အကြီးစားဖွံ့ဖြိုးရေး စီမံကိန်း နောက်ဆက်တွဲပြသနာ ပြည်နယ်အစုုိးရသစ် ကြံုတွေ့နုုိင်

အကြီးစားဖွံ့ဖြိုးရေး စီမံကိန်း နောက်ဆက်တွဲပြသနာ ပြည်နယ်အစုုိးရသစ် ကြံုတွေ့နုုိင်
စအိုင်စူး — ၂၀၁၅ရွေးကောက်ပွဲအပြီး အသစ်တက်လာမည့် ကရင်ပြည်နယ်မှ အစိုးရအမတ်များသည် ကရင်ပြည်နယ် အ တွင်း အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းကြီးများနှင့် ၎င်း၏နောက်ဆက်တွဲပြဿနာများကို အဓိက ကြုံတွေ့သွားရနိုင် သည်ဟု ကရင်ပြည်နယ်တွင် အခြေစိုက်သည့် အရပ်ဖက်များက ပြောဆိုသည်။

ကရင့်ရေးရာ ကော်မတီ အတွင်းရေးမှူး စောကျော်စွာက “ အစိုးရဖြစ်လာမဲ့အမတ်တွေအနေနဲ့ သူတို့အဓိက ရင်ဆိုင် သွားရမှာက ကြီးမားတဲ့ ဖွံ့ဖြိုးရေးကိစ္စရပ်နဲ့ အဲ့ဒီစီမံကိန်းတွေရဲ့ဖြစ်လာမည့်နောက်ဆက်တွဲပြဿနာက သူတို့အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်လိမ့်မယ်။ အဲ့မှာ မြေယာတို့လို သဘာဝတ်ပတ်ဝန်းကျင်တို့လို မျိုးပါလိမ့်မယ် ” ဟု BNIရွေးကောက်ပွဲသတင်းခန်းသို့ ယနေ့ပြောသည်။

ထို့အပြင်  လက်ရှိအစိုးရလက်ထက်အောက်မှ တာဝန်ထမ်းဆောင်နေသည့် အုပ်ချုပ်ရေးပိုင်းရှိ ခေါက်ရိုးကျိုး နေသည့် ဝန်ထမ်းများနှင့် ရင်ဆိုင်တွေ့ကြုံရာတွင် များစွာအခက်အခဲဖြစ်နိုင်သည်ဟုလည်း စောကျော်စွာက ဆက်ပြောသည်။

ကရင်ပြည်နယ်အတွင်း အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများအနေဖြင့် ထိုင်း-မြန်မာအာရှအဝေးပြေးလမ်းမ၊ ရေအားလျှပ်စစ် စွမ်းအင် ၁,၂၀၀ မီကာဝပ် ထုတ်လုပ်နိုင်ရန် မြန်မာနိုင်ငံမှ The state-run Myanmar Electric Power Enterprise ကုမ္ပဏီ၊ တရုတ်နိုင်ငံမှ Sino-hydro Corporation ကုမ္ပဏီနှင့် ထိုင်းနိုင်ငံမှ Electricity Generating Authority of Thailand (EGAT)ကုမ္ပဏီတို့က ၂၀၀၆ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုး ခဲ့သည့် ဟက်ကြီးရေကာတာစီမံကိန်း၊  မြိုင်ကလေးဘီးလပ်မြေစက်ရုံနှင့် ဘားအံစက်မှုဇုံ တို့ပါဝင်သည်။

၂၀၁၅ရွေးကောက်ပွဲအပြီးထုတ်ပြန်သည့် ရလဒ်များအရ ကရင်ပြည်နယ်ရှိ မြို့နယ် (၇)မြို့၌ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်-NLDမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၆ဦးဝင်ရောက်အရွေးခံရတွင် ဖာပွန်မြို့နယ်မှ လွဲ၍ ကျန်မြို့နယ် ၆မြို့နယ်၏ လွှတ်တော်အဆင့်ဆင့်အတွက် ၂၉ဦးအနိုင်ရရှိထားပြီးကရင်ပြည်နယ်တွင် အများဆုံး အနိုင်ရရှိထားသည်။

သွီးလူထုအခြေပြုလူမှုကူညီရေး အထောက်အကူပြုကွန်ယက် ဥက္ကဌ မန်းသိန်းဇော်က အသစ်တက်လာမဲ့အ မတ်လောင်းတွေအနေနဲ့ အဓိက စိန်ခေါ်မှုတွေဖြစ်စေမှာက ယခင်အစိုးရကလုပ်သွားတဲ့ စီပွားရေးဖွံ့ဖြိုးမှု စီမံကိန်းတွေ ပြောချင်တာက သဘာဝသယံဇာတတူးဖော်တဲ့နေရာမှာ ပြည်သူတွေနဲ့ သဟဇာတ မဖြစ်တာတွေ ကုမ္မဏီတွေကနေ စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာတာတွေ ဒါတွေကို ကြုံတွေ့ရလိမ့်မယ် ဟု BNIရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်။

