ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မန်းဂျော်နီနှင့် အဖွဲ့ ရခိုင်ပြည်နယ်သို့ရောက်ရှိ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မန်းဂျော်နီနှင့် အဖွဲ့ ရခိုင်ပြည်နယ်သို့ရောက်ရှိ
by -
နိရဥ္စရာ
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မန်းဂျော်နီ၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်တို့ ဦးဆောင်သည့် အဖွဲ့သည် ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာသည်။

ယခုရောက်ရှိလာသည့် ခရီးစဉ်သည် ရခိုင်ပြည်နယ်မောင်တောဒေသအတွင်း လိုအပ်သည်များကို ၀ိုင်းဝန်း ကူညီရန်နှင့် နယ်မြေဒေသ အခြေအနေကို သိရှိလိုသည့် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်ဌေးက ပြောသည်။

“ရခိုင်ပြည်နယ် မောင်တောဒေသမှာ တည်ငြိမ်အေးချမ်းရေးကို အဓိကပေါ့နော်။ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ ဘယ်လိုကူညီနိုင်မလဲ၊ လိုအပ်တဲ့ အခြေအနေ တွေကို ဘယ်လို ပူပေါင်းဆောင်ရွက်နိုင်မလဲ ဆိုတာမျိုးနဲ့ ရခိုင်ကို လာတာပါ ” ဟု ဝန်ကြီး ဦးဝင်ဌေးက ပြောသည်။

ယခုခရီးစဉ်တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် လွှတ်တော် ဥက္ကဋ္ဌ၊ စီမံဘဏ္ဍာဝန်ကြီး၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတို့အပါအဝင် အစိုးရအဖွဲ့ ၅ ဦးလည်း အတူလိုက်ပါလာကြောင်း သိရသည်။

ယခုခရီးစဉ်နှင့်ပတ်သက်၍ အသေးစိတ် အစီအစဉ်များကို လောလောဆယ် မပြောပြနိုင်သေးကြောင်း တာဝန်ရှိသူက ပြောသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...