ချင်းတိုင်းရင်းသားခေါင်းဆောင်များ၏ နိုင်ငံရေး၊ စီးပွားရေးအမြင်

ချင်းတိုင်းရင်းသားခေါင်းဆောင်များ၏ နိုင်ငံရေး၊ စီးပွားရေးအမြင်
by -
ဆလိုင်းကျော်မိုး
ဆလိုင်းပီပီ
ဆလိုင်းပီပီ
ဆလိုင်းပီပီချင်းဒီမိုကရေစီအဖွဲ့ချုပ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအနိုင်ရတဲ့အတွက်အစိုးရကကြည်ကြည်ဖြူဖြူလွဲ ပြောင်းပေးမယ်ဆိုရင် လက်ရှိ ၂၀၁၅ထက် မြန်မာနိုင်ငံစီးပွားရေးက ၃ဆလောက်မြင့် တက်သွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံက ဒီမိုကရေစီပြုပြင်ပြောင်းလဲ တဲ့အခါမှာ ကမ္ဘာကအလေးထားတဲ့ ဒေါ်စုကတောင်ပြို ကမ်းပြိုနိုင်သွားတဲ့အခါကျတော့ အနောက်နိုင်ငံတွေ့ကအထူးသဖြင့် အမေရိကန်နိုင်ငံက ကူညီမှုတွေအများကြီးပေးပါ လိမ့်မယ်။

အဲဒီလိုကူညီတဲ့ကိစ္စကမြန်မာနိုင်ငံအတွက်တော့ တော်တော်လေးပြောင်းလဲသွားမယ့် အခြေနေလို့မြင်တယ်။ နောက်တစ်ဖက်မှာ လည်း အားကျမခံ အမေရိကန်ရဲ့ကူညီမှုကို အပြိုင်အဆိုင်အနေနဲ့တရုတ်ကလည်း မြန်မာနိုင်ငံကိုမျက်နှာပြတဲ့ အနေနဲ့အများကြီး ထောက်ပဲကူညီမှုကောင်းလာနိုင်ပါတယ်။ အရင်းအနှီးလိုအပ်နေတဲ့နိုင်ငံဖြစ်သည့်အား လျော်စွာ အထောက်အပံ့ဆိုတဲ့ထောက်ပံငွေတွေက အမေရိကန်ကသော်လည်းကောင်း၊ တရုတ်ကသော်လည်းကောင်းအများကြီး ရလာပါလိမ့်မယ်။

ဒီတော့ ချင်းပြည်နယ်အတွက်အကျိုးရှိမရှိကြည့်မယ်ဆိုရင် နှစ်ပိုင်းကြည့်ရပါမယ်။ လွှတ် တော်ပိုင်းနဲ့အုပ်ချုပ်ရေးပိုင်းပါ။ လွှတ်တော်အပိုင်းမှာ NLD ကပဲအားလုံးရသွားတဲ့ အတွက်ကြောင့် NLD ကပဲအုပ်ချုပ်ဖို့များတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲအုပ်ချုပ် အုပ် ချုပ် အရည်အချင်းကအဓိကပြန်ဖြစ်သွားပြီ။  

