ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ UNA သို့အမြဲတမ်းအဖွဲ့ဝင်ဖြစ်ရန် တရားဝင်စာဖြင့်လျှောက်ထား

ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ UNA သို့အမြဲတမ်းအဖွဲ့ဝင်ဖြစ်ရန် တရားဝင်စာဖြင့်လျှောက်ထား
by -
ဆလိုင်းကျော်မိုး
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
ဆလိုင်းကျော်မိုး — ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲ မတိုင်မှီအချိန်က စည်းလုံးညီညွတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ် UNA သို့ အမြဲတမ်းအဖွဲ့ဝင်ပါတီ အဖြစ် ဝင်ရောက်နိုင်ရန် တရားဝင်စာပေးပို့လျှောက်ထားခဲ့ကြောင်း ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဦးငိုင်ဆာခ့်က BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။ အဲဒါကတော့ဗမာတစ်ပြည်နယ်ဖြစ်ရ မယ်ဆိုတာတွေ၊ ပြည်ထောင်စု စုစည်းမှုနဲ့သွားရမယ်ဆိုတာတွေ ကတူနေတယ်။ မဟာမိတ်ဖွဲ့တယ်ဆိုတာကလည်း မူဝါဒတူမှပူးပေါင်းလို့ရမှာကိုး။ ဒါကြောင့် UNA မှာ အမြဲတမ်းအဖွဲ့ဝင်အဖြစ်ဝင်ရောက်ဖို့လျောက်တာပေါ့ ”ဟု ၎င်းဆိုသည်။

ညီညွတ်သော်တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA တွင် မှတ်ပုံတင်ထားသော တိုင်းရင်းသားပါတီ ၈ ခုဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှာလည်း UNA ၏ မိတ်ဖက် ပါတီဖြစ်သည်။ “မြန်မာနိုင်ငံမှာနိုင်ငံရေးပါတီအဖွဲ့တွေစုထား တာပေါ့ (၃) အုပ်စုရှိတယ်။ အဲဒီမှာ (NBF)အဖွဲ့ရဲ့မူဝါဒက ဗမာပြည်နယ်၁၅ခုလည်းကိစ္စမရှိဘူးဆိုတဲ့မူကိုလက်ခံတယ်။ (FDA) ကျတော့လည်းမူဝါဒ တိတိကျကျ မရှိဘူး။ ရောထွေးနေတယ်ပြီးတော့ (UNA)ကျတော့ရည်မှန်းချက်တူ၊ မူဝါဒတူ၊ ရည်ရွယ်ချက် တူတဲ့အတွက်ကြောင့်အတူတကွအလုပ်တွေလုပ်နိုင်မယ်လို့ယုံကြည်ပါတယ်”ဟုရှင်းလင်းပြောဆိုသည်

 စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၏ ဖွဲ့စည်းပုံ မူဝါဒစည်းမျဉ်းစည်းကမ်းများကို ဒီဇင်ဘာ ၂၉ ရက်၊ ၃၀ရက်များတွင်ကျင်းပပြူလုပ်ခဲ့သော UNA ခေါင်းဆောင်များ အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး UNAသို့ ဝင်ရောက်မည့်
တိုင်းရင်းသားပါတီ ခြောက်ပါတီကိုလည်းယင်းမူဝါဒများလက်ခံမခံသိရှိနိုင်ရန်ပေးပို့သွားမည်ဖြစ်ပြီး စည်းမျဉ်းလိုက်နာနိုင်ပါက အဖွဲ့ဝင်အဖြစ်လက်ခံသွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်းUNAမဟာမိတ် အဖွဲ့ဝင် မွန်အမျိုးသားပါတီ မှအတွင်းရေးမှူး(၂) ဒေါက်တာ မင်းကြည်ဝင်းက BNI ရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်။

အသစ်ပါဝင်ရန် ကမ်းလှမ်းထားသည့်ပါတီများ၌ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် တရားဝင်စာဖြင့်လျောက်ထားပြီးးဖြစ်ကာ ချင်းတိုးတက်ရေးပါတီကမူနုတ်အားဖြင့်သာကမ်းလှမ်း ထားသည်ဟုသိရသည်။ လက်ရှိတွင်ချင်းပြည်နယ်မှ ဇိုမီးဒီမိုကရေစီအဖွဲ့ချုုပ်ပါတီသည်UNAအဖွဲ့ ဝင်ဖြစ်ပြီး၂၀၁၅ ရွေးကောက်ပွဲ၌ ချင်းပြည်နယ်အတွင် ၆နေရာအနိုင်ရရှိထားသည်။

 ချင်းပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအများဆုံးရွေးချယ်ခံရပြီး ဒုတိယအဖြစ်ပြည်နယ် အခြေစိုက်တိုင်းရင်းသားပါတီ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီကရပ်တည်လျှက်ရှိပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအများဆုံးရွေးချယ်ခံရသည့် ပါတီတစ်ခုလည်းဖြစ်သည်။

UNA ကို ၂၀၀၂ ခုနှစ်၊ မေလ ၁၈ ရက်တွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကချင် အမျိုးသားများ ဒီမိုကရေစီကွန်ဂရက် တို့ပါဝင်သည်။

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...
December 21, 2015
ချင်းပြည်နယ် ရမြို့နယ်အတွင်း ဟားခါး၊ မတူပီ၊ ဖလမ်း၊ ကန်ပက်လက် မြို့များတွင် အမှိုက်များ...