ထို့အပြင် နိုင်ငံအတွင်းပြဌာန်းထားသည့်ဥပဒေအတိုင်း အောက်ခြေဝန်ထမ်းများတွင် အသက်ဝင်မှုမရှိပဲ လိုက်နာဆောင်ရွက်မှု အားနည်းနေမှုများရှိနေသည့်အပေါ် တိုင်းရင်းသားလက်နက်ကိုင်များရှိနေသည့် ဒေသတွေမှာ ၎င်းအမတ်များအတွက်  တရားဥပဒေစိုးမိုးမှုမှာလည်း စိန်ခေါ်မှုများဖြစ်လာနိုင်သည်ဟု မန်းသိန်းဇော်က ဖြည့်စွက်ပြောဆိုသည်။

ထို့အတူ ၎င်းအခြေအနေများအပြင် ယခင်ပြည်နယ်အစိုးရလက်ထက်တွင် သဘောတူဖော်ဆောင်ထားသည့် နှစ်နိုင်ငံ စီမံကိန်းကြီးများမှ မြေကွက်များ အား မြေရှင်များမှ ထိုက်တန်သည့်လျော်ကြေးမရရှိပဲ အရေးယူခံထား ရသည်များအပြင် တိုင်းရင်းသားလက်နက်ကိုင်မြေယာဥပဒေများနှင့် အစိုးရမြေယာဥပဒေများကို နယ်စပ်ဒေသ များတွင် ချိတ််ဆက်လုပ်ဆောင်ရမည်မှာလည်းစိန်ခေါ်မှုများဖြစ်လာမည်ဟု ၈၈မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမြင့်အောင်ကBNIရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

အဆိုပါ အခြေအနေများအား ဖြေရှင်းကျော်လွှာရာတွင် အရွေးကောက်ခံ ကိုယ်စားများမှ ပြည့်စုံသည့် စွမ်း ဆောင်ရည်များအပေါ် မူတည်ပြီး ဖြေရှင်းသွားမည့်အပေါ်ကိုလည်း စောင့်ကြည့်သွားရမည်ဟု ကိုမြင့်အောင်က ဆက်ပြောသည်။

“ အစိုးရမှ ၁၈နှစ်ကျော်ကြာ မြေဧကပေါင်း ရ၀၀ကျော်သိမ်းဆည်းခံထားရသည့် လာကမြင်၊ လာကဒေါင်နှင့် လက္ခဏာစသည့် ကျေးနယ်သုံးခုမှ လာကဒေါင်ရွာသား စောခင်လှမြိုင်က အခုအသစ်တက်လာမည့် အစိုးရအနေနဲ့ ကျွန်တော်တို့ အသိမ်းခံထားရတဲ့ မြေတွေကို ပြန်ရအောင် ပဲလုပ်ပေးစေချင်တယ်။ အခုဆိုရင် မြေမရှိတော့ နေ့စားတွေလိုက်လုပ်ရတယ်။ သားတွေသမီးတွေက ထိုင်းနိုင်ငံမှာသွားပြီးအလုပ်လုပ်ကြရတယ် ” ဟု BNI သတင်းခန်းသို့ပြောသည်။

ကရင်ပြည်နယ်အတွင်း ဒေသတွင်းအကြီးစားဖွံ့ဖြိုးရေး၊စီးပွားရေး စီမံကိန်းများကြောင့် ဒေသခံတောင်ယာ အလုပ်သမားများ မြေသိမ်း ယာသိမ်း မှုများနှင့် ဒေသတွင်း စစ်ပွဲများကို အများဆုံးကြုံတွေ့ခဲ့ရပြီး ဒေသခံ လူငယ်လူရွယ်များ ထိုင်းနိုင်ငံသို့ အမြောက်အများ သွားရောက် အလုပ်လုပ်ကိုင် နေကြရသလို ပြည်တွင်းစစ် ဘေးရှောင်ဒုက္ခသည်များအနေဖြင့်လည်း တစ်ဖက်နိုင်ငံတွင်ဒုက္ခသည် များအနေဖြင့်ယခုအချိန်အထိ သိန်းနှင့်ချီ၍ နေနေကြရသည်။

Most read this week

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...