နိုင်ငံရေးပြောင်းလဲလာနိုင်တယ်လို့ နိုင်ငံရေးကိုစောင့်ကြည့်နေသူများက သုံးသပ်နေကြ

နိုင်ငံရေးပြောင်းလဲလာနိုင်တယ်လို့ နိုင်ငံရေးကိုစောင့်ကြည့်နေသူများက သုံးသပ်နေကြ
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
၂၀၁၅မတိုင်ခင် တက်လာတဲ့ ဦးသိန်းစိန်အစိုးရက စစ်အစိုးရကနေ အရပ်သားအစိုးရကို ပြောင်းလဲလာပေးမဲ့ လည်း စစ်ရိပ်စစ်ငွေ့တွေက တစ်ဝက်မကဘူး သန်းနေသေးတယ်။ အခွင့်ထူးခံတွေနဲ့ အာဏာပိုင်တွေပဲကြီပွားပြီး တော့ တိုင်းသူပြည်သူတွေက ဒုံရင်းက ဒုံရင်းပါပဲ။ နောက်ပြီး အခုရွေးကောက်ပွဲမှာလဲ သူတို့ မနိုင် နိုင်အောင် လုပ်ထားတယ်။

လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။ အာဏာလွဲလားမလွဲလား ဆိုတာက လွဲမယ်လို့တော့ကြားနေပြီး။ မလွဲသေးတော့ စိတ်မချရသေးတဲ့အထဲမှာပါ တုန်းပဲ။ လွဲရင်လည်း တစ်ဝက်ပဲလွဲမလား တစ်စိတ်တစ်ပိုင်းပဲလွဲမလား ဒါလည်းပဲစိုးရိမ်ရတယ်။ တဆက်တည်း ပြောရရင် နောက်တက်လာမဲ့အစိုးရမှာ အဲ့နှစ်ခုလောက်လျော့ရင်တော့ အကုန်ကောင်းတာပဲ။

အာဏာပိုင်တွေ အခွင့်ထူးခံတွေက စီးပွားရှာတာလျော့သွားရင် ဒို့ဆင်းရဲသားပြည်သူတွေမှာ ရှာစားဖို့ အကွက်ကလေး နည်းနည် ကျန်တာပေါ့။ လယ်သမားတွေက လယ်လေးတွေ ပြန်ရလာမယ်။ အလုပ်သမားတွေက သင့်တင့်မျှတတဲ့လုပ်ခ လစားတွေရလာမယ်။ ဒီ ၂၀၁၆မှာ ဆင်းရဲသား ပြည်သူတွေဘက်က သက်တောင့်သက်သာဖြစ်လာမယ်လို့ မျှော်လင့်ရတာပေါ့။

ကရင်ပြည်နယ်ထဲမှာ အသစ်တက်လာမဲ့ အစိုးရအနေနဲ့ အဓိက ကြုံတွေ့ရနိုင်တဲ့ အခက်အ ခဲက ယခင်အစိုးရလက်ထက် က ဖြေရှင်းမပေးနိုင်ခဲ့တဲ့ လယ်ယာမြေကိစ္စရပ်တွေပေါ့။ လယ်မြေကို အစိုးရမှ မဟုတ်ဘူး ဆိုင်ရာပိုင်ရာတွေလည်းသိမ်းနေတော့ ပြန် ရဖို့ဆိုတာကလည်း အခုအစိုးရလက်ထက်မှာ အခုထိလည်း ပြန်ရတာမကြားရသေးဘူး။ နောက်တက်လာမဲ့အစိုးရမှာ တပ်က တပ်မှာပဲနေပြီးတော့ အာဏာ  ရှိတဲ့သူတွေရဲ့လက်ထဲမှာ သေနတ်မရှိရင်တော့ နည်းနည်းသက်သာမလားလို့ အဲ့လိုတော့ မျှော်လင့်ရ တာပေါ့။

20151208 152738
ကိုစံမိုးအောင်( ကရင်ရေးရာလေ့လာသူ)

