အရှုံးကို သုံးသပ်ရင်း ၂၀၂၀ အတွက် ချင်းပါတီများပြင်ဆင်

အရှုံးကို သုံးသပ်ရင်း ၂၀၂၀ အတွက် ချင်းပါတီများပြင်ဆင်
by -
ဆလိုင်း ထန်စွမ်းလျံ
ဆလိုင်း ထန်စွမ်းလျံ — ၂၀၁၅ခုနှစ်၏ အထွေအထွေရွေးကောက်ပွဲကြီးပြီးဆုံးသွားချိန်မှာတော့ ချင်းပြည်သူ လူထုမျှော်လင့်မထားသည့်ရလဒ်များ ထွက်ပေါ်ခဲ့တာကိုအားလုံးသိကြပြီးဖြစ်ပါတယ်။

ချင်းပြည်နယ်အတွင်းမှာ ဒေသခံချင်းပါတီတွေအပါအဝင် ပါတီပေါင်း ၁၃ ပါတီက ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကအစိုးရဖွဲ့နိုင် တဲ့အထိ အောင်မြင်ခဲ့ကြတယ်။

ယခုရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ့နဲ့ တစ်ခြား ပါတီတွေ့ဟာ မမျှော်လင့်နိုင်အောင် ရှုံးနှိမ့်ခဲ့ကြတဲ့အတွက် လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲ မှာ ပြင်ဆင်နိုင်ဖို့ တိုင်းရင်းသားပါတီတွေဟာ အခုထဲကစတင်ပြင်ဆင်နေကြပြီးဖြစ်ပါ တယ်။

၂၀၁၅ ရွေးကောက်ပွဲ၌ မဲဆွယ်စည်းရုံးရေး၊ ငွေကြေးနည်းပါးခြင်း၊ မဲဆန္ဒရှင်ပညာပေး လုပ်ငန်းများတွင် အားနည်းချက်များရှိ ခဲ့ကြောင်းကို ပါတီကိုယ်စားလှယ်များ ဝန်ခံပြော ဆိုခဲ့ကြပါတယ်။

 ရွေးကောက်ပွဲကာလ အတွင်းမှာ ကော်မရှင်အပါအဝင် နိုင်ငံရေးပါတီများအနေနဲ့ မဲဆန္ဒရှင်ပညာပေးမှု အပိုင်းမှာ အားနည်းခဲ့တယ်။ လမ်းပန်းဆက်သွယ်ရေး အခက်ခဲ များကြောင့် မဲဆန္ဒနယ်မြေအစုံသို့ သွားရောက် နိုင်ကြခြင်း မရှိတာကြောင့် မဲဆွယ်ရာ တွင်အားနည်းချက်များ ဖြစ်ပေါ်ခဲ့တာပါလို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးကျော်လင်းနှင့် နိုင်ငံရေးပါတီများ သုံးသပ် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မင်းတပ်မြို့နယ်တွင်လည်း မဲပေးနည်းနှင့် ပါတီအကွဲပြားမှု များဖြစ်ပေါ်ခဲ့တယ်လို့လည်းပြောဆိုခဲ့ပါတယ်။

မဲပေးရာတွင် အမှတ်ခြစ်ရမလား၊ တံဆိမ်တုံးထုရမည်လားဆိုသည်ကို ကွဲကွဲပြားပြား မသိသူများပြီး ပယ်မဲ ဖြစ်စေနိုင်သည့် မဲပေးနည်းကိုမသိသူများရှိခဲ့ကြောင်း ချင်းပြည် နယ်ရွေးကောက်ပွဲ စောင့်ကြည့်သူများ ကလည်း ဆိုပါတယ်။

တိုင်းရင်းသားပါတီတွေ့အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အတွက် မိမိတို့အနေဖြင့် ကျေးရွာများအထိ လိုက်လဲပညာပေးလုပ်ငန်းများလုပ်ဆောင်ရန် မလွယ်ကူကြောင်း၊ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲတာဝန်ရှိသူများ၊ မဲရုံတာဝန်ရှိသူများကို မဲပေးနည်းမှန်ကန်စေရေး သင်တန်းများပေးပြီး ဒေသခံများထံ ပြန်လည်သင်ကြားပေး ရန် ညွှန်ကြားခဲ့ကြောင်း မင်းတပ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယဦးစီးမှူး ဦးနိုင်းအွန်ကလည်း ပြင်ဆင်နေမှုများကိုပြောပြခဲ့ပါတယ်။

