တိုင်းရင်းသားအခွင့်အရေးများနှင့်ပတ်သက်ပြီး အနိုင်ရပါတီအပေါ် စောင့်ကြည့်သွားမည်

တိုင်းရင်းသားအခွင့်အရေးများနှင့်ပတ်သက်ပြီး အနိုင်ရပါတီအပေါ် စောင့်ကြည့်သွားမည်
စအိုင်စူး — ၂၀၁၅ ရွေးကောက်ပွဲအပြီး အနိုင်ရရှိသွားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDအနေဖြင့် တိုင်းရင်းသား အခွင့်အရေးများနှင့်ပတ်သက်ပြီး အကောင်အထည်ဖော်လုပ်ဆောင်မှုရှိမရှိအပေါ် စောင့်ကြည့်သွားမည့် ဟု ကရင်ပြည်နယ်တွင် အရေးနိမ့်သွားသည့် တိုင်းရင်းသားများမှပြောဆိုခဲ့သည်။

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “အနိုင်ရပါတီခေါင်းဆောင် ကိုယ်တိုင်ကိုကလည်း အမျိုးသားရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသားအခွင့်အရေး ကိုဦးစားပေးလုပ်ဆောင်သွားပါမယ်လို့ မကြာမကြာထုတ်ဖော်ပြောဆိုနေတာပဲလေး ။ သူထုတ်ဖော်ပြောဆို နေတဲ့အတိုင်း ဆက်လက် အကောင်ထည်ဖော် မဖော်ဘူးဆိုတာ ကတော့စောင့်ကြည့်သွားရမှာပဲ ״ဟု BNI ရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်။

ထို့အပြင် ၎င်းတို့၏ပါတီမူဝါဒမှာ စစ်မှန်သောဒီမိုကရေစီ ခိုင်မာသောဖက်ဒရယ်ပြည်ထောင်စုနှင့်ငြိမ်းချမ်းရေးတို့ ဖြစ်ပြီး စစ်မှန်တဲ့ဖက် ဒရယ်ပြည်ထောင်စုကိုရနိုင်ဖို့ အနိုင်ရပါတီအပေါ် တွန်းတွန်းတိုက်တိုက် အသိပေးပြောဆို သွားမည်ဟုလည်း မန်းအောင်ပြည်စိုးက ဆက်ပြောသည်။

ကရင်ပြည်နယ်အတွင်း၂၀၁၅ရွေးကောက်ပွဲအတွက်  နိုင်ငံရေးပါတီ ၁၈ပါတီဝင်ရောက်ယှဉ်ပြိုင်ရာတွင် တိုင်းရင်းသားပါတီ ၁၀ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်များအရ NLDပါတီမှ ကရင် တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့်အများ ဆုံးအနိုင်ရရှိထားသည်။

ကရင်ဒီမိုကရက်တစ်ပါတီ-KDPမှ လှိုင်းဘွဲမဲဆန္ဒနယ်အမှတ်(၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း စောရဲဝင်းနိုင်က “ကျွန်တော်တို့တိုင်းရင်းသားပါတီတွေအနေနဲ့  စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို လိုအပ်တယ်။  အနိုင်ရသွားတဲ့ပါတီအနေနဲ့ ဒါကိုရယူနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ရတာပဲ။ ဒါပေမဲ့ ဘယ်လိုနည်းလမ်းနဲ့ ကြိုးစားမလဲဆိုတာနဲ့ ဘယ်လိုဆုံးဖြတ်ချက်တွေနဲ့သွား မလဲဆိုတာတော့ စောင့်ကြည့်သွားရမှာပါ ״ဟု BNIရွေးကောက်ပွဲသတင်းခန်းသို့ ဆက်လက်ပြောဆိုသည်။

 အနိုင်ရပါတီအနေဖြင့် တစ်ပါတီကောင်းအနေဖြင့်မသွားသင့်ပဲ ကာလ ဒေသ ယဉ်ကျေးမှု အဖက်ဖက် မတူညီသည့် အခြေအနေမှာ အာလုံးပါဝင်မှုဖြင့် ချီတက်လုပ်ဆောင်သွားသင့်သည်ဟုလည်း စောရဲဝင်းနိုင်က ဖြည့်စွက်ပြောဆိုခဲ့သည်။

ကရင်ပြည်နယ်၏ မြို့နယ် ရမြို့နယ်၌  NLDပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းစုစုပေါင်း ၃၆ဦးဖြင့် ဝင်ရောက်အရွေးခံရာတွင် ဖာပွန်မြို့နယ်၌ အပြတ်အသတ်ရှုံးနိမ့်ခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ် ပေါင်း၂၉ဦးဖြင့် အများဆုံးအနိုင်ရရှိခဲ့သည်။

Most read this week

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...
December 4, 2015
ကရင့်ရေးရာ ကော်မတီ အတွင်းရေးမှူး စောကျော်စွာက “ အစိုးရဖြစ်လာမဲ့အမတ်တွေအနေနဲ့ သူတို့အဓိက...