တောင်ဇလပ်မြေမှာ အောက်ချင်းငှက်တွေ ဘာကြောင့်အရေးနိမ့်ရသလဲ

တောင်ဇလပ်မြေမှာ အောက်ချင်းငှက်တွေ ဘာကြောင့်အရေးနိမ့်ရသလဲ
မုုိးကျော်  — မတ်စောက်လွန်းတဲ့ တောင်တန်းကြီးတွေ ကာရံထားပြီး တောင်ဇလပ်ပွင့်ဖတ်နီကြီးတွေ ဖူးဖွင့်တဲ့ တောင်ဇလပ်မြေ ဟာ အောက်ချင်းငှက်တို့ ရှေးယခင်ဘိုးစဉ်ဘောင်ဆက်ကတည်းက ကျင်လည်လာတဲ့ စားကျက်မြေပါ။ ဒီမြေဟာ ချင်းအမျိူး သားတို့ အမှတ်သင်္ကေတဖြစ်တဲ့ အောက်ချင်းငှက်တို့ အပျော်မွေ့ဆုံး ကျက်စားရာဒေသဖြစ်ပါတယ်။ ရာဇဝင်တွင်တဲ့ အောက်ချင်းငှက်သူ ရဲကောင်းတွေ မွေးဖွားရာဒေသ၊ စည်းလုံးခြင်းအားအင်ဖြင့် အောင်ပွဲခံခဲ့ကြတဲ့ တကယ့်ရာဇဝင်သမိုင်း ကြောင်းတွေမြှပ်နှံထားတဲ့မြေ။

ဒါပေမယ့် ပြီးခဲ့တဲ့နိုဝင်ဘာလ ၈ ရက် (တနင်္ဂနွေ)နေ့ဟာ အောက်ချင်းငှက်တို့ ကျဆုံးတဲ့နေ့တစ်နေ့ဖြစ်ခဲ့တယ်။ အင်အား ကြီးမားလွန်းတဲ့ ခွပ်ဒေါင်းတွေနဲ့ ဝေဟင်ထက်က အကြိတ်အနယ်ယှဉ်ပြိုင်မှုမှာ အောက်ချင်းငှက်တွေ မရှုမလှအရေးနိမ့်ခဲ့ ကြတာပါ။  

ဘိုးစဉ်ဘောင်ဆက် အုပ်စိုးလာခဲ့ကြတဲ့ မိမိတို့စားကျက်ဒေသ တောင်ဇလပ်မြေမှာ အောက်ချင်းငှက်တွေ ခွပ်ဒေါင်းကို မယှဉ်နိုင်တာ ဘာကြောင့်ပါလဲ။ အောက်ချင်းငှက်တွေဟာ စည်းလုံးညီညွတ်မှုမရှိကြတော့ဘဲ မိမိတို့အချင်းချင်းတိုက်ခိုက် ယှဉ်ပြိုင်နေကြတာကြောင့်များလား။ ဒါမှမဟုတ် အင်အားချင်းမမျှလို့ အရေးနိမ့်သွားကြတာလားဆိုတာ ချင်းနိုင်ငံရေး လေ့ လာသုံးသတ်သူတွေရဲ့ မေးခွန်းတစ်ခုဖြစ်လာပါတယ်။

၂၀၁၅ ရွေေးကာက်ပွဲမှာ ချင်းနိုင်ငံရေးပါတီများလက်တွဲဆောင်ရွက်ရေးသဘောတူစာချူပ်ချူပ်ဆိုနိုင်ရေးအတွက် အဓိက အခန်းကဏ္ဍမှဦးဆောင်ပါ၀င်ခဲ့သော Gender and Development Initiative Myanmar မှ ဒါရိုက်တာ ဆလိုင်းအိုက်ဇက် ခင်ကတော့ ချင်းနိုင်ငံရေးပါတီအများအပြားရှိနေခြင်းဟာ ရွေးကောက်ပွဲမှာ ချင်းပါတီတွေ ရှူံးနိမ့်ရတဲ့ အဓိကအကြောင်း အရင်းတစ်ခု ဖြစ်တယ်လို့ပြောပါတယ်။

“ ချင်းပါတီများအနေနဲ့ တော်တော်များတဲ့အခါကျတော့ ကိုယ့်အချင်းချင်းလည်းယှဉ်ပြိုင်မှုဖြစ်တဲ့အခါကျတော့ သူတို့ အနေနဲ့ ချင်းပါတီကို ရွေးမယ့်အစား NLD ကိုရွေးတာက သူတို့အတွက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်မယ်လို့ သုံးသပ်ပုံရှိ ပါတယ်၊ အထူး သဖြင့်က ကျနော်တို့ချင်းပါတီတွေများနေတဲ့ကိစ္စက လူထုအတွက် မရေရာမှုပိုများစေတယ်၊ ပိုပြီးတော့ အားနည်းသွားနိုင်တဲ့ အနေအထားမျိူးကိုပိုမြင်စေတယ်၊ ချင်းပါတီများအနေနဲ့ကတော့ ပါတီတွေများတဲ့အခါကျတော့ ဘယ်ပါတီကိုရွေးရ မယ်ဆိုတဲ့ကိစ္စအတွက် လူထုမှာတော်တော်လေးအခက်အခဲရှိခဲ့တယ်လို့ သုံးသပ်လို့ရပါတယ်၊ အဲဒီအတွက်ကြောင့်မို့လို့ လူထုက NLD ကို ရွေးလိုက်တယ်လို့ ယူဆလို့ရပါတယ်’’ လို့ သူကသုံးသပ်ပါတယ်။