၂၀၁၀မှာရွေးကောက်ပွဲဖြစ်လာတယ်။ ဖြစ်လာတော့ ရွေးကောက်ပွဲမရှိတာထက်စာရင် ရွေးကောက်ပွဲရှိတာ ကောင်းတာပေါ့။ လွှတ်တော်မရှိတာထက်စာရင် လွှတ်တော်ရှိလာတာကောင်းတာပေါ့။ ၂၀၁၀ပြီးတော့ ၂၀၁၂ ကကြားဖြတ်ရွေးကောက်ပွဲပေါ့။ ကြားဖြတ်မှာတော့ NLDဝင်လာပြီပေါ့။ အဲဒီကနေ ၂၀၁၅ပေါ့။ တစ်ချို့ကလည်း ၂၀၁၀ ကိုမကြည့်နဲ့ ၂၀၁၅ကိုကြည့်ပါ။ ၂၀၂၀ကိုကြည့်ပါပေါ့။ အဲဒါ ၂၀၁၀တုန်းက ပြောတာပါ။ အခုဆိုရင် ၂၀၁၅ ရွေးကောက်ပွဲတော့ပြီးသွားပြီးတဲ့ နောက်မှာ နောက် အသစ် တက်လာမဲ့ အစိုးရသစ်နဲ့ ကြီးလေးကြီး ညှိတာတို့ရှိတာတွေ့ရတယ်။  ဒါက ဖြစ်သင့်တယ်လို့ပြောရမှာပေါ့။ ဥပဒေဘောင်ကိုကျော်လွန်တယ်။ ဥပဒေနဲ့ မပြည့်စုံဘူးပြောနေတဲ့သူတွေရှိပေမဲ့  ဒါက အကောင်းမြင်ဝါဒနဲ့ဆိုရင် ပိုပြီးတော့ ကောင်းမွန်လာတယ်လို့ပြော ရမယ်။ အဲဒါတော့ အကောင်းမြင် ဝါဒနဲ့ကြည့်တာ။ ဒီလာမဲ့ ၂၀၁၆မှာ နိုင်ငံရေးပညာ ရှင်တစ်ယောက်က အခုလက်ရှိအနေအထားအရ အဆိုးဘက်ကို ဦးတည်နိုင်တဲ့ အချက်အလက်တွေနဲ့ပြည့်စုံနေတယ်လို့လည်း သုံးသပ်တာကိုတွေ့ရတယ်။ ဒါကတော့ ပညာရှင်တွေရဲ့ သုံးသပ်မှုက မှန်ချင်လည်းမှန်သွားမယ်။ မှားတာတွေလည်းရှိခဲ့တာပဲ။ ဒါပေမဲ့ အခု တွေ့ဆုံမှုတွေရှိလာတော့ အကောင်းမြင်ဝါဒနဲ့ဆိုရင်တော့ နိုင်ငံရေး အခြေအနေ အရပ်ရပ်က ပိုပြီးတော့မှ ကောင်းမွန် လာမဲ့အခြေအနေမှာရှိနေတယ် ။ အခုကရင်ပြည်နယ်ထဲမှာ NLDပါတီက အများစုနိုင်ပေမဲ့ သူတို့မှာ (Team Work )စုပေါင်းလုပ်ဆောင်မှုမရှိသေးဘူးပေါ့။ အတွေ့အကြုံအရတော့ နုနယ်တယ်။ နောက်ပြီး ကရင်ပြည်နယ်က နယ်စပ်ဒေသဖြစ်တာ ရယ် နောက်ပြီးတော့ ထိုင်းနိုင်ငံနဲ့ဆက်ဆံရမယ်။ မြန်မာပြည်ရဲ့ အရှေ့တောင်တံခါး မြဝတီနဲ့ရန်ကုန် ။အဓိကအားဖြင့် စားသုံးမှုကြီးတဲ့ ရန်ကုန်ကို ဒီလမ်းကြောင်းပေါ်ကနေ ရှိနေတာပေါ့ ကရင်ပြည်နယ်က။ အဲ့ဒါတစ်ချက်ရယ်။ နောက်ပြီး အသစ်တက်လာမဲ့ ကရင်ပြည်နယ်အစိုးရက လက်နက်ကိုင်အဖွဲ့အစည်းတွေ အများကြီးနဲ့ ဆက်ဆံရလိမ့်မယ်။ ဆိုတော့ စိန်ခေါ်မှုတွေက အများကြီးပဲ။ သူ့မှာက (Team Work)လည်းမရှိဘူး။ အတွေ့အကြုံလည်း နုနယ်သေး တော့ စိတ်ချနိုင်ဖွယ်ရာမရှိ ဘူးပေါ့။

20151207 153428
နော်မာမာချို (Myanmar Institute of Politics and Public Policy)

ဒီ ၂၀၁၅ခုနှစ်မှာသုံးသပ်ချပ်အရပြောမယ်ဆိုရင်  ရွေးကောက်ပွဲလည်းလုပ်ခဲ့ကြတယ်။ ဒီရွေးကောက်ပွဲလုပ်တဲ့ နေရာမှာ ပါတီစုံပေါ့ အဓိကအားဖြင့် တိုင်းရင်းသားပါတီတွေအများကြီးပါခဲ့ကြတယ်။ ဒါပေမဲ့ တိုင်းရင်းသားပါ တီတွေလည်း ရှုံးနိမ့်ခဲ့တယ်။ အဲ့ဒီရှုံးနိမ့်ခဲ့တဲ့အပေါ်မှာလည်း ကျွန်မအနေနဲ့ တစ်အားကြီးဘယ်လိုမှမဖြစ်ပါဘူး။ ဘာဖြစ်လဲဆိုတော့ ကျွန်မတို့ ပြည်သူတစ်ရပ်လုံး ကလည်း အပြောင်းအလဲတစ်ခုကိုလိုချင်ကြတယ်။

 အဲဒါကြောင့် NLDကိုမဲထည့်ကြတယ်။ NLDနိုင်တဲ့အပေါ်မှာလည်းပဲ ကျွန်မအနေနဲ့ ဝမ်းသာတယ်၊ ဂုဏ်လည်းယူ တယ်။ ပြည်သူတွေက ပြောင်းလဲမှုကို လိုချင်ကြတဲ့အတွက် တိုင်းရင်းသားပါတီ တွေကိုမဲထည့်တဲ့နေရာမှာ အားနည်းခဲ့တယ်။

ဒါပေမဲ့လည်း အပြောင်းအလဲတစ်ခုတော့ရခဲ့တာပေါ့။ အဲဒါက ၂၀၁၅ရဲ့အခင်း အကျင်းတစ်ခုပေါ့နော်။ အဲဒီအလွန်ကိုပြောရရင် အခုဆိုရင် ရွေးကောက်ပွဲလည်းအောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့တယ်။ ဒါပေမဲ့ တစ်ခုရှိတာက ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ့နော်။ NCA(တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရေးဆိုင်ရာ သဘောတူစာချုပ်) ကို တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့ထိုးခဲ့ကြ တယ်။

ဒါပေမဲ့ အခုဆိုလည်း တိုက်ပွဲတွေဖြစ်နေတုန်းပဲ။ အဓိကအားဖြင့် ရှမ်းတို့၊ ကချင်တို့မှာဖြစ်နေတာပေါ့။ ကျွန်မတို့ တိုင်းပြည်အပြောင်း အလဲမှာ ငြိမ်းချမ်းရေးက အင်မတန်မှအရေးကြီးတယ်။ တိုင်းပြည်မှာ မအေးချမ်းဘူးဆိုရင် ရှေ့ဆက်ရမဲ့ အရာရာတိုင်းမှာ အခက်အခဲအများကြီးရှိတယ်။ ၂၀၁၆မှာ တက်လာမဲ့ အစိုးရသစ်အနေနဲ့ အဓိကဦးစားပေး လုပ်ပေးရမှာက ဒီငြိမ်းချမ်းရေးဖြစ်စဉ်ပဲ။

 မငြိမ်းချမ်းပဲနဲ့ တော့ တစ်နည်းအားဖြင့် သေနတ်သံ တွေကြားနေသ၍တော့ ဘယ်လိုမှ ရှေ့ဆက်လို့မရနိုင်ဘူး။ လူတွေမှာငြိမ်းချမ်းမှ တိုင်းပြည်မှာ စီးပွားရေးအရ ဖွ့ံဖြိုးတိုးတက်လာမယ် ကုန်သွယ်ရေးအရ တိုးတက်လာမယ်။ နောက်တစ်ခုက ဒီလာမည့် ၂၀၁၆ခုနှစ်မှစပြီး တိုင်းရင်းသားတွေရဲ့ အသံကို လွှတ်တော်မှာပါသွားစေချင်တယ်။ နောက်တစ်ချက်အနေနဲ့ ဖက်ဒရယ်စနစ်ကို ပဲသွားစေချင်တယ်။တိုင်းရင်းသားတွေ လိုအပ်တာလည်း ဒီဖက်ဒရယ်မူစနစ်ပဲ။ တစ်ပါတီ စနစ်နဲ့ပဲသွားမယ်ဆို ရင်တော့ တိုင်းရင်းသားတွေအတွက် အခက်အခဲတွေတွေ့ရမယ်။ ဖက်ဒရယ်မူစနစ်နဲ့ဒီမိုကရေစီ လမ်းကြောင်း ပေါ်မှာသွားမဲ့ ဘယ်အင်အားစု ပါတီတွေကိုမဆို တိုင်းရင်းသားတွေကလည်း လက်ခံမှာပဲဖြစ်မယ်။

ဒါကြောင့် တစ်အချက်အနေနဲ့ ငြိမ်းချမ်းရေးလိုအပ်တယ်။ နှစ်အချက်အနေနဲ့ တိုင်းရင်းသားတန်တူညီမျှရေးတွေ တိုင်းရင်းသားတွေ လိုအပ်တဲ့ ဖက်ဒရယ်မူစနစ်နဲ့သွားဖို့ကအရေးကြီးတယ်လို့ ကျွန်မမြင်တယ်။

20151207 160405
ဆရာဦးမြင့်ရွှေ (အငြိမ်းစားကျောင်းဆရာ)-နိုင်ငံရေးလေ့လာသူ

၂၀၁၅ခုနှစ် နိုင်ငံရေးဝန်းကျင်ရဲ့အခြေအနေကို ကြည့်မယ်ဆိုရင်  ၂၀၁၀ခုနှစ်မှာတက်လာတဲ့ ဦးသိန်းစိန် အစိုးရ က ပြည်သူကို ကတိကဝတ်ပေးခဲ့တဲ့အတိုင်း ဆောင်ကျဉ်းမပေးနိုင်ခဲ့ဘူး။ အထိုက်အလျောက်တော့ ဆောင်ရွက် ပေးနိုင်ခဲ့တာတော့ရှိခဲ့ပါတယ်။ သို့သော် ပြည်သူတွေ မျှော်လင့်သလိုတော့ အပြောင်းအလဲကိုတော့ မလုပ်ပေး နိုင်ခဲ့ဘူး။ ဒီ ၂၀၁၅နိုင်ငံရေးဝန်းကျင်းကိုရောက် လာတော့ ဦးသိန်းစိန်အစိုးရက ၂၀၁၀တုန်းက တက်ပြီး ဆောင်ရွက်ခဲ့တဲ့ အခြေအနေမျိုးကနေပြီးတော့ ပြောင်းလဲမှုတွေကိုတွေ့ ရတယ်။

ဘာတွေ့ရလဲဆိုတော့ မဏ္ဍိုင်ကြီး ၄ရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာ တွေပေါ့။ အဲ့ဒီမဏ္ဍိုင်ကြီး ၄ရပ်က check and balance မဖြစ်တာကို တွေ့ရတယ်။ ဥပမာ လွှတ်တော်က တင်ပြတာကို အစိုးရအုပ်ချုပ်ရေးဘက်က လက်မခံသော်လည်း ၂၀၀၈ဖွဲ့စည်းပုံပါ လုပ်ပိုင်ခွင့်အတိုင်း  အစိုးရကလက်မှတ်ထိုးပြီး အတည်ပြုပေးသကဲ့သို့ ဥပဒေ ပြုခဲ့တာမျိုးရှိတယ်။

တစ်ခါတစ်လေ အစိုရးကတင်ပြတာ ကိုလည်း လွှတ်တော်က လက်မခံတာမျိုးရှိတယ်။ နောက်တစ်ခုက တရားစီရင်ရေးမဏ္ဍိုင်မှာ ဆိုရင်လည်း အစိုးရပိုင်းက လွှမ်းမိုးထားတယ်လို့ပဲထင်တယ်။ တရားစီရင်မှု လွှတ်လပ်ခွင့်မရှိခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ ၂၀၁၅ခုနှစ်ဝန်းကျင်မှာပဲ ဖြစ်ခဲ့တဲ့ လက်ပံတန်းတောင်က ဒေါ်ခင်ဝင်းသေဆုံးမှု၊ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ သပိတ်စခန်းဖြိုခွဲ မှုတွေနောက်ပြီး ပညာရေးအပြောင်းအလဲတွေလိုချင်တဲ့ ငြိမ်းချမ်းစွာတောင်းဆိုကြတဲ့ ကျောင်းသူ ကျောင်းသားတွေကို အစိုးရကလိုတာထက် ပိုပြီးအရေးယူတာတွေ နောက်ပြီး သတင်းထောက် ကိုပါကြီးအသတ်ခံခဲ့ရတဲ့ ကိစ္စရပ်တွေက ဒါတွေကို အစိုးရက ပီပီးပြင်ပြင် မဆောင်ရွက်ပေးနိုင်ခဲ့ဘူး။ နောက်ပြီးလူ့အခွင့်အရေးကော်မရှင်က အကြံပြုချက်တွေကိုလည်း တစ်ချို့တစ်ဝက်လောက်ကိုပဲ  ဆောင်ရွက် ပေးနိုင်ခဲ့တယ်။ ဒါကြောင့် ဦးသိန်းစိန်အစိုးရတက်ခါစမှာ ကောင်းသောအုပ်ချုပ်ရေး စနစ်ဖြစ်ရမယ်။ သန့်ရှင်း သော အစိုးရဖြစ်ရမယ်ဆိုတဲ့ သူပြောခဲ့တာနဲ့ သွေဖြီခဲ့တယ်။

 ဦးသိန်းစိန်အစိုးရက ယခင် စစ်အစိုးရနည်းတွေအတိုင်း ယခင်စစ်အစိုးရဆိုတာက ၁၉၆၂ခုနှစ်ကနေ ၁၉၈၈ခုနှစ်က တော်လှန်ရေးကောင်စီခေတ် အဲ့ဒီကနေ ၁၉၈၈ကနေ ၁၉၉၃ နဝတနဲ့ ၁၉၉၃ကနေ ၂၀၁၀ နအဖ အစိုးရတွေလုပ်တဲ့ ပုံစံမျိုး ပြည်သူတွေက မြင်လာတော့ လူ့အခွင့်အရေးနဲ့ပြည့်နက်တဲ့ ဒီမိုကရေစီစနစ်ကို ဆောင်ရွက်ပေးနိုင်မဲ့ အစိုးရကို ပြည်သူတွေ ကိုလိုလား  လာကြတယ်။

ဦးသိန်းစိန်အစိုးရအပေါ်မှာ ပြည်သူတွေက အယုံအကြည်ကင်းမဲ့လာကြတယ်။ ယုံကြည် အားကိုးမှု ကျဆင်းလာတယ်။ ဒါကြောင့် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲ အကူးအပြောင်းကို ရောက်လာတော့ ဦးသိန်းစိန် အစိုးရလက်ထက်က ပုံရိပ်တွေကို မြင်လာတဲ့ပြည် သူတွေက အပြောင်းအလဲကို လိုချင်လာတဲ့သူတို့ ကို NLDပါတီက ပြောင်းလဲချိန်တန်ပြီး ကြွေးကြော်သံနဲ့အတူ ပြည်သူတွေက NLDကို အားကိုးတကြီးနဲ့ မဲထည့် ခဲ့ကြတာကိုတွေ့ရတယ်။ အဲ့ဒီကနေ NLD တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ပွဲခံခဲ့တယ်။ ဆရာ့အမြင်ကတော့ အနိုင်ရပါတီကြီးအနေနဲ့ အတက်နိုင်ဆုံးသူတို့ပေးထားတဲ့ကတိအတိုင်းတော့ သူဆောင်ရွက်မှာပဲ ။ သူဆောင်ရွက်တဲ့အပေါ်မှာ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပေးတဲ့ကတိအတိုင်း ဆောင်ရွက်ပေးနိုင်မလား မပေးနိုင်ဘူးလားဆိုတာ ဆရာတို့လည်း မပြောနိုင်သေးဘူး။