လွှတ်တော်တစ်နေရာထဲမှာလဲပဲအရင်က ၅နှစ်အတွင်းမှာလွှတ်တော်ကိုယ်စားလှယ် တွေကဥပဒေသစ်ပြဌာန်းနိုင်တာဆိုလို့ ၈ခုပဲရှိတယ်။ အခုလာမဲ့ ၅နှစ်အတွင်းမှာ NLDက ကျွန်တော်တို့ချင်းပြည်နယ်အတွက် ဥပဒေသစ်တွေယ်လောက်ပြဌားန်ပြုပြင်နိုင် မလဲဆို တာတော့ တော်တော်လေးအရေးကြီးလာတယ်။ ဒါကြောင့် ကျွန်တော်ဆိုလိုခြင်တာက အရည်အချင်းကနံပါတ် ၁ဖြစ်တယ်။ ပါတီနဲ့သိပ်မဆိုင်ဘူးထင်ပါတယ်။ ဒုတိယအနေနဲ့ လွှတ်တော်ပေါ့ အုပ်ချုပ်ရေးအနေနဲ့ဝန်ကြီးချုပ်နေရာမှာရှိတဲ့ ဝန်ကြီး ၉ ပါး ကတော်တော် လေးအရးကြီးလာတယ်။ ဝန်ကြီးချုပ်အရည်အချင်းရှိတဲ့သူရဲ့ခံယူချက်အားလုံးကို ခြုံနိုင် တဲ့သူ၊ စိတ်ဓာတ်ခံယူချက်ရှိ တဲ့သူခန့်ထားနိုင်တယ်ဆိုရင်တော့ ကောင်းပါတယ်။ ဝန်ကြီး (၉)ပါးခန့်ထားတဲ့နေရာမှာလဲတကယ့်ကိုလူမှန်နေရာ မှန်အရည်အခြင်းရှိတဲ့ သူကိုခန့်ထားနိုင်မလားဆိုတာကလည်းအရေးကြီးတယ်။ ဒီနေရာမှာ NLDထဲကနေပဲ ခန့်တာမဟုတ်တော့ပဲနဲ့ အနိုင်ရတဲ့လူထဲကကော၊ အနိုင်မရတဲ့လူထဲကကော အရည်အခြင်းရှိတဲ့သူကိုခန့်ထားနိုင်မယ်ဆိုရင် ချင်းပြည်နယ် အတွက်တော်တော် လေးအကျိုးရှိပါလိမ့်မယ်လို့ထင်ပါတယ်။

Cherry Za houng
ချယ်ရီဇာဟောင် (ချင်းတိုးတက်ရေးပါတီ )(အတွင်းရေးမှုး)

လက်ရှိအစိုးရလက်ထက်ကနေနောက်အစိုးရသစ်လက်ထက်မှာဆိုရင်အမျိုးသမီးတွေ ရဲ့လူနေမှုဘဝမြင့်တက်ဖို့ ဆိုတာကတော့ လက်ရှိချင်းပြည်နယ်မှာအရွေးခံတဲ့အမျိုးသမီးတွေရဲ့အရည်အခြင်းပေါ်အများကြီးမူတည်တယ်။ အမျိုးသားတွေကတော့ဘယ်တော့မှ အမျိုးသမီးအခွင့်အရေးကို ကိုင်နိုင်မှာမဟုတ်ဘူး။ သူတို့စိတ်ဝင်စားတဲ့အရာလည်း မဟုတ်ဘူးလေ။ အခုတင်မြောက်ထားတဲ့ အမျိုးသားတွေဆိုရင်လည်းရှေးရိုးရာစွဲအရ အမျိုးသား၊ အမျိုးသမီးတန်းတူဆိုတာကို အယုံအကြည်မရှိတဲ့သူတွေအများစုပဲလေ။ ဒါကြောင့်လက်ရှိအမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်ကိုစောင့်ကြည့်ရမှာပေါ့။ မျှော်လင့် ချက်တော့သိပ်ပြီးရှိမယ်မထင်ဘူး။ ဒီအမတ်တွေရဲ့အားထုတ်မှု ဘယ်လောက်ရှိမယ် ဆိုတဲ့ပေါ်မှာမူတည်တယ်။