ရွေးကောက်ပွဲအကြိုကာလတွေတုန်းက ချင်းပြည်နယ်မှာ ဒေသခံချင်းပါတီတွေ အားကောင်းနိုင်တယ်လို့ ကြိုတင်ခန့်မှန်း မှုတွေရှိခဲ့ပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်းရလဒ်တွေ ကြေညာအပြီးမှာတော့ ချင်းနိုင်ငံရေး ပါတီတွေ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်ကလွဲပြီး ချင်းနိုင်ငံရေးပါတီတွေအားလုံး မရှူမလှရှံူး နိမ့်ခဲ့ကြတာပါ။

မဲဆန္ဒနယ်မြေ စုစုပေါင်း (၃၉) နေရာရှိတဲ့ ချင်းပြည်နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိူးသားဒီမို ကရေစီ အဖွဲ့ချူပ်က ၂၈ နေရာ၊ ပူးကျင့်ရှင်းထန် ဦးဆောင်တဲ့ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် က ၆ နေရာ၊ လက်ရှိအစိုးရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေး ပါတီက (၅) နေရာရရှိခဲ့ကြပါတယ်။

ချင်းနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD ပါတီတစ်ခုတည်း ချင်းပြည်နယ်မှာ အောင်ပွဲခံနိုင်ရတာဟာ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် NLD နဲ့ ကောင်းမွန်တဲ့ချိပ်ဆက်မှုရှိတာကြောင့်ဖြစ်ပြီး တခြားချင်းနိုင်ငံရေးပါတီတွေဟာ NLD ချိပ်ဆက်မှုပိုင်းမှာ အားနည်းတာကြောင့်လည်းဖြစ်တယ်လို့ ဆလိုင်းအိုက်ဇက်ခင်ကပြောပါတယ်။

“ ချင်းနိုင်ငံရေးပါတီများအနေနဲ့ NLD နဲ့ ဒေါ်စုဦးဆောင်ပြီးတော့သွားနေတဲ့လမ်းကြောင်းအပေါ်မှာ ရောက်အောင် မချိပ် ဆက်နိုင်တဲ့ဟာမျိူးကြောင့်ဖြစ်တယ်ဆိုတာကျနော်တို့တွေ့ရတယ် ဘာဖြစ်လို့လည်းဆိုလို့ရှိရင် ချင်းက ၁၂ ပါတီရှိတဲ့အနက် ဇိုမီး ZCD ဆိုလို့ရှိရင် ၆ နေရာအထိရတယ်ပေါ့လေဒါကိုကြည့်လိုက်တဲ့အခါမှာ ချင်းပါတီတွေအားလုံး မရဘူးဆိုတာ မဟုတ်ဘူး ဒါပေမယ့် ဒီနေရာမှာနိုင်သွားတဲ့ ZCD ကိုကြည့်မယ်ဆိုလို့ရှိရင် NLD နဲ့ ကောင်းကောင်းချိပ်ဆက် မှုရှိတယ် ဆိုတာတွေ့ရတယ်ဆိုတော့ အဓိပ္ပါယ်က တီးတိန်၊ တွန်းဇံဘက်မှာရှိတဲ့ လူထုသည် NLD ကိုမရွေးသော်လည်းဘဲ ZCD ရှိတယ်ဆိုတဲ့ အဲလိုမျိူးခိုင်မာသေချာမှုသူတို့မှာရှိတယ် အဲဒီအတွက်ကြောင့်မို့လို NLD အစား ZCD ကို အစားထိုးပြီး တော့ ရွေးလိုက်တယ်ဆိုတာမျိူးကျနော်တို့တွေ့ရတယ်၊ ဆိုတော့ တခြားချင်းပါတီများအနေနဲ့ NLD အချိပ်ဆက်နဲ့ပတ်သက် ပြီးတော့ တော်တော်လေး ချင်းလူထုတွေရဲ့အမြင်မှာလုံလောက်မှုမရှိဘူးလို့ သုံးသပ်ပုံပေါက်ပါတယ်၊ အဲဒီအတွက်ကြောင့်မို့ လို့ သူတို့က NLD ကို တိုက်ရိုက်ရွေးတယ်ဆိုတဲ့ဟာမျိူး ကောက်ချက်ချလို့ရပါတယ်’’ လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲတုန်းက ချင်းပြည်နယ်မှာ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီ USDP၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ NUP တို့လို ပြည်မနိုင်ငံရေးပါတီကြီးတွေအပါအဝင် ဒေသခံ ချင်းနိုင်ငံရေးပါတီတွေဖြစ်ကြတဲ့ ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ CNDP၊ ချင်းတိုးတက်ရေးပါတီ CPP၊ ချင်းဒီမို ကရေစီအဖွဲ့ ချူပ် CLD၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချူပ် ZCD၊ တိုင်းရင်းသားလူမျိူးများဖွံဖြိုးရေးပါတီ ENDP၊ ဇိုတိုင်းရင်းသား ဒေသဖွံ့ဖြိုးရေး ပါတီ နဲ့ ခူမီး(ခမီး)အမျိူး သားပါတီအပြင် ရခိုင်အမျိူးသားပါတီတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။  

အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်က ဟားခါး၊ ဖလမ်း၊ မတူပီ၊ ပလက်ဝ၊ မင်းတပ် စတဲ့ (၅) မြို့နယ် မှာရှိတဲ့ မဲဆန္ဒနယ်မြေ အားလုံးကိုအနိုင်ရရှိတဲ့အပြင်ကန်ပက်လက်မှာ ၃ နေရာ၊ ထန်တလန်မှာ ၂ နေရာ၊ တွန်းဇံမှာ ၁ နေရာရရှိခဲ့ပြီး၊ZCD ကတော့ တီးတိန် နှင့် တွန်းဇံမြို့နယ်မှာ ၃ နေရာစီ၊ ