ALP ဖမ်းဆီးထားသည့် စစ်တွေဒေသခံနှစ်ဦးနှင့် အဆက်အသွယ်မရသေးဟု မိသားစုဝင်များပြော

ALP ဖမ်းဆီးထားသည့် စစ်တွေဒေသခံနှစ်ဦးနှင့် အဆက်အသွယ်မရသေးဟု မိသားစုဝင်များပြော
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က တွေ့ရသော စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် တစ်နေရာ။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က တွေ့ရသော စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် တစ်နေရာ။

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ အမျိုးသားနှစ်ဦးကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ဖမ်းဆီးထား သည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သော်လည်း တစ်စုံတစ်ရာ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ အသက် (၂၆) အရွယ် ကိုကျော်နိုင်စိုးနှင့် အသက် (၃၀) အရွယ် ကိုကျော်စိုး တို့ဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ ဇွန်လ ၁၇ ရက်နေ့ ည ၁၁ နာရီအချိန် မိမိနေအိမ်အတွင်း၌ရှိနေစဉ် အရပ်ဝတ်နှင့် လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသည့် ALP တပ်ဖွဲ့ဝင် ၁၀ ခန့်က လာရောက်ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များက ပြောသည်။

ကိုကျော်နိုင်စိုး မိသားစုနှင့် နီးစပ်သူတစ်ဦးက “ဘာကြောင့် ဖမ်းတယ်ဆိုတာကိုလည်း မပြောဘူး။ အကြောင်းရှိ လို့ ဖမ်းတယ်လို့ပဲ ပြောသွားပါတယ်။ အိမ်ရှေ့မှာ ပြားပြားဝပ်ခိုင်းသေးတယ်။ သေနတ်ဘောင်နဲ့လည်း ရိုက် တယ်” ဟု ပြောသည်။

ကိုကျော်နိုင်စိုးမှာ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာဇာတိဖြစ်ပြီး စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် ပြောင်း ရွှေ့နေထိုင်နေသည်မှာ ၃ လကျော်ရှိပြီဖြစ်ကာ သစ်ထမ်းသောအလုပ်ကို လုပ်ကိုင်စားသောက်နေခြင်းဟု မိသားစု ဝင်များက ပြောသည်။

အလားတူ ကိုကျော်စိုးမှာလည်း ဇွန်လ ၁၇ ရက်နေ့က ညဉ့်အချိန် မိမိနေအိမ်အတွင်းရှိနေစဉ် ALP တပ်ဖွဲ့ဝင်များ က အကြောင်းပြချက်မရှိဘဲ ဝင်ရောက်ဖမ်းဆီးသွားကြောင်း သိရသည်။ အမျိုးသားဖြစ်သူအား ဖမ်းဆီးမှုအပေါ် လိုက်လံတားဆီးခဲ့သည့်အတွက် ရိုက်နှက်၊ခြိမ်းခြောက်ခံခဲ့ရသည်ဟု ကိုကျော်စိုး၏ဇနီးက ပြောသည်။

ကိုကျော်စိုး၏ဇနီး ဒေါ်မိုးခိုင်က “ခြံဝင်းထဲကို ဝင်မရတော့ တံခါးကိုဖျက်ပြီး ဝင်လာကြတယ်။ ‘ကျမယောက် ကျားမှာ ဘာအပြစ်ရှိလို့လဲ’ မေးတော့ ‘နင်စကားမများနဲ့’ ဆိုပြီး  ကျမပါးကို တစ်ချက်ရိုက်တယ်။ ကျမ ယောက် ကျားကိုလည်း ကျမရှေ့မှာ သေနတ်နဲ့ထုထောင်းတယ်။ ပြီးရင် သူ့ကို လက်ထိပ်ခတ်ပြီး ဆွဲခေါ်သွားတယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသည့် ကိုကျော်စိုးမှာ စစ်တွေမြို့တွင်း ဘေးတွဲဆိုင်ကယ်မောင်းနှင်ကာ လုပ်ကိုင်စားသောက်နေ သူ ဖြစ်ပြီး မည့်သည့်အဖွဲ့အစည်းနှင့်မျှ ဆက်စပ်မှုမရှိကြောင်း ဇနီးဖြစ်သူက ပြောသည်။

စက်ရုံစုရပ်ကွက်မှ ဒေသခံနှစ်ဦးကို ALP က ဖမ်းဆီးထားသည်ဆိုသည့် မိသားစုဝင်များ၏ ပြောဆိုချက်နှင့် ပတ်သက်၍ ALP ခေါင်းဆောင် စောမြရာဇာလင်းကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

စောမြရာဇာလင်း ဦးဆောင်သော ALP အဖွဲ့သည် စစ်တွေမြို့၊ အေးသာယာလမ်း၊ စက်ရုံစုရပ်ကွက်တွင် ရုံးစိုက် ထားသည်။ ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ကလည်း စစ်တွေမြို့ မောလိပ် အထက(ခွဲ) တွင် ပညာသင်ယူနေသော Grade – 11 ကျောင်းသားတစ်ဦးကို ALP က ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး ၁၈ ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ သည်။

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...
September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...
ဓာတ်ပုံ - (DMG / သရုပ်ပြပုံ။)
September 15, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှု...
စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...