ပြည်ခိုင်ဖြိုး အမတ်များနှင့် ပါတီဝင်များ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတွင် ပါ၀င်ရန် ဦးရွှေမန်းတိုက်တွန်း

ပြည်ခိုင်ဖြိုး အမတ်များနှင့် ပါတီဝင်များ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတွင် ပါ၀င်ရန် ဦးရွှေမန်းတိုက်တွန်း
by -
မဇ္ဈိမ
ပဲခူးတိုင်းဒေသကြီးတွင်  ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တောင်သူ လယ်သမားရေးရာ လူထုတွေ့ဆုံပွဲကို တက်ရောက်လာသည့် ပါတီ ဥက္ကဌ သူရဦးရွှေမန်း။ (ဓာတ်ပုံ - မဇ္စျိမ )
ပဲခူးတိုင်းဒေသကြီးတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တောင်သူ လယ်သမားရေးရာ လူထုတွေ့ဆုံပွဲကို တက်ရောက်လာသည့် ပါတီ ဥက္ကဌ သူရဦးရွှေမန်း။ (ဓာတ်ပုံ - မဇ္စျိမ )
 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေး ပါတီဝင် အမတ်လောင်းများ၊ အမတ်များနှင့် ပါတီဝင်များ အနေဖြင့်  ဖက်ဒရယ် ဒီမိုကရေစီ  ပြည်ထောင်စု တည်ဆောက်ရေးတွင် ပါ၀င်ကြရန် ဦးရွှေမန်းက ၄င်း၏ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် ဇူလိုင် ၁၁ရက်တွင် တိုက်တွန်းလိုက်သည်။

၄င်း၏ တိုက်တွန်း ထုတ်ပြန်ချက်တွင်  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန်သည့် ရွေးကောက်ပွဲ ရက်ကို ကြိုဆိုကာ၊ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများက သန့်ရှင်းမျှတစွာ ဥပဒေများ၊ ကျင့်ဝတ်စည်းကမ်း များနှင့်အညီယှဉ်ပြိုင် ကြရန်လည်း ဦးရွှေမန်းက ရေးသားထားသည်။  

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းသည် ဇူလိုင် ၁၁ ရက်က နေပြည် တော်ရှိ ပါတီ ရုံးချုပ်တွင် ပါတီ ဗဟိုကော်မတီဝင်များ၊ ပါတီ အလုပ်အမှုဆောင်များ၊ ခရိုင်မြို့နယ် ပါတီ အတွင်းရေးမှုးများနှင့် တွေ့ဆုံခဲ့ပြီး ယင်းတို့ကို ပြောကြား ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ပြည်ခိုင်ဖြိုးမှ ရွေးကောက်မည့်အမတ်လောင်းများကိုလည်း တည်ကြည် ဖြောင့်မတ်ပြီး နိုင်ငံသား အကျိုး စီးပွားဖော်ဆောင် ရွက်လိုသူများကိုသာရွေးချယ်တာဝန်ပေးအပ်သွားမည်ဟုလည်း ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီက ၂၀၁၅ခုနှစ်ရွေးကောက်ပွဲ၏ မဲဆန္ဒနယ်အားလုံးကိုဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ပြည်ခိုင်ဖြိုး အမတ်လောင်း များကိုလည်း  ဦးရွှေမန်းက အမတ်လောင်းစိစစ်ရေးအဖွဲ့များကို ကိုယ်တိုင် ဦးဆောင်ကာရွေးချယ် ခြင်းဖြစ်သည်။

ဦးရွှေမန်းသည် စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်တစ်ဦးမှ အရပ်ဖက်ပြောင်းလာသူများထဲတွင် ပထမဆုံး လူမှုကွန်ယက်ကို အသုံးပြုသူတစ်ဦးလည်းဖြစ်သည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ရက်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ထားပြီး ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်ခိုင်ဖြိုးဥက္ကဌ ဦးရွှေမန်းကမူ ဇာတိမြေ ကညွှတ်ကွင်း ပါ၀င်သည့် ဖြူးနှင့် ယခင်မဲဆန္ဒ နယ်ဟောင်း ဇေယျာသီရိမှ ၀င်ရန် ပြင်ဆင်နေသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...