစ်ပြီး လက်ရှိဆရာတော်၏ အမှုကိုလည်း လိုက်ပါဆောင်ရွက်ပေးလျှက်ရှိသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး ကဆိုသည်။

ရေပူဆရာ​တော်​အား တရားမဝင်​​ကျောက်​မျက်​တူး​ဖော်​မှုသည်​့အတွက်​ ပုဒ်​မ ၁၄ (က) (ခ) နဲ့ လူဝတ်​လဲ၍ မိုးကုတ်​မြို့မရဲစခန်​း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရေပူဆရာတော်သည် မိုးကုတ်​မြို့တွင်​ ၂၀၀၇ ​ရွှေဝါ​ရောင်​ သံဃာ့လှုပ်​ရှားမှုအား ဦး​ဆောင်​လှုပ်​ရှားခဲ့သည်​့အပြင်​ မိုးကုတ်မြို့၏ အထင်ကရ မိုးကုတ်အင်း  ပြန်လည်တူးဖေါ်သန့်ရှင်းစေရန်နှင့် အဆိုပါအင်းအတွင်း အဆောက် အဦးများ တည်ဆောက်နေမှု များအား ဦး​ဆောင်​ကန်​့ကွက်​ခဲ့သည်​။

ဆရာ​တော်​ ပြန်​လည်​လွတ်​​မြောက်​​ရေးအတွက်​ မိုးကုတ်​မြို့ ​ဒေသခံ ၅၀၀၀ ခန်​့က ဇွန် ၁၁ရက်တွင် ဆု​တောင်းပွဲ ကျင်​းပခဲ့​ကြသေးသည်​။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...