အစိုးရ တပ်မတော်နှင့် ရခိုင်တပ်မတော် တိုက်ပွဲများကြောင့် ချင်းစစ်ရှောင်ဒုက္ခသည်များ အကူညီ လိုအပ်ဟုဆို

အစိုးရ တပ်မတော်နှင့် ရခိုင်တပ်မတော် တိုက်ပွဲများကြောင့် ချင်းစစ်ရှောင်ဒုက္ခသည်များ အကူညီ လိုအပ်ဟုဆို
by -
မဇ္ဈိမ
 မြန်မာတပ်မတော်နှင့် ရခိုက္ခိုင့်တပ်မတော် ( AA ) တို့၏ တိုက်ပွဲများကြောင့် နေအိမ်များစွန့်ခွာခဲ့ရသည့် ချင်းပြည်နယ် ပလက်ဝမှ ဒုက္ခသည်များအတွက် အကူအညီများလိုအပ် လျှက်ရှိသည်ဟု ချင်းလူ့ အခွင့်ရေးအဖွဲ့က  ဇူလိုင် ၁၀ ရက် က သတင်းထုတ်ပြန်သည်။

 မတ်လ အတွင်းက ဖြစ်ပွားခဲ့သော အစိုးရနှင့် AA တို့၏ တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ် အတွင်းရှိ ဘင်္ဂလားဒေ့ရှ် အနီးရှိ ခူမီးချင်းတိုင်းရင်းသားများနေထိုင်သည့် နယ်စပ်အနီးပျဉ်စို ရွာတွင် တိုက်ပွဲများဖြစ်ပေါ်ခဲ့ သဖြင့်နေအိမ်စွန်ခွာ ထွက်ပြေးခဲ့ရခြင်းဖြစ် သည် ဟုဆိုသည်။

အဆိုပါ ထုတ်ပြန်ချက်တွင်  "ဒုက္ခသည် ၃၅၀ ကျော်သည် ပလက်ဝမြို့နယ် လောင်တင်ရွာတွင် ခိုလှုံနေကြပြီး လူသားချင်းစာနာမှု အထောက်အပံ့များ အရေးတကြီးလိုအပ်လျှက်ရှိသည် ။တစ်လ လုံးစာအတွက် အစားအသောက် လုံလောက်စွာမရှိတော့ဘဲ မုတ် သုံရာသီမှာ လည်းအလျှင် အမြန်ရောက်ရှိလာပြီဖြစ်သည်"ဟု ထည့်သွင်းထားသည်။

 ထို့ပြင် ပျဉ်စို ကျေးရွာအနီးတွင် နှစ်ဖက် အဖွဲ့အစည်းမှ ထောင်ထားသောမြေမြုပ်မှိုင်းများကို ပြန်လည်ရှင်းလင်းပေးရန်လည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းတောင်းဆို ထားသည်။

 "လူကိုထိခိုက်စေသော မြေမြုပ်မိုင်းများကို အသုံးပြုခြင်းနှင့် ကလေးစစ်သား စုဆောင်း အသုံးပြုခြင်း များပါ၀င်သည့်  နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ မှုဥပဒေကို မြန်မာ့တပ်မတော်မှ ချိုးဖောက်နေမှုများကို ရပ်တန့်ရန် တိကျခိုင်မာသည့် လုပ်ဆောင်ချက်များ အကောင်အထည်ဖော်ပါ" ဟု ထိုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 ပျဉ်စိုရွာမှ ရွာသားအချို့ပျောက်ဆုံးနေပြီး AA  က ဖမ်းဆီးခေါ်ဆောင်ခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ပါ၀င်သည်။  

လတ်တလော အခြေအနေများအရ ထိုဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းမရှိသော်လည်း AA နှင့် ဆက်စပ်မှုရှိနေသည် ဟုဆိုကာ ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်မှ လူရှစ်ဦးကို အစိုးရက ဇူလိုင်လ အတွင်းက ထပ်မံဖမ်းဆီးခဲ့သည် ဟုကျောက်တော် ဒေသခံများကဆိုသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...