အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသအာဏာပိုင်များပူပေါင်းဆောင်ရွက်မှုမြင့်တင်သွားမည်

အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသအာဏာပိုင်များပူပေါင်းဆောင်ရွက်မှုမြင့်တင်သွားမည်
ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
စအိုင်စူး — ကရင်ပြည်နယ်အရပ်ဖက်အဖွဲ့အစည်းများကွန်ယက်-KSCN အနေဖြင့် ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်လာမည့် အခြေအနေအရပ်ရပ်ကိုတိုင်းအဆင့်မှဒေသခံပြည်သူလူထုများ၏ အကျိုးစီပွားနှင့်အခွင့် အရေးကို အာမခံချက် အပြည့်အဝရရှိစေ ရန် ဒေသအာဏာပိုင်အစိုးရများ နှင့်ပူပေါင်းဆောင်ရွက်မှုများကိုမြင့်တင်သွားမည်ဟု အဆိုပါ ကွန်ယက်တာဝန်ရှိသူများက ဒီဇင်ဘာ ၂၃ ရက်ကပြုလုပ်သော KSCN ရုံးဖွင့်ပွဲ၌ ပြောကြားခဲ့သည်။

ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ ကရင်ပြည်နယ် အတွင်း အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသအာဏာပိုင်များ၏ ပူပေါင်းဆောင်ရွက်မှု များမှာ အားနည်းခဲ့ပြီး အပြန်အလှန်ယုံကြည်မှု အားနည်းခဲ့သောကြောင့်ပူးပေါင်းဆောင်ရွက်ခြင်းများကိုမြင့်တင် သွားရမည်ဟု ကွန်ယက်အဖွဲ့ဝင် ကရင့်ရေးရာကော်မတီ အတွင်းရေးမှူး စောကျော်စွာကBNI ရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်။

“ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ ဒေသအာဏာပိုင်တွေနဲ့ အမြဲတမ်းပဲ ယုံကြည်မှုတည်ဆောက်ပြီး ပူးပေါင်းလုပ်ဆောင် သွားရမှာပဲ။ အကြောင်းက အစိုးရနဲ့အရပ်ဖက်တွေအပြန်အလှန် ယုံကြည်မှုတွေ အားနည်းတာ နောက်ပြီး ဒေသအာဏာပိုင်တွေ ကလည်း အရပ်ဖက်တွေကို အသိအမှတ်ပြုလက်တွဲခေါ်တာ အားနည်းခဲ့တယ်လေ״ ဟု စောကျော်စွာကပြောသည်။

ထို့အပြင် KSCN၏ အဓိက ရည်ရွယ်ချက်အနေဖြင့် ကရင်ပြည်နယ်အတွင်းဖြစ်ပေါ်တိုးတက်လာမည့် ဖြစ်ရပ် တိုင်းကို လက်ရှိဒေသအာဏာပိုင်များနှင့်ပူပေါင်းကာ မှန်မှန်ကန်ကန်တုန့်ပြန်ပြီး ပြည်သူလူထုအကျိုးရှိမည့် လုပ်ငန်းများကိုဆောင်ရွက် သွားမည်ဟုလည်း စောကျော်စွာကဖြည့်စွက်ပြောသည်။

ကရင်ပြည်နယ်အရပ်ဖက်အဖွဲ့အစည်းများကွန်ယက်-KSCNကို ကရင်ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်း ပေါင်း ၁၃ဖွဲ့ဖြင့် ယာယီဖွဲ့စည်းထားသေးပြီး ကွန်ယက်၏ပထမဦးဆုံးစတင်လုပ်ဆောင်မည်မှာ အရပ်ဖက်အဖွဲ့ အစည်းများအတွင်း ကွန်ယက်ကိုပိုမို ခိုင်မာလာစေရန်နှင့် ပြည်နယ်အစိုးရတာဝန်ရှိသူများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရန်၊အမျိုးသမီးပါဝင်မှုကိုမြင့် တင်ရန်အပြင် ပြည်နယ်၏ ဦးစားပေးဆောက်ရွက်မည့် ကိစ္စရပ်တိုင်း ကို တစ်စုတစ်စည်းတည်းမှန်မှန်ကန်ကန်တုန့်ပြန်နိုင် ရန်ဖြစ်သည်ဟုသိရသည်။

NLDမှ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၂)အနိုင်ရလွှတ်တော်ကိုယ်စားလှယ်စောယှားဖောင်အွာက “ပြီးခဲ့တဲ့ အစိုးရသက်တမ်းတွေမှာ အစိုးရအုပ်ချုပ်ရေးပိုင်းတွေနဲ့ CSO တွေအကြားထိတွေ့မှုကအရမ်းအားနည်း ခဲ့တာကိုတွေ့ရတယ်။ CSOနဲ့ ပြည်သူကတော့အမြဲထိတွေ့တာပဲ။ ဒါတွေကြောင့်လဲ ကျွန်တော်တို့အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ CSO တွေလက်တွဲလုပ်ဆောင်ရမဲ့အခန်းကဏ္ဍကအများကြီးရှိတယ်။ ကျွန်တော်အနေနဲ့က CSOတွေနဲ့အမြဲထိတွေ့ဖို့မျှော်လင့်တယ်״ ဟုBNIရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

ကရင်ပြည်နယ်အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ယက်- KSCNကို ယခုနှစ် စက်တင်ဘာလမှစတင်ကာ ပြည်နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ၏  ဖိတ်ခေါ်မှုဖြင့် မဲဆန္ဒရှင်များ မဲပေးခြင်းအသိပညာပေးခြင်းများကို အဓိကပူပေါင်းလုပ်ဆောင်ခြင်း မှ ပေါ်ပေါက်လာသည့်ကွန်ယက်ဖြစ်ပြီး ယခုပြုလုပ်သည့် ကွန်ယက်ရုံးဖွင့်ပွဲသို့ ကရင်ပြည်နယ်အတွင်းရှိအရပ်ဖက်အဖွဲ့အစည်းများ၊အစိုးရတာဝန်ရှိသူကိုယ်စားလှယ်စုစုပေါင်း ၃၀ကျော်တက် ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...
December 4, 2015
ကရင့်ရေးရာ ကော်မတီ အတွင်းရေးမှူး စောကျော်စွာက “ အစိုးရဖြစ်လာမဲ့အမတ်တွေအနေနဲ့ သူတို့အဓိက...