အနုုိင်ရကုုိယ်စားလှယ် တရားစွဲဆုုိခံရ

အနုုိင်ရကုုိယ်စားလှယ် တရားစွဲဆုုိခံရ
စအိုင်စူး — အမျိူးသားဒီမုုိကရေစီ အဖွဲ့ချူပ်မှ ဘားအံမဲဆန္ဒနယ် အမှတ်(၂) တွင် အမျိူးသားလွှတ်တော် ကုုိယ်စားလှယ် နေရာတွင် ရွေးကောက်ခံ အနုုိင်ရခဲ့သည့် ဦးစောသန်းထွဋ်အား ပြည်ထောင်စုု ကြံ့ခုုိင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီ မှလက်ရှိ အမျိူးသား လွှတ်တော် ကုုိယ်စားလှယ် ဦးမန်းကံညွှန်မှ တရားလုုိပြုကာ ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ) အရ ယခုုလ ၁၄ရက်နေ့တွင် တရားစွဲဆုုိခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ မကျင့်သုုံးနုုိင်စေရန် လွှတ်တော်ကုုိယ်စားလှယ်ကုုိသော်လည်းကောင်း၊ ဆန္ဒမဲပေးပုုိင်ခွင့်ရှိသူ တစ်ဦးဦးကုုိသော်လည်းကောင်း တုုိက်ရုုိက်မဟုုတ်ပဲ သွယ်ဝုုိက်သောနည်းဖြင့် ခြိမ်းခြောက်ခြင်း ပြုခဲ့လျှင် တုုိင်ကြားရမည့် ပုုဒ်မဖြစ်သည်။
ထုုိ့ကြောင့် ဥပဒေပုုဒ်မ ၅၈(ခ) အရ ဦးစောသန်းထဋ် အားဦးမန်းကံညွန်က နုုိ၀င်ဘာ ၂၁ရက်နေ့ တွင် တရားလုုိပြု တုုိင်တန်းခဲ့သည်။

ဦးမန်းကံညွန့်က “ရွေးကောက်ပွဲနေ့တုန်းက ကျနော်တို့က အဓိက ထပ်တိုးမဲရုံတွေဖြစ်တဲ့ မဲသနတို့ ကော့်ဟဲတို့ ဟတ္တလိုက်မဲရုံ တို့ကို သွားစစ်တာပေါ့နော်။ အဲ့မှာ ဦးစောသန်းထွဋ်ကလည်း လာပြီးစောင့်ကြည့်တယ်။ အဲ့မှာသူနဲ့အတူ ABSDF ကျောင်းသားတပ်မတော် ကားတစ်စီးပါလာတယ်။ သူက လက်နက်ကိုင် တပ်ဖွဲ့ရဲ့ကားကို အသုံးပြုတဲ့အတွက် လက်နက်ကိုင်ပါလာသည် ဖြစ်စေမပါလာ သည်ဖြစ်စေ ခြိမ်းခြောက်ခံရတဲ့ သဘောမျိုးဖြစ် တဲ့အတွက် အဲ့ဒီ ၅၈(ခ)နဲ့ကျနော်တရားစွဲထားတာပါ ״ဟု BNI ရွေးကောက်ပွဲ သတင်းခန်းသို့ ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈(ခ)အရ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်ကိုဖြစ်စေ  မဲဆန္ဒရှင်ကို ဖြစ်စေ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ခြင်း မပြုနိုင်အောင် ခြိမ်းခြောက်ခြင်း ပြုသည် ဆိုသည့် ပြစ်မှုမျိုးမြောက်သည့် အနေအထားဖြင့် တရားစွဲဆိုခဲ့သော်လည်း တရားသူကြီး၏ ချမှတ်သည့် အတိုင်း နာခံသွားမည် ဟုလည်း ဦးမန်းကံညွန့်က ဖြည့်စွက်ပြောသည်။

ယမန်နေ့က ဦးမန်းကံညွန့်အား ဘားအံမြို့နယ်တရားရုံးမှ ကြားနာစစ်ဆေးမှုပြုခဲ့ပြီး ပထမရုံးချိန်းအဖြင့် ယခုလ ၁၆ရက်နေ့တွင်ပြုလုပ်ခဲ့ကာ လက်ရှိတွင်လည်း ဦးစောသန်းထွဋ်မှာ ယခုလ ၁၄ရက်နေ့တွင် ဘားအံမြို့မရဲစခန်း တွင် အာမခံလုပ်ထားရပြီး လာမည့်မနက်ဖြန်တွင်လည်း မွန်းတက် ၁၀နာရီခန့်တွင် တတိယအကြိမ် ရုံးချိန်းကို ပြန်လည်ချိန်းဆိုထားသည်။

ဦးစောသန်းထွဋ်က “ကျနော်က အဲ့ဒီဝါးဘိုးတော တကောင်ဘိုးတွေမှာ မဲရုံစီစစ်ဖို့ တာဝန်ရှိတယ်။ အဲ့ဒီမဲရုံစီစစ် တဲ့အချိန်မှာ ကျနော်တို့အစ်ကိုပေါ့ ABSDFက အစ်ကိုနဲ့ကားနဲ့ သွားဆုံတယ်။ နုတ်ဆက်တယ်။ ဝတ်ကြီးမဲရုံတ ကောင်ဘိုးမဲရုံ တို့သွားတော့ ဝတ်ကြီးမဲရုံမရောက်ခင်မှာ သူနဲ့တစ်ကြိမ်သွားဆုံတယ်။ အနောက်မှာABSDF ကားကို သူတွေ့တယ် သုံးခါလောက်ဆုံဖြစ်တော့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ NLDယှဉ်ပြီး သွားတယ်။ဒီလိုယှဉ် သွားတာကသူ့ကိုကျနော်က တိုက်ရိုက်ခြိမ်းခြောက်တာ မဟုတ်သော်လည်း သွယ်ဝိုက်သောနည်းနဲ့ ခြိမ်းခြောက် တယ်ဆိုပြီး မနေ့က သူတရားရုံးမှာထွက်ဆိုတယ် ״ဟု BNIရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်။

ထို့အပြင် တရားစွဲဆိုခံထားရသည့် ဦးစောသန်းထွဋ်အနေဖြင့် တရားဥပဒေဘောင် အတွင်း၌ပင် ရင်ဆိုင် ဖြေရှင်းသွားမည် ဟုလည်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာထပ်တိုုးမဲရုံများဖြစ်သည့် တံတာဦးကျေးရွာမဲရုံ၊တကောင်ဘိုးကျေးရွာမဲရုံ၊မဲသန၊ကော် ဟဲ၊ ကျုံထော်၊ တကောင်ဘိုး(မြိုင်)၊ဟတ္တလိုက်ကျေးရွာမဲရုံများမှာ ယခင် ၂၀၁၀ရွေးကောက်ပွဲတွင် လုံခြုံရေး ကြောင့် မဲရုံဖွင့်လှစ်နိုင်ခြင်းမရှိပဲ ယခုနှစ်ရွေးကောက်ပွဲအတွက် ထပ်တိုးမဲရုံဖြင့် ရက်ကောက်ပွဲမတိုင်ခင် ရက်ပေါင်း ၄၀အလိုတွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး- KNUထိန်းချုပ်နယ်မြေနှင့်လည်း ထိစပ် နေသည်။

Most read this week

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...
December 4, 2015
ကရင့်ရေးရာ ကော်မတီ အတွင်းရေးမှူး စောကျော်စွာက “ အစိုးရဖြစ်လာမဲ့အမတ်တွေအနေနဲ့ သူတို့အဓိက...