နောက်ပြီး NLD အစိုးရတက်လာတယ်ဆိုတော့နိုင်ငံရေးကတော့တော်တော်လေး တိုးတက်သွား မယ်လို့တော့ထင်တယ်။ စီးပွားရေးကတော့သိပ်ပြီးတော့ မျှော်လင့်ချက်မထားဘူး။ ချင်းပြည်နယ်ရဲ့အနေအထားနဲ့ပေါ့ ဘာလို့လဲဆိုတော့ NLD ဆိုတာကလည်းဗဟိုဦးစီးစနစ်နဲ့သွားတာလေလူနေမှုအဆင့် အတန်းတကယ်တိုးတက် လာဖို့ဆိုတာကကျွန်မတို့ဖက်ဒရယ်ရမှလေ။ ဒီအတွက်တောက်လျောက်နှစ်ပါင်း၆၀နီးပါး ကဘာပဲလုပ်လုပ်ဗဟိုဦးစီးစနစ်နဲ့ချသွာတာလေ။ ဗဟိုကနေချလိုက်တဲ့စီးပွားရေး စနစ် တွေက စီးပွားရေး စီမံကိန်း တွေက ချင်းပြည်နယ်ရဲ့ အနေအထား ချင်း ပြည်နယ်ရဲ့သဘာဝ သံယံဇာတ၊စိုက်ပျိုးရေး ပေါ့ လူတွေရဲ့နေထိုင်မှု နှင့်ကိုက်ညီချင် မှကိုက်ညီမှာလေ ဗဟိုကနေချလိုက်တဲ့စီးပွားရေးစနစ်တွေက စီးပွားရေးစီမံကိန်းတွေက ချင်းပြည်နယ်အတွက်ရောင်ပြန်“ဟတ်မှုမရှိတဲ့အခါကျတော့ ချင်းပြည်နယ်ကအဆင်းရဲ ဆုံးပြည်နယ်ဖြစ်သွားတာပေါ့။ ဒါကြောင့်ဒါတွေကိုတိုက်ဖျက်ဖို့ဖက်ဒရယ် ရမှဖြစ်မယ် ဆိုပြီးအမြဲတမ်းပြောနေတာပေါ့။

ချင်းပြည်နယ်အစိုးရတစ်ရပ်ဖြစ်ဖို့ဆိုရင် ချင်းပြည်သူ လူထုတွေလက်ထဲမှာ ဆုံးဖြတ်ချက်ချမှတ်နိင်ဖို့လိုတယ် အဲဒီလိုမှ မဟုတ်ပဲအရင်အစိုးရ အတိုင်းဗဟိုကနေ လာချပေးမယ်ဆိုရင် ကျွန်မတို့အနေ အထားနဲ့ ထိရောက်မှု ရှိချင်မှ ှရှိမယ် ဗဟိုမှာမူဝါဒတွေ ဘယ်လောက်ကောင်းကောင်း လက်တွေက ချင်းပြည်နယ် အနေအထားနဲ့ တိုက်ဆိုင်မှုမရှိရင်အလကားပါပဲ။အဲဒါတွေကိုကျွန််မတို့ကြည့်ရမယ်။ NLD ကလက်ရှိ ချင်းပြည်နယ်အစိုးရကို ဘယ်လောက်ထိ လုပ်ပိုင်ခွင့်ပေးမလဲ ဆိုတာကြည့်ရမှာပါ။ အာဏာကိုဘယ်လိုခွဲဝေမလဲပေါ့ ဒီလိုမှမဟုတ်ပဲ ဗဟိုကနေပဲ ချုပ်ကိုင်မယ်ဆိုရင် တော့ ချင်းပြည်သူ လိုချင်တဲ့အိမ်မက်တွေနဲ့ ဝေးနေမှာပဲ။

6245
ဦးငိုင်ဇက် - ချင်းဒီမုုိကရေစီအဖွဲ့ချူပ်

၂၀၁၅-၂၀၁၆ ခုနှစ် ခန့်မှန်းပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံကအများကြီး တိုးတက်လာနိုင်ပါတယ်။ NLD ကတပြည်လုံး အတိုင်းအတာမှာအနိုင်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကကြီးမားတယ်လေ ။ဒါကြောင့် နိုင်ငံတကာကနေအလုံးအရင်းနဲ့ ရင်းနှီးမှုတွေဝင်လာနိုင်စရာရှိတယ်။ ချေးငွေတွေလည်းအများကြီးရလာနိုင် တယ်။

အဲဒီအပေါ်ချင်းပြည်နယ်သာမကတပြည်လုံးအတိုင်းအတာအရစီးပွားရေးတိုးတက်လာနိုင်စရာရှိတယ်။ ဒါပေမယ့် ကျန်ဒေသတွေ သာတိုးတက်ပြီး ချင်းပြည်နယ်မှာ အကောင်အထည်ဖော်မူ့၊ ထိရောက်မှုရှိပါ့မလား ဆိုတာလည်း သံသယဝင်စရာရှိတယ်။  အစိုးရခေတ်အဆက်ဆက်က ချင်းတောင်တို့ ကယား တို့ဆိုတာ လစ်လျူ  ရှုနိုင်တဲ့နယ််မြေတွေ ဖြစ်နေတယ်။ ဘယ်လောက်ထိ လုပ်နိုင်တယ်ဆိုတာတော့ သံသယဝင် စရာဖြစ်တယ်။ ဒါကြောင့်တစ်ပြည်လုံးတပြေးညီ ဖွွွင့်ဖြိုးတိုးတက်ရေး မူဝါဒကိုအသေအချာ ချပြီး လုပ်ဆောင်နိုုင် မှဖြစ်ပါမယ်။ တဖက်ကတော့ခရီးသွားလုပ်ငန်းတွေကိုခွင့်ပြုပေးရင်တော့ပိုပြီးတော့အဆင်ပြေ                        လာနိုင်စရာရှိ်တယ်။

ပွင့်လင်းမြင်သာမှုရှိလာပြီလေ နောက်တစ်ခုက ရင်းနှီးမြပ်နှံမှု ဥပဒေကိုလည်းပြင် ဆင်ရမယ်။ နည်းဥပဒေကိုလည််းစနစ်တကျ ကိုင်တွယ်ရမှာဖြစ်တယ်။

အခုထိချင်းပြည်နယ် မတူပီမြို့နယ် မှာ နိုင်ငံခြားခရီးသည်တွေ ကန့်သတ်ပြီးတော့ ပိတ်ပင်တာတွေလည်း ဖွင့်ပေးလိုက်ရပါမယ်။ ဒါတွေ အကုန်လုံး ဖွင့်ပေးလိုက်ရင်တော့ ခရီးသွားလာရေး လုပ်ငန်းဖွင့်ဖြိုးမယ်  စီးပွားရေးပိုင်း မှာပိုပြီးတော့ တပြေးညီနယ်စပ် ဒေသ နဲ့ ဖွင့်ဖြိုး ရေးဆိုတဲ့မူနဲ့သွားပြီး တော့နယ်စပ်ဒေသ ဖွင့်ဖြိုးရေးမူစီမံံံချက် လိုတယ် ။

 ၂၀၁၅ကတော့ကြံခိုင်ရေးအစိုးရက လုပ်တန်သလောက် ကြိုးစားပမ်းစား လုပ်ခဲ့ပါတယ်။ ဖြစ်ချင်တော့ ရေဘေးကြံုတွေ့ရတယ်။ အခြေခံအဆောက်အအုံ တော်တော်များများ ကပျက်စီးတဲ့အထဲမှာပါတော့ပြန်လည် တည်ဆောက်ရေး လုပ်တဲ့အခါမှာ ပိုအရေးကြီးလာတယ်။ ပုံမှန်အနေ အထားနဲ့လုပ်ဆောင်ရမဲ့ပြည်မတွေနဲ့ တန်းတူရည်တူ သွားထားလို့တော့ အဆင်မပြေဘူး။ အထူးရေဘေး ကြံုတွေ့နေရတဲ့ နယ်မြေဒေသကို အထူးသတ် မှတ်ပြီးတော့ အခြေခံအဆောက်အအုံ ဖွင့်ဖြိုးရေး လုပ်ငန်းကို ပြန်လည်လုပ်ပေး နိုင်မှဖြစ်ပါ့မယ်လို့ သုံးသပ်ချင် တယ်။

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...