 “ မတူပီမြို့နယ်ထဲက ရွာတွေမှာ ဘာမှမသိကြသေးတဲ့သူတွေ ရှိတယ်။ သူတို့ကဒေါ်စုကို ချစ်ကြတယ်။ မဲပေးမယ်လို့ ပြောတယ်။ ဒါပေ မယ့် NLD ကိုတော့မဲမပေးဘူး။  ကြံ့ခိုင်ရေးက ငါတို့ကို အနိုင်ကျင့်ခဲ့တာတွေရှိတယ်။ ဒါကြောင့်ပြည်ခိုင် ဖြိုးကိုပဲမဲပေးမယ် ဒီလိုမျိုးတွေ ဖြစ်နေကြတယ်။ နောက်ပြီး NLD ပါတီကိုလည်း ခွပ်ဒေါင်းမဟုတ်ဘဲခမောက်လို့ ထင်နေကြတဲ့သူတွေ ရှိတုန်းပဲ” ဟု မတူပီဒေသခံတစ်ဦး က သူ့အတွေ့အကြံုကိုပြောပြသည်။

ယခုကဲ့သို့ဖြစ်စဉ်မျိုးသည် တစ်ခြားပြည်နယ်နှင့်တိုင်းများတွင် ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲချင်းပြည်နယ် တစ်ခုတည်းတွင်သာ ဖြစ်ပေါ်ခဲ့ သဖြင့် ထူးခြားမှုဟုဆိုရမည်ဖြစ်သည်။

မဲဆွယ်စည်းရုံးရေးကာလအတွင်း ပါတီကြီးများက ငွေကြေးအပေးအယူလုပ်ပြီး မဲဆွယ်စည်းရုံးမှုတွေ ရှိခဲ့တယ်လို့လည်း ပါတီများကသိရပါတယ်။

ပါတီမဲဆွယ်ပွဲများတွင် ပြည်သူများကိုငွေပေး၍ မဲဆွယ်စည်းရုံးခဲ့ကြောင်း၊ တွန်းဇံမြို့တွင် ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး လ္ဘက်ရည်တိုက်၊ မုန့်ကျွေးမည်ဟုခေါ်ဆိုကာ လာရောက်သူများသ ဖြင့် ယင်းအစားငွေပေးခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ငွေပေးစည်းရုံးခြင်းသည် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုမြောက်သော်လည်း လာရောက် တိုင်ကြားခြင်းများ မရှိသေးကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံမှသိရသည်။

“ ရ၅ ရာခိုင်နှုန်းလောက် အနိုင်ရရှိပါတယ်။ ခုလောလောဆယ်တော့ အနိုင်ရကိုယ်စားလှယ်တွေရဲ့  နာမည်စာရင်းတွေကို စုနေပြီ။ ဗဟိုကိုပို့ဖို့ ပြင်နေပါတယ် ” လို့ ချင်းပြည်နယ် NLD ပါတီ ဥက္ကဌ ဦးဇိုဘွဲ့က ပြောသည်။

မဲဆန္ဒနယ်မြေ ၃၉ နေရာရှိသည့်အနက် ပါတီ ၁၃ ခုမှ ကိုယ်စားလှယ်ပေါင်း ၂၂၃ဦနှင့် တစ်သီးပုဂ္ဂလ ရ ဦး ယှဉ်ပြိုင်ခဲ့ကြပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့် ၂၈ နေရာ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(ZCD)က ၆ နေရာ၊ ပြည်ခိုင်ဖြိုးပါတီက ၅ နေရာအနိုင်ရရှိကာ ကျန်ရှိသည့် ချင်းပါတီများ ရှုံးနှိမ့်ခဲ့ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးမှ အနိုင်မရခဲ့သည်ကိုလည်းတွေ့ရှိရသည်။

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၏ မဲဆန္ဒနယ်မြေထက်ဝက်ခန့် အနိုင်ရခဲ့သည့် ချင်းအမျိုးသားဒီမိုက ရက်တစ်ပါတီနှင့်ချင်းတိုးတက်ရေး ပါတီတို့အပါအဝင် ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီ၊ တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ဟားခါး၊ ဖလမ်း၊ မတူပီ၊ ပလက်ဝ၊ မင်းတပ်စသည့် မြို့နယ် ၅ မြို့တွင်လွှတ်တော်သုံးရပ်စလုံးအတွက် အနိုင်ရရှိခဲ့ပြီး ကန်ပက်လက်မြို့တွင် ၃ နေရာ၊ ထန်တလန်မြို့တွင် နှစ်နေရာနှင့် တွန်းဇံမြို့တွင်တစ်နေရာအနိုင်ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးဇိုဘွဲကဆိုသည်။

“ ပြည်သူတွေက သူတို့ချစ်တဲ့ပါတီကိုပဲ မဲထည့်တာပေါ့။ တိုင်းရင်းသားပါတီ ဆိုပေမယ့်လည်း ဒေသအကျိုးကို လုပ်မပေးနိုင်ဘူးထင်လို့မဲမထည့်ကြတာဖြစ်မယ်။ တိုင်းရင်းသား ပါတီတွေအနေနဲ့ ပိုပြီးကြိုးစားကြဖို့လိုပြီ ” ဟု တီးတိန်မြို့မှ နိုင်ငံရေး စိတ်ဝင်စားသူတစ်ဦးက သူ့အမြင်ကိုပြောဆိုသည်။

