NLD ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များ open book system ဖြစ်စာမေးပွဲဖြေဆိုမည်

NLD ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များ open book system ဖြစ်စာမေးပွဲဖြေဆိုမည်
by -
ဆလိုင်းကျော်မိုးထွန်း
အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြင့်သင်တန်းတက်နေစဉ်
အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြင့်သင်တန်းတက်နေစဉ်
ဆလိုင်းကျော်မိုးထွန်း — စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်နှင့်ကယားပြည်နယ်များမှရွေးချယ်ခံ NLD လွှတ်တော် ကိုယ်စားလှယ်များ ယနေ့ နံနက် ၈ နာရီတွင် open book system ဖြစ်စာမေး ပွဲဖြေကြမည်ဖြစ်ကြောင်းသတင်းရရှိသည်။

အဆိုပါ လွှတ်တော်ကိုယ်စား လှယ်များစွမ်းရည်မြင့်သင်တန်းကို နေပြည်တော် ရွှေစံအိမ်ဟိုတယ်၌ ဒီဇင်ဘာ ၂၀ မှ ၂၂ ရက်ထိသုံးရက်ကြာကျင်းပခဲ့သည်။

"မေးခွန်းတွေက ဘာမေးမယ်မှန်းမသိပေမယ့် ပေးထားတဲ့မိနစ်အတွင်းမှာ ကိုယ်တိုင်ရှာဖွေရေး ဖြေကြ ရမှာပါ။ စာအုပ်တွေထဲကရှာကြည့်ဖြေလို့ရပါတယ်။ အဓိကကတော့ စာမဖတ်ထားရင် ပေးထားတဲ့ အချိန်တွင်းမှာ ဘယ်စာအုပ်ထဲကရှာရမှန်းမသိခင် ဖြေစရာတစ်လုံးမှ ရလိုက်ကြမှာမဟုတ်ပါဘူး၊ အမေစု ဆေးစွမ်းထက်ပါတယ်။ စာဖတ်ဖြစ်တဲ့ဓလေ့ပြန်ရလာတယ်။ အခုတော့အခန်းတိုင်း တိတ်ဆိတ်လို့ စာဖတ်နေကြတယ်”ဟု ကလေးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က ၄င်းလူမူကွန်ရပ် စာမျက်နှာတွင်ဖော်ပြထားသည်။

ဆက်လက်ပြီး “ဒီစာမေးပွဲဟာ အောင်စာရင်းထုတ်ပြန်ဖို့မဟုတ်ပဲ ရလဒ်ကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပေးပို့ပြီး ဘယ်သူဟာ ဘယ်လိုတင်ပြဆွေးနွေးနိုင်စွမ်းရှိသလဲဆိုတဲ့အပေါ် ဘာတာဝန်တွေပေးအပ် သွားမယ်ဆိုတာ ဆုံးဖြတ်ဖို့ပါလို့ ဆရာတွေကပြောပါတယ်"ဟု သူမကဆိုသည်။

အဆိုပါသင်တန်းတွင် ဘာသာရပ် နှစ်ခုသင်ပြကြောင်း၊ ယင်းတို့မှာ ဦးကိုနီသင်ပြသော ဖွဲ့စည်းပုံအခြေဥပဒေနှင့် ဦးအောင်ကြည့်ညွှန့်သင်ပြသော ပါတီမူဝါဒ၊ စည်းကမ်းထိန်းသိမ်းရေး ဖွဲ့စည်းပုံအဆင့်ဆင့်နှင့်ရွေးကောက်ပွဲကြေငြာစာတမ်း တို့ဖြစ်ကြောင်းသိရသည်။

“ ကျွန်တော်တို့ ကိုယ်စားလှယ်တွေနဲ့ဒီသင်တန်းကတစ်ကယ်ကိုအကျိုးရှိတယ်။ လွှတ်တော်ထဲမှာ အချိန်ကိုက် မေးခွန်းတွေမေးတက်ရ မယ်။ အဆိုတင်သွင်းတက်ရမယ်။ ပြီးတော့ လူထုရှေ့မှာ စကားပြောတာတွေကအစ ဘယ်လိုပြောဆိုရမလဲဆိုတာတွေကို သေသေ ချာချာလေ့လာခွင့် ရရှိခဲ့သည်”ဟု ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမျိုးထိုက််ကပြောသည်။

နေပြည်တော် ရွေအိမ်စံဟိုတည်တွင်ကျင်းပပြုလုပ်သော (၃)ရက်တာသင်တန်းတွင် လွှတ်တော်(၃)ရပ် တွင်အနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်များအားလုံး တက်ရောက် ခဲ့ကြကြောင်းသိရသည်။ ချင်းလူမျိုးအများစုမှာဘာသာ စကားပြောဆိုမှုအရ အဆို၊ မေးခွန်းများ တင်သွင်းမှုများအခက်အခဲရှိကြောင်းဝေဖန်နေမှုများရှိ  နေသည့် အပေါ်ယခု(၃)ရက်တာသင်တန်းမှဖြေရှင်းပေးနိုင်မည်ဟု သင်တန်းတက်ရောက် လာသူများမှယုံကြည်နေကြသည်။ ပြီးခဲ့သည့်ရက် ဒီဇင်ဘာ ၁၆ မှ ၁၈ ရက်ထိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ၊ မန္တလေးတိုင်း၊ နေပြည်တော်မြို့နယ်ကောင်စီတို့ကို ပထမသုတ် အနေဖြင့် သုံးရက်ကြာသင်တန်းပေးခဲ့ပြီးဖြစ်သည်။

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...