လိပ်ကျွန်းလူသတ်မှုနှင့်ပက်သက်၍ ချင်းတိုးတက်ရေးပါတီမှ သဘောထားထုတ်ပြန်

လိပ်ကျွန်းလူသတ်မှုနှင့်ပက်သက်၍ ချင်းတိုးတက်ရေးပါတီမှ သဘောထားထုတ်ပြန်
လိပ်ကျွန်းလူးသတ်မှု၌ ရခိုင်တိုင်းရင်းသားနှစ်ဦးအားသေဒဏ်ချမှတ်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ချင်းတိုးတက်ရေးပါတီ (CPP )မှ အချက်လေးချက်ပါသောသဘောထားထုတ်ပြန်ကြေငြာချက်ကို ပြီးခဲ့သည့် ( ၂၅ )ရက်ကထုတ်ပြန်ကြေငြာပြီး အဆိုပါထုတ်ပြန်ကြေငြာချက်ကိုထိုင်းသံရုံးနှင့် ထိုင်းဘုရင့် ကောင်စီသို့ပေးပို့သွားမည်ဟု ချင်းတိုးတက်ရေးပါတီမှသိရသည်။

“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန် ခံမှုဆိုတာတွေကိုလိုုခြင်တာပါ။ အရင်ကထားခဲ့တဲ့ နိုင်ငံခြားရေးပေါ်လစီကိုလည်းပြောင်း လဲကျင့် သုံးသင့်ပြီ၊ မဆလခေတ်တုန်းကတော့ ကြားနေ အဖြစ်ကျင့်သုံးခဲ့တယ်။ အခုတော့ဒါတွေကိုအလေး ထားပြီးပြောင်းလဲကျင့်သုံးဖို့လိုလာပြီ”ဟု ချင်းတိုးတက်ရေးပါတီမှ ဦးရှိန်းထွန်းက BNI ရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်။

 ဆက်လက်ပြီးသဘောထားကြေငြာချက်ထုတ်ပြန်ရခြင်းနှင့်ပတ်သတ်ပြီး ၎င်းကပြောရာတွင် “ထိုင်းနိုင်ငံ၊ ကော့စမွီတရားရုံးနဲ့ပတ် သတ်ပြီးတော့၊ သူတို့ကလည်းအမှု တည်ဆောက်တဲ့အပေါ် မှာပဲအခြေခံပြီး တော့ဆုံးဖြတ်ချက်ပေးရတာကိုး၊ ဆုံးဖြတ်ချက်ပေးတဲ့အခါမှာ ကျွန်တော်တို့မြင် တဲ့အထဲမှာ National Issue တော်တော်လေးပါလာတာတွေ့ရတယ်။ ထိုင်းနိုင်ငံဆိုတာကလည်း ကမ္ဘာ့လည့်ခရီးသွားလုပ်ငန်းနဲ့ဝင်ငွေအဓိကရှာနေရတာကိုး၊ ဒီတော့ သူတို့အနေနဲ့ကမ္ဘာ့အလယ်မှာ မျက်နှာမည်းကြီးမဖြစ်ရအောင် ဒီလူသတ်မှုကြီးက သူတို့ထိုင်းမဟုတ်ပါဘူးဆိုပြီး မြန်မာကိုထိုးထည့် လိုက်တာပေါ့့”ဟုဆိုသည်။

လိပ်ကျွန်းလူသတ်မှုတွင် မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သောကိုဇော်လင်းနှင့်ဝင်းဇော်ထွန်းတို့ကိုအတင်းအဓမ္မဖြောင့်ချက်ရယူခြင်း၊ DNAစစ်ဆေးမှုဆိုင်ရာကိုက်ညီမှုမရှိခြင်း၊ မျက်မြင်သက်သေမရှိပဲသေဒဏ် ချမှတ်ခြင်းအပေါ်ချင်းတိုးတက်ရေးပါတီ အနေဖြင့်သက် ဆိုင်ရာတရားရုံးအားအမှုကိုပြန်လည်စဉ်းစား သုံးသပ်ရန်လေးနက်စွာတိုက်တွန်းထားကြောင်းဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်၌ ဒီဇင်ဘာ ၂၄ ရက် တွင် ထိုင်းနိုင်ငံ၊ ကော့စမွီ တရားရုံး၌ သေဒဏ်ချမှတ်ခံခဲ့ရသည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့ (၂)ဦးအတွက် ထိုင်း နိုင်ငံ၏ တရားစီရင်ရေး ကိုပြန်လည်သုံးသပ်ရန်၊ အမှုမှန်ပေါ်ပေါက်ရန်စသည့်အချက်များပါဝင်သည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ ထိုင်းသံရုံးရှေ့တွင်လည်းဆန္ဒပြမှုများနေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ထိုင်း ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ထိုင်းဘုရင့်တပ်မတော်ဦးစီးချုပ်တို့ထံသို့ “တရားဥပဒေအရ အပြစ်ရှိသူကို ပြစ်ဒဏ်မပေးမိခြင်းထက် အပြစ်မဲ့သူကို ပြစ်ဒဏ်ပေးမိခြင်းမျိုးမဖြစ်စေရန်အရေးကြီးပါကြောင်း” သဝဏ်လွှာပေးပို့ထားကြောင်းအစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

CPP statement

ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...
December 21, 2015
ချင်းပြည်နယ် ရမြို့နယ်အတွင်း ဟားခါး၊ မတူပီ၊ ဖလမ်း၊ ကန်ပက်လက် မြို့များတွင် အမှိုက်များ...