ချင်းပါတီတွေ မူလရည်ရွယ်ချက်အတိုင်း ဆက်ရှိမယ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ချင်းပါတီများ အနေဖြင့် ၄င်းတို့၏ မူလရပ်တည်ချက်အတိုင်းသာ ဆက်လက်တည်ရှိ မည်ဖြစ်ကြောင်း အဆိုပါပါတီများက ပြောဆိုကြသည်။

တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို တိုင်းရင်းသားပါတီများကသာသေချာ ကျနစွာ လုပ်ဆောင်နိုင်မည်ဖြစ် သည့်အတွက်တိုင်းရင်းသားပါတီများကိုသာရွေးချယ်စေ လိုသော်လည်း ၄င်းတို့ဆန္ဒအတိုင်းသာ ဖြစ်မြောက်ရန် အရေးကြီးကြောင်း ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ မှဆိုသည်။

“ အခုပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပြည်သူတွေက ဒေါ်စုကိုပဲ မဲထည့်တာ၊ဘာလို့ဒီလူတွေက နိုင်သွားတာလဲဆိုတဲ့ မေးခွန်းတွေ ပြန် ကြားရတယ်။ ပြောချင်တာက ပြည်သူတွေမှာ မဲထည့်တဲ့အတွေ့အကြံုတွေ ကောင်းကောင်းမရှိကြဘူး။ ဒေါ်စုကိုချစ်ပေမယ့် သူတို့ထည့်ချင်တဲ့ပါတီက မဟုတ်ဘူးဖြစ်နေတယ်။ ဒီလိုတွေပေါ့။ ဘာပဲဖြစ်ဖြစ် မဲဆန္ဒရှင်တွေ ကျေနပ်ကြဖို့က အဓိကပါ ” ဟု ယင်းပါတီ အတွင်းရေးမှူး ၁ ဆလိုင်းငယ်ပီးက ပြောသည်။

ချင်းပြည်နယ်အတွင်း မဲဆန္ဒရှင်များအနေဖြင့် ရွေးကောက်ပွဲအသိပညာများ နည်းပါးမှုများ ရှိသည့်အတွက် လာမည့်ရွေးကောက်ပွဲများတွင် ပိုမိုပညာပေးရန် လိုအပ်ကြောင်း၊ ပြည်ခိုင်းဖြိုး၊ NLD ကဲ့သို့ အင်အားကြီးပါတီများရှိသကဲ့သို့ တိုင်းရင်းသားမျိုးနွယ်စုကိုယ်စားပြု ပါတီများလည်းရှိပြီး ၄င်းတို့အနေဖြင့် ဒေသအကျိုးများကိုအခြားပြည်မမှပါတီများထက် ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၄င်းတို့ကပြောဆိုထားသည်။

ဝန်ကြီးချုပ် ဘယ်သူဖြစ်မလဲပြည်နယ်အစိုးရဖွဲ့လျှင် ပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် သမ္မတမှရွေးချယ်မည်ဖြစ်၍ သမ္မတရွေးချယ်ပြီးချိန်မှသာလျှင်မိမိတို့ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကိုသိရှိနိုင်မည်ဖြစ်ကြောင်း အနိုင်ရပါတီဖြစ်သည့်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်နယ်ဥက္ကဌ ဦးဇိုဘွဲ့က ပြောသည်။

လက်ရှိ ဝန်ကြီးချုပ်ဖြစ်သည့် ဦးဟုန်းငိုင်းမှာ ရွေးကောက်ပွဲတွင် ရှုံးနှိမ့်သွားပြီဖြစ်၍ မည်သူဖြစ်လာမည်ဆိုသည်ကို စိတ်ဝင်စားစရာဖြစ်သည်။

ရွေးကောက်ပွဲမတိုင်မီကာလများတွင်တော့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီမှ ပြည်နယ်အစိုးရ ဖွဲ့နိုင်ရန် ကြိုးစားမည်ဟု ဆိုထားသဖြင့် ယင်းပါတီခေါင်းဆောင်များထဲမှ ဝန်ကြီးချုပ်မည်သူူ ဖြစ်နိုင်မည်ကို ခန့်မှန်း၍ရနိုင်သော်လည်း ရွေးကောက်ပွဲတွင် ရှုံးနှိမ့်ခဲ့သဖြင့် ဝန်ကြီးချုပ်နေရာ အလှမ်းဝေးနေပြီဖြစ်သည်။

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...