စစ်တွေဗုံးပေါက်ကွဲမှုနှင့် ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံခဲ့ရသည့် ကိုအေးဝင်း ချုပ်ရက်စေ့၍ လွတ်မြောက်လာ

စစ်တွေဗုံးပေါက်ကွဲမှုနှင့် ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံခဲ့ရသည့် ကိုအေးဝင်း ချုပ်ရက်စေ့၍ လွတ်မြောက်လာ

၂၀၁၈ ခုနှစ်က ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံခဲ့ရ သည့် စစ်တွေဒေသခံ ကိုအေးဝင်းမှာ စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည်။

ကိုအေးဝင်းမှာ နိုင်ငံတော်ကလွှတ်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်များတွင် လျော့ပေါ့ပြစ်ဒဏ် ၃ ကြိမ် ရရှိခဲ့ပြီး ချုပ်ရက်စေ့ကာ လွတ်မြောက်လာခြင်းဖြစ်သည်။

ဦးမောင်အေးဝင်းက “ကျနော်က လွတ်ရက်ပြည့်လို့ နိုင်ငံတော်က လွှတ်ပေးလိုက်တာပါ။ လာပြီးကြိုဆိုကြတဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေကိုလည်း ပျော်ပျော်ရွှင်ရွှင်မြင်တွေ့ရတော့ ထောင်ကလွတ်လာတဲ့ လူတစ်ယောက် အနေနဲ့တော့ အတိုင်းမသိ ဝမ်းသာမိပါတယ်”ဟု DMG ကို ပြောသည်။

ဇွန် ၂၈ ရက်နေ့၊ နံနက်ပိုင်းက လွတ်မြောက်လာသည့် ဦးအေးဝင်းကို ဆွေမျိုးများနှင့် တက်ကြွလှုပ်ရှားသူအချို့က စစ်တွေအကျဉ်းထောင်ရှေ့မှ သွားရောက်ကြိုဆိုခဲ့ကြသည်။

သွားရောက်ကြိုဆိုခဲ့သူ ဦးအောင်သန်းဝေက “ဦးအေးဝင်း လွတ်မြောက်လာတာ တစ်ခုတည်း မဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့ စွပ်စွဲခံရတဲ့ ပြစ်မှုတွေနဲ့ ကျနေတဲ့သူ အကုန်လုံးကို လွတ်မြောက်စေချင်ပါတယ်။ ဦးအေးဝင်း လွတ်မြောက်လာတဲ့ အပေါ်မှာလည်း မိတ်ဆွေတစ်ယောက်အနေနဲ့ ဝမ်းမြောက်မိပါတယ်”ဟု ပြောသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့က စစ်တွေမြို့ရှိ ပြည်နယ်အတွင်းရေးမှူး နေအိမ်အနီး၊ စစ်တွေခရိုင် တရား ရုံးအနီး၊ ပြည်နယ်မြေစာရင်းရုံးအနီး စုစုပေါင်းနေရာ ၃ ခုတွင် မိုင်းလေးလုံး ပေါက်ကွဲခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ကိုအေးဝင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ - ၅၀ က၊ဈ တို့နှင့် အမှု သုံးမှုစွဲဆိုကာ ၂၀၁၈ ခု နိုဝင်ဘာ ၁၆ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးမှ တစ်မှုကို ထောင်ဒဏ် ၁၀ နှစ်စီဖြင့် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့သည်။

အဆိုပါအမှုများကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်းနှင့် သံသယဖြင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ကိုအေးဝင်း က ပြောဆိုထားသည်။

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...
September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...
ဓာတ်ပုံ - (DMG / သရုပ်ပြပုံ။)
September 15, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှု...
စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...