ညစ်ညမ်း အမှိုက်ပေါများမှုကြောင့် NLD၏ အမှိုက်ကောက်အစီအစဉ်အတွက် အခက်တွေ့နေ

ညစ်ညမ်း အမှိုက်ပေါများမှုကြောင့် NLD၏ အမှိုက်ကောက်အစီအစဉ်အတွက် အခက်တွေ့နေ
စအိုင်စူး — ကရင်ပြည်နယ်၌ မြို့ပေါ်ရပ်ကွက်များတွင် ညစ်ညမ်းအမှိုက်ပေါများခြင်းသည် NLD၏ အမှိုက်ကောက် လှုပ်ရှားမည့် အစီအစဉ်အတွက် အခက်အခဲဖြစ်နေသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထွေးမြင့်က BNI ရွေးကောက်ပွဲသတင်းခန်းသို့ ယနေ့တွင် ပြောဆိုခဲ့သည်။

၎င်းက “ကျွန်မတို့အတွက်အခက်အခဲက ကျွန်မတို့ဆီမှာ အမှိုက်လို့ပြောရင် နည်းတဲ့အမှိုက် တွေမှ မဟုတ်တာ။ ကျွန်မတို့ပါတီဝင်တွေရော ကျွန်မတို့ကိုယ်၌ရော ဆင်းပြီးမကောက်ရဲတဲ့ တော်တော် ရွံစရာကောင်းတဲ့ အမှိုက်တွေရှိတယ်။ သိပ်ညစ်ညမ်းနေတော့ ဒါကြီးတွေကို ဆည်ပစ်ဖို့ဆို တာက သုံးရမဲ့ ကိရိယာကကျွန်မတို့ဆီမှာ အလွန်ဆုံးရှိရင် မီးညှပ်နဲ့တံမြက်စည်း လောက်ပဲရှိမယ် ״ ဟုရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်။

အဆုုိပါ ညစ်ညမ်းအမှိုက်များ ဆုုိသည်မှာ ပုုတ်ပွနေသည့် အမှိုက်များ၊ လာရောက် သိမ်းဆည်းခြင်း မရှိ ကြာရှည်နေသည့် အမှိုက်များကိုု ဆုုိလုုိကြောင်း အဆုုိပါအမှိုက်များမှာ သာမာန်ကောက်ယူ ဖယ်ရှားရုုံ ဖြင့်မရနုုိင်သဖြင့် အမှိုက်ရှင်း ကိရိယာများလုုိအပ်ကြောင်း ရှင်းပြသည်။

အဆိုပါ အမှိုက်ကောက်မည့်လှုပ်ရှားမှုကိုလာမည့် ဒီဇင်ဘာ ၁၂ရက်တွင်စတင်လုပ်ဆောင်နိုင်ရန် ကရင်ပြည်နယ်အတွင်းရှိ NLDပါတီ၏ တာဝန်ရှိသူများကို ဒီဇင်ဘာ ၁ ရက် တွင်အစည်းအဝေး ခေါ်ထားပြီး လုပ်ဆောင်သွားမည့် အသေးစိတ်လုပ်ငန်းများကို တိုင်ပင်ဆွေးနွေးသွားကြမည်ဖြစ် သသည်။  

၎င်းတို့၏ အမှိုက်ကောက်ခြင်း လုပ်ဆောင်မည့်အပေါ် ပြည်သူတစ်ချို့မှ ပူးပေါင်းလုပ်ဆောင်ရန် ပြောဆိုခြင်းမျိုးလည်းရှိသည်ဟု နန်းခင်ထွေးမြင့်ကဆက်ပြောသည်။

အဆိုပါ NLD၏ အမှိုက်ကောက်ခြင်းလုပ်ဆောင်ချက်ကို ကရင်ပြည်နယ်ရှိ မြို့နယ် ရမြို့နယ်မှ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်များအပါအဝင် NLDပါတီဝင်များအားလုံးမှလာမည့် ဒီဇင်ဘာ ၁၂ရက်နှင့် ၁၃ရက်မှ စတင်ကာလစဉ် ပုံမှန်လုပ်ဆောင် သွားမည်ဖြစ်သည်။

ဘားအံမြို့နေ စောကျော်နိုင်က “သူတို့ရဲ့အခုလိုအမှိုက်ကောက်ဖို့ လုပ်ဆောင်မဲ့အပေါ်မှာတော့ ကျွန်တော် အနေနဲ့ အသိအမှတ်ပြုတယ်။ ဒါကလည်းအခြေခံကျတဲ့ လှုပ်ရှားမှု တစ်ခုပဲလေ။ သူတို့ ကိုယ်တိုင်ကိုယ်ကျ ကောက်မယ်ဆိုတော့ လူထုတွေ အသိအမြင် အတိုင်းအတာ တစ်ခုအထိ ပွင့်လင်းလာ တာပေါ့״ ဟု ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

ထို့အပြင် အမှိုက်များကောက်ယူမှုကို ကိုယ်ပိုင်အသိဖြင့်လုပ်ဆောင်ရန်လိုအပ်သလို NLDပါတီ၏ ဦးဆောင်ပြီး အမှိုက်ကောက်မည့် လုပ်ဆောင်မှု အပေါ်တွင်လည်း ပြည်သူများ အနေဖြင့် ပူးပေါင်းပါ ဝင်ဖို့ဖြစ်သင့်သည်ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

နိုဝင်ဘာ၂၈ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည့် NLD၏ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံပွဲသို့ ကရင်ပြည်နယ်မှ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်အားလုံးတက်ရောက်ခဲ့ပြီး အဆိုပါတွေ့ဆုံစဉ် အမှိုက်ကောက်မည့် အစီအစဉ်ကို တစ်နိုင်ငံလုံး အတိုင်းအတာအထိပြုလုပ်ကြရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...