ချယ်ရီအပင်များစိုက်ပျိုးမည့်နေ့ရက်ကို ၀န်ကြီးက “ လာမယ့် မိုးတွင်းကနေစမယ် “ ဟု ဆိုသည်။
ချင်းပြည်နယ်အစိုးရသည် ချင်းပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများဖွံဖြိုးတိုးတတ်စေရန် အရေးပေးလုပ်ဆောင်နေပြီး ခရီးသွားလုပ်ငန်း ဖွံဖြိုးစေရန်ရည်ရွယ်ကာ ကန်ပက်လက် မြို့တွင် ချယ်ရီပန်းပင်ပေါင်း တစ်သောင်း (၁၀၀,၀၀) စိုက်ပျိုးမည်ဖြစ်သည်။
ကန်ပက်လက်မြို့သည် မြန်မာ့ယဉ်ကျေးမှုနယ်မြေဖြစ်သည့် ပုဂံမှ သွားပါက ၄ နာရီခန့်သာ ကားစီးရသောနေရာလည်းဖြစ်သည်။
အဆိုပါ ချယ်ရီမြို့တော်အဖြစ်ဖန်တီးခြင်းကို ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာရေးအဖွဲ့၊ ကန်ပက်လက်မြို့အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်း များနှင့် မြို့နယ်ဒေသခံများဆွေးနွေးညှိနှိုင်း၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်းသိရသည်။