ဆရာက ဘယ်လိုတွက် လဲဆိုတော့ အကောင်းဘက်ကိုတော့ ဦးတည်သွားမှာပဲ။ ဆရာကမွန်လူမျိုးပဲ ဆရာတို့တိုင်းရင်း သားတွေ တောင်းနေတဲ့ဖက်ဒရယ်မူကိုရဖို့ အခုရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို ပြင်မှရမယ်။ အပစ်ရပ်ထားတဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း နိုင်ငံရေးဆွေးနွေးပွဲဲပြီးရင် ဖက်ဒရယ်မူကို ရနိုင်ဖို့ ဖွဲ့စည်းပုံကိုပြင်ဖို့ပြောမှာပဲ။ အသစ်တက်လာမည့် NLD အစိုးသစ်ကလည်း ဒီဖက်ဒရယ်မူကိုရဖို့အတွက် ၂၀၀၈ဖွဲ့ စည်းပုံကိုပြင်မှာပဲ။ အနိုင် ရတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေလည်းပဲ တိုင်းရင်းသားအရေးအတွက် တောင်းမှာပဲ။ အဲလိုတောင်းဖို့ ကိုလည်း ဆရာတို့က ပြည်သူ တစ်ဦးအနေနဲ့ ပူးပေါင်းဝန်းရံဖို့ အသင့်ပါပဲ။

20151208 145512
ဦးကျော်မင်းစိန်(ကုန်တင်ယာဉ်များအသင်းဥက္ကဌ-မာဃနာရေးကူညီမှုအသင်း- ဒုဥက္ကဌ)

စီးပွားရေးအပေါ်လေ့လပ်သုံသပ်ချက်အမြင် ပြည်နယ်အနေနဲ့ငြိမ်းချမ်းရေးရသွားရင် တရားဥပဒေစိုးမိုးမှုရှိလာ ရင်တိုင်းရင်းသား လက်နက် ကိုင်ရယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တကယ်လို့အရပ်သားအစိုးရနဲ့  ဒီသုံးပွင့်ဆိုင် အခြေအနေမျိုးဖြစ်လာရင် စီးပွားရေး လမ်းကြောင်းက အင်မတန်ဖန်တီးလို့ရတဲ့နေရာဖြစ်တယ်။

တစ်ချို့နေရာတွေမှာကြတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကြီးစိုးတဲ့နယ်မြေတွေမှာ သဘာဝသယံဇာတ ပစ္စည်းတွေရှိတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးအဓိကရသွားပြီးရင် တရားဥပဒေစိုးမိုးမှု တကယ်ရှိလာပြီးဆိုရင် ဒို့ပြည်နယ်က ပိုပြီးတော့ ဖွံ့ဖြိုးသ ထက်ဖွံ့ဖြိုးလာမယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းအောင် တစ်ဖက်နိုင်ငံ တွေကလည်း လာလုပ်နေတာ တွေ့နေရတယ်။
 ဒီလိုလမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာခဲ့ရင် ရန်ကုန်မြို့နဲ့ထိတွေ့မှု ရှိလာပြီး ကုန်စည် စီးဆင်းမှုလည်း ပိုမြန်လာလိမ့်မယ်။ ဒီလာမဲ့ အစိုးရလက်သစ်မှာ အခုဆိုလည်း အာဏာရ ခေါင်းဆောင်ကလည်း အတိုက်အခံကို လက်ခံတွေ့ဆုံတယ်ဆိုတာက ဒါကကောင်းတဲ့လက္ခဏာပဲ။

စီးပွားရေးအခြေအနေအရ ပြောင်း လဲမယ်ဆိုတာကတော့ ဒို့အရပ်သားတွေအနေနဲ့ သေသေချာချာ မဝေဖန်နိုင်သေးဘူး။ နောက် ဆုံပေါ့နော် ဒီအသစ် ဖွဲ့လာမဲ့ အရပ်သား အစိုးရသစ် လက်ထက်မှာ ဆိုရင် အခုအခင်းအကျင်းတွေအရ  စီးပွားရေးအခြေအနေ တွေ မှာ အလွန်းကောင်း လာမဲ့အနေအထားမှာ တွေ့နေရတယ်။

Most read this week

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
December 4, 2015
ကရင့်ရေးရာ ကော်မတီ အတွင်းရေးမှူး စောကျော်စွာက “ အစိုးရဖြစ်လာမဲ့အမတ်တွေအနေနဲ့ သူတို့အဓိက...