ချင်းပါတီများပူပေါင်းဆောင်ရွက်နိုင်ရေး ယာယီကော်မတီဖွဲ့စည်း

ချင်းပါတီများပူပေါင်းဆောင်ရွက်နိုင်ရေး ယာယီကော်မတီဖွဲ့စည်း
by -
ဆလိုင်းကျော်မိုးထွန်း
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
ဆလိုင်းကျော်မိုးထွန်း — ချင်းမိသားစုနိုင်ငံရေးပါတီများမျက်နှာစုံညီတွေ့ဆုံပွဲမှတဆင့်ချင်းပါတီများပူးပေါင်းဆောင်ရွက်နိုင်ရေး ယာယီကော်မတီကိုဖွဲ့စည်းနိုင် ခဲ့ကြောင်းအဆိုပါကော်မတီတွင်ယာယီအတွင်းရေးမှုးအဖြစ်ရွေးခြယ်တင်မြောက်ခြင်းခံရသော အရှိုချင်းအမျိုးသားပါတီမှ ဆလိုင်းအောင်မင်းလှိုင်ကBNI ရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်။

“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။ ဒီပွဲမှာ၂၀၁၅ ပါတီစံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလာဒ်တွေကို ပြန်လည်သုံးသပ်ပြီးတော့ လာမဲ့ ငါးနှစ်တာအတွင် ချင်းမိသားစုနိုင်ငံရေး ပါတီ အခြင်းခြင်း၊ ချင်းအမျိုးသား တွေရဲ့ဘုံအကျိုး စီးပွားအတွက်ဘယ်လိုလက်တွဲပြီးရှေ့လုပ်ငန်းစဉ်တွေကို ဖော်ထုတ်ကြမလဲ ဆိုတာကိုအဓိကရည်ရွယ် ပြီးဒီကော်မတီကိုဖွဲ့စည်းတာဖြစ်တယ်”ဟု ဦးဆလိုင်းအောင်မင်းလှိုင်ကပြောသည်။

ချင်းပါတီများပေါင်းစည်ရေးနှင့်ပတ်သတ်၍ ၎င်းအစည်းဝေးမှဆုံးဖြတ်ချက်ကိုတိတိကျကျ မချမှတ်နိုင် သော်လည်းချင်းပါတီ များပေါင်းစည်းနိုင်ရေးအတွက်နည်းလမ်းရှာကာပေါင်းစည်ရေးအတွက်သဘောထားထုတ်ပေးနိုင်ခဲ့ပြီး ယခုဖွဲ့စည်းလိုက်သည့် ယာယီအဖွဲ့မှဆက်လက်လုပ်သွားမည်ဟုသတင်း ရရှိသည်။

“ဘာကြောင့်ဒီလိုကော်မတီဖွဲ့ရတာလဲဆိုရင်ချင်းပြည်နယ်မှာ NLD နိုင်တဲ့မဲစာရင်းတွေကိုကြည့် တဲ့အခါမှာ ချင်းပါတီတွေအား လုံးပေါင်းရင် NLD ကိုနိုင်တဲ့နေရာတွေအများကြီးရှိတယ်။ အဲဒါကဘာကိုပြသလဲ ဆိုရင်ချင်းပါတီတွေကွဲ တဲ့အတွက်ကြောင့် NLD က ရသွားတဲ့သဘောပေါ့။ အခုလဲဘုံသဘောတူချက်နဲ့သွားဖို့တော့သိပ်မလွယ်ဘူး။ ချင်းနိုင်ငံရေးပါတီတွေအတက်နိုင်ဆုံး ပေါင်းပြီးတော့ဆက်သွားမယ်ဆိုတဲ့သဘောပဲလုပ်နိုင်တယ်။ အကယ်၍ပေါင်းရင်လည်း မူဘောင် ရေးဆွဲပြီးပေါင်းချင်တယ်။ ဘာကြောင့်လဲဆိုတော့ပါတီတစ်ခုကနေပဲ လွမ်းမိုးသွားတာမဟုတ်ဘဲ အားလုံးမူဘောင်ထဲ ကနေပဲပူးပေါင်းနိင််ဖို့ကိုအဓိကထားရေးဆွဲဖို့ကြိုးစားနေပါတယ်”ဟုချင်းဒီမိုကရေစီအဖွဲ့ချုပ်မှ ဆလိုင်းအောင်လိန်းကပြောသည်။

အထွေထွေရွေးကောက်ပွဲမတိုင်ခင် ချင်းနိုင်ငံရေးပါတီ (၁၃) ဖွဲ့မှ (၃)ကြိမ်မြောက်တွေ့ဆုံခဲ့ပြီးနောက် နေရာအလိုက်မဲဆန္ဒနယ်များ ခွဲဝေသတ်မှတ်ပြီးယှဉ်ပြိုင်ရန်သဘောတူလက်မှတ်ထိုးခဲ့သော်လည်း ချင်းဒီမိုကရက်တစ်ပါတီမှ သဘောတူစာချုပ်ကိုချိုးဖောက် သည်ဟုဆိုကာချင်းပါတီ(၆)ပါတီမှ  စက်တင်ဘာ ၂၆ရက်ကရှုံ့ချကြောင်း စာထုတ်ပြန်ခဲ့သည်။

“ချင်းပါတီများနောက်ထပ် ထပ်မံတွေ့ဆုံဆွေးနွေးမယ်ဆိုရင် သူတို့မလွဲမသွေ ဆွေးနွေးရမဲ့အရာ ကတော့ ပေါင်း စည်းရေး ကိစ္စသာဖြစ်တယ်။ ဒီတော့သူတို့ တွေပြောနေကြတာ ပေါင်းစည်းရေးမှာ မူဘောင်ဆွဲမယ်၊ FrameWorkရေးဆွဲမယ်၊ ဆိုလိုခြင်တာကချင်းနိုင်ငံရေးပါတီတွေကစနစ် တကျပြန်လည်ပူးပေါင်းနိုင်ရေးအတွက်ကြိုပမ်းကြမယ်ဆိုတာကိ်ုပါပဲ။ပြီးတော့ ပေါင်းစည်းရေးဆိုတာကို One Partyလို့မဆိုလိုဘူး၊ တပ်ပေါင်းစုနဲ့ လည်းဖြစ်နိုင်တယ်၊ မဟာမိတ်လည်းဖြစ်နိုင် တယ်၊ အနည်းဆုံးနှစ်ပါတီအထိလျော့ချနိုင်တာလည်းဖြစ်နိုင်တယ်။ တစ်ပါတီလည်းဖြစ်နိုင်တာပဲ။ ဒါကသူတို့ဘယ်လိုပူးပေါင်းမလဲပေါ်မှာ မူတည်တယ်။ ပေါင်းစည်းရေးဆိုတာတစ်ပါတီထဲထွက်ရေး ဆိုတဲ့အပေါ်မှာမူမတည်ပါဘူး။ တပ်ပေါင်းစုဆိုရင်တော့ဘယ်ပါတီမှဖြုတ် စရာမလိုပဲသူ့ပါတီနဲ့ သူမူဝါဒရှိနေမှာပါ”ဟုဆလိုင်အိုက်ဇက်ခင်မှလည်း ရှင်လင်းပြောဆိုသည်။

၂၀၁၃ ခုနှစ်တွင် ချင်းပါတီနှစ်ခုဖြစ်သည့်ချင်းတိုးတက်ရေးပါတီနှင့်ချင်းအမျိုးသားပါတီ (ယခု ချင်းအမျိုးသားဒီမိုကရေတစ်ပါတီ)တို့ ပူးပေါင်းရန်ညှိနှိုင်းခဲ့ကြသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ချင်းပါတီတစ်ခုထဲအဖြစ်မပူးပေါင်းနိုင်ဘဲ ၂၀၁၄ ခုနှစ်တွင်နောက် ထပ် ချင်းပါတီသစ်တစ်ခုဖြစ်သည့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီပေါ်ပေါက်လာခဲ့သည်။

ချင်းပါတီများပူးပေါင်းရန်အတွက်ချင်းမိသားစုနိုင်ငံရေးပါတီများမျက်နှာစုံညီတွေ့ဆုံပွဲခေါင်းစဉ်ဖြင့် ပထမအကြိမ်ကို မတ်လတွင်လည်းကေင်း၊ ဒုတိယအကြိမ်ကိုမေလတွင်လည်းကောင်း၊ တတိယ အကြိမ်ကို ဇူလိုင်လတွင်လည်းကောင်း ကျင်းပခဲ့ပြီး ယခုစတုတ္ထအကြိမ်ကို ဒီဇင်ဘာ(၁၇)ရက်က ကျင်းပခဲ့ပြီး၊ လာမည့်၂၀၁၆ ခု ဇန်နဝါရီ(၆)ရက်တွင်ထပ်မံတွေ့ဆုံသွားမည်ဟုလည်း သတင်းရရှိသည်။

Most read this week

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
December 21, 2015
ချင်းပြည်နယ် ရမြို့နယ်အတွင်း ဟားခါး၊ မတူပီ၊ ဖလမ်း၊ ကန်ပက်လက် မြို့များတွင် အမှိုက်များ...