ချင်းပြည်နယ် (၇) မြို့နယ်၌ ( ၃ ) မြို့နယ်တွင်အမှိုက်ကောက်ရန်ကျန်သေး

ချင်းပြည်နယ် (၇) မြို့နယ်၌ ( ၃ ) မြို့နယ်တွင်အမှိုက်ကောက်ရန်ကျန်သေး
by -
ဆလိုင်းကျော်မိုးထွန်း
ဆလိုင်းကျော်မိုးထွန်း  — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အနိုင်ရရှိသော ချင်းပြည်နယ် ရ မြို့နယ်၌  ၃ မြို့နယ်ဖြစ် သောထန်တလန်၊ ပလက်ဝ၊ မင်းတပ်မြို့နယ်တွင် အမှိုက် ကောက်ရန် ကျန်နေသေးကြောင်းသတင်း ရရှိသည်။

ချင်းပြည်နယ် ရမြို့နယ်အတွင်း ဟားခါး၊ မတူပီ၊ ဖလမ်း၊ ကန်ပက်လက် မြို့များတွင် အမှိုက်များ ကောက်ယူခြင်းများ ယခုလ ၁၃ ရက်က တစ်နိုင်ငံလုံးအတိုင်းတာ ဖြင့်ကောက်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ်တွင် အနိုင်ရပါတီဖြစ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်း များသည်ချင်းပြည်နယ်၌ ဒီဇင်ဘာ ၁၂ရက်မှ စတင်ကာအမှိုက်များစတင်ကောက်ခဲ့ရှိကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ်တွင် ဒီဇင်ဘာ ၁၂ ရက်က စတင်အမှိုက်ကောက်ခြင်းလုပ်ငန်းများကို (NLD)မှ အမှုဆောင်အဖွဲ့များဦးဆောင် ၍ ဒေသခံပြည်သူများ၊ ကျောင်းသားများ ပူးပေါင်းပြီး အမှိုက်များ ကောက်ခဲ့ကြောင်း သိရသည်။

“ စနေနေ့ကစတင်ပြီးအမှိုက်ကောက်တယ်။ ဖလမ်း၊ မင်းတပ်နဲ့မတူပီမြို့တွေတော့ပြီးပြီ။ NLD တွေကဦးဆောင်ပြီးတော့ဒေ သခံတွေလဲလိုက်ကောက်ခဲ့တယ်။ လိုက်ပါကောက်ပေးတဲ့ဦးရေက ရာကျော်တယ်။ အမှိုက်တွေကိုစည်ပင်ကားတွေသယ်ပြီး စုဆောင်းပါတယ်။ တစ်မြို့ကိုသုံးရက် လောက်ကောက်ကြရပါတယ်”ဟု ပြည်နယ် NLD ဥက်္ကဠဦးဇိုဘွဲ့ကBNI ရွေးကောက်ပွဲ သတင်းခန်းသို့ ပြောသည်။

နိုဝင်ဘာလ ၂၈ ရက် ကပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဌဒေါ်အောင် ဆန်းစုကြည်နှင့် အနိုင်ရ(NLD)အမတ်များတွေ့ဆုံစဉ်က ပြည်သူနှင့် တစ်သားတည်းကျစေရန် အတွက် မိမိတို့အနိုင်ရထားသည့် မြို့နယ်အတွင်း အမှိုက်ကောက်ရန် ညွှန်ကြားခဲ့ကြောင်း NLD အနိုင်ရအမတ်များထံမှ သိရသည်။

ထို့နောက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအလုပ် အမှုဆောင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များ၊ ပြည်သူများပါဝင်ပူးပေါင်း၍ ဒီဇင်ဘာလ ၁၃ရက်တွင် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့်အမှိုက်များကောက်သိမ်းခြင်း စီမံချက်ကို မိမိတို့ သက်ဆိုင်ရာမြို့နယ်အတွင်း မြို့နယ်စည်ပင်သာယာ ရေးကော်မတီကို အကြောင်းကြား ကာဆောင်ရွက်ရန်ထုတ် ပြန်ကြေငြာထားကြောင်း ယင်းပါတီများမှသိရသည်။

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...