ကုန်ပစ္စည်းဝယ်ယူမှု ကန့်သတ်ထား၍ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ကျဆင်းလာ

ကုန်ပစ္စည်းဝယ်ယူမှု ကန့်သတ်ထား၍ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ကျဆင်းလာ

ရခိုင်ပြည်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပုံမှန်တင်ပို့နေသည့် ကုန်ပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝယ်ယူမှုကန့်သတ်လိုက်သဖြင့် နယ်စပ်ကုန်သွယ်မှုပမာဏ ကျဆင်းနေကြောင်း ကုန်သွယ်ရေးစခန်း တာဝန်ရှိ သူများထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်၊ ကြက်သွန်၊ ကွမ်းသီး၊ အုန်းသီး၊ ငရုတ်၊ ဂျင်း၊ ငါး၊ ပုစွန်၊ ကဏန်း စသည့် ကုန်ပစ္စည်း များကို တင်ပို့နေရာမှ လက်ရှိတွင် ကြက်သွန်ဖြူနှင့် ဂျင်း နှစ်မျိုးတည်းကိုသာ တင်ပို့ရန် ကန့်သတ်လိုက်၍ ကုန်သွယ်မှု ကျဆင်းလာနေခြင်းဖြစ်သည်။

မောင်တောမြို့နယ်၊ ကညင်ချောင်းနယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ရှိသူ ဦးအောင်မြင့်သိန်းက “ဒီဘက်က ယူ သွားတဲ့ ကွမ်းသီးတို့ကို အဲဒီဘက်ရောက်ပြီးမှ ကားပေါ်ကို တင်ခွင့်မရှိဘူး။ အခုထိ အဲဒီဘက်မှာ ကွမ်းသီးတွေကို စုပုံပြီးထားရတယ်။ ဒါက အမြဲတမ်းဖြစ်လာမလား၊ အရင်လို ပုံမှန်တင်ပို့ရမလားဆိုတာကို မသိသေးဘူး။ အခုဆို ရင် ကုန်ပစ္စည်းနှစ်မျိုးတည်း တင်ပို့ရတယ်” ဟု ပြောသည်။

ကြက်သွန်ဖြူနှင့် ဂျင်း နှစ်မျိုးတည်းသာတင်ပို့ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယခုလမှစတင် ကန့်သတ်ထားခြင်း ဖြစ် ပြီး ဆက်လက် ကန့်သတ်ထားမည်ဆိုပါက နယ်စပ်ကုန်သွယ်မှုပမာဏမှာလည်း ဆက်လက်ကျဆင်းနေမည် ဖြစ် ကြောင်း သူက ပြောသည်။

ဇွန်လအတွင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့ရန် ပို့ကုန် ဒေါ်လာ တစ်သန်း၊ သွင်းကုန်ဒေါ်လာ ၀ ဒဿမ ၀၃ သန်းနှင့် ကုန်သွယ်မှုပမာဏ ဒေါ်လာမှာ ၁ ဒဿမ ၀၃ သန်းအထိ လုပ်ဆောင်နိုင်ရန် လျာထားခဲ့သည်။

သို့သော် ဇွန်လ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်ဒေါ်လာ ၀ ဒဿမ ၃၆၈ သန်း၊ သွင်းကုန်ဒေါ်လာ ၀ ဒဿမ ၀၁ သန်း၊ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၀ ဒဿမ ၃၇၈ သန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် ၃၇ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခဲ့သည်ဟု ဇွန်လ ၂၇ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတင်အောင်ဦးက “အခုက အကန့်အသတ်နဲ့သွားနေရတယ်။ တစ်ဘက်နိုင်ငံက တင်သွင်းခွင့်ပြုတဲ့ ကုန်ပစ္စည်းကိုပဲ ရွေးချယ်ပြီးမှာယူတဲ့ အနေအထားဖြစ်နေတော့ ကုန်သွယ်မှုက တိုးသင့်သလောက်မတိုးဘူး” ဟု ပြောသည်။

ကုန်ပစ္စည်းတင်ပို့မှုများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကန့်သတ်မှုများရှိလာသည့်အတွက် ပြည်တွင်းက ကုန်သည်များ မှာ နစ်နာမှုများရှိနေကြသည်။

ယခင်က ဒေသထွက်အုန်းသီးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရာတွင် အုန်းသီးတစ်လုံးကို ငွေကျပ် ၁,၀၀၀ ခန့် ရရှိခဲ့သည်။ လက်ရှိတွင် တစ်ဖက်နိုင်ငံမှ အုန်သီးတင်သွင်းခွင့်ကို ကန့်သတ်ထား၍ အုန်းသီးများကို ပြည်တွင်း တွင် တစ်လုံး ၅၀၀ ကျပ်ခန့်ဖြင့် ရောင်းချနေရသည်ဟု မာန်အောင်မြို့မှ အုန်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးထွန်းဝင်းက ပြောသည်။

“အုန်းသီးက အရင်လို ဈေးမကောင်းတော့ဘူး။ အရင်က ဘင်္ဂလားဒေ့ရှ်ဘက်ကို နယ်စပ်ကုန်သွယ်ရေးကတဆင့် ပို့ကြတာ။ အခု မပို့ရတာ တစ်လလောက်ရှိပြီ။ အဲဒါကြောင့် မာန်အောင်ဘက်က အုန်းသီးတွေကို ရန်ကုန်ဘက်သို့ ဈေးလျော့ပြီး တင်ပို့နေရတယ်” ဟု သူက ပြောသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်းနှင့် စိုက်ပျိုးရေးသီးနှံများကို ရခိုင်ပြည်ရှိ မောင်တောနှင့် စစ် တွေ နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် တင်ပို့နေခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်ဘက်မှ သွပ်၊ သံထည် စသည့် ဆောက်လုပ်ရေးပစ္စည်းများကိုလည်း မြန်မာဘက်သို့ တင်သွင်းလျှက်ရှိသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...