၂၀၁၅ ရွေးကောက်ပွဲ၌ ချင်းပြည်နယ်သည် မဲပေးသူဦးရေအများဆုံး စာရင်းဝင်

၂၀၁၅ ရွေးကောက်ပွဲ၌ ချင်းပြည်နယ်သည် မဲပေးသူဦးရေအများဆုံး စာရင်းဝင်
by -
ဆလိုင်းကျော်မိုး
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
ဆလိုင်းကျော်မိုး — ၂၀၁၅ ရွေးကောက်ပွဲ၌ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ချင်းပြည်နယ်သည် မဲပေးသူအများဆုံး၊ ပယ်မဲအနည်းဆုံးနှင့် ခိုင်လုံမဲအများဆုံးအဖြစ်စာရင်းဝင်ကြောင်းချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်မှသတင်းရရှိသည်။

“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ အမြင်ပွင့်သင်တန်းနှင့်ဒီမိုကရေစီ သဘောတရားတွေကိုလိုက်လံပို့ချပါတယ်။ အရင်ကဆို မဲထည့်ဖို့၊ မဲရုံသွားဖို့တော်တော်လေးလူထုကဝန်လေးကြတယ်။ ကြောက် တာလဲပါတယ်။ ဒီတော့ကျွန်တော်တို့ သင်တန်း ပေးတဲ့ အခါမှာကိုယ့်ရဲ့မဲတစ်ပြား တန်ဖိုးကိုသိအောင်အရင်လုပ်ပေးပါတယ်၊ ပြီးမှ မဲဘယ်လို ထည့်ရသလဲပဲမယ်မဖြစ်အောင်ကိုကိုယ်တိုင်ထည့်တက်အောင်သရုပ်ပြတွေလုပ်ခိုင်းတော့တော်တော် လေးထိရောက် တာတွေ ခဲ့ရတယ်” ဟု Chin Agency မှProject Manager ဆလိုင်းတင်ရိုယာလ် က BNI ရွေးကောက်ပွဲသတင်းခန်း သို့ပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ မဲပေးပိုင်ခွင့်ရှိသူ ၂၇၃၆၇၃ဦး ရှိကြောင်းသိရပြီး ချင်းပြည်နယ်အတွင်း မဲပေးသူရာခိုင်နှုန်း ရ၉ ဒဿမ ၂၉ ရာခိုင်နှုန်းရှိခဲ့ကြောင်းသိရသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ချင်းပြည်နယ်တွင် ခိုင်လုံမဲရရှိသည့်အချိုးမှာလည်း ရန်ကုန်တိုင်းဒေသကြီးနှင့်အတူတူပင်ဖြစ် သည်ဟု ခရိုင်ကော်မရှင်အရာရှိကပြောသည်။

“မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ချင်းပြည်နယ်ကပထမဘဲရှိတဲ့လူဦးရေမဲပေးခွင့်ရှိသူဦးရေနဲ့ မဲပေး သူဦးရေအားလုံး အချိုးနဲ့တွက် လိုက်တော့ မဲပေးခွင့်ရှိသူအများဆုံး၊ ပယ်မဲအနည်းဆုံး၊ ခိုင်လုံမဲ အများဆုံးဖြစ်တယ်၊ ကျွန်တော်တို့တာဝန်ထမ်းဆောင် တဲ့အချိန်မှာ ဒါမျိုးရလဒ်ရတာတကယ်ဝမ်းသာ တယ်”ဟု ခရိုင်ကော်မရှင်အရာရှိ ဦးမျိုးမင်းကပြောသည်။

၎င်းကဆက်ပြီး “ကျွန်တော်တို့ ကော်မရှင်ကလွတ်လွတ်လပ်လပ်နဲ့ဆောင်ရွက်ခဲ့တယ်။ ဘယ်သူရဲ့ လက်အောက်ကနေကလည်း မနေခဲ့ဘူး။ ဥပဒေနဲ့မလွတ်ကင်းရင် ဘယ်သူခိုင်းခိုင်းဘာမှ လုပ်ပေးခဲ့ တာမရှိဘူး။ ဥပဒေ အတိုင်းပဲလုပ်ခဲ့ကြတယ်”ဟုဖြည့်ပြော သည်။

ချင်းပြည်နယ်၌ ၂၀၁၅ ရွေးကောက်ပွဲအတွင်း မဲဆန္ဒရှင်ပညာပေးအဖွဲ့(၅)ဖွဲ့ကျော်ရှိခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်အလိုက်လူငယ်များ မှဦးဆောင်ပြီး တစ်အိမ်တက်ဆင်းမဲဆန္ဒရှင်ပညာပေးသည့်အဖွဲ့များလည်း ရှိခဲ့ကြောင်းသတင်းရရှိသည်။

၂၀၁၅ ရွေးကောက်ပွဲတွင်ချင်းပြည်နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအပြတ်အသတ်အနိုင် ရရှိခဲ့ပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ  ၅ နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ၄ နေရာအသီးသီးအနိုင်ရရှိခဲ့သည်။

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...
December 21, 2015
ချင်းပြည်နယ် ရမြို့နယ်အတွင်း ဟားခါး၊ မတူပီ၊ ဖလမ်း၊ ကန်ပက်လက် မြို့များတွင် အမှိုက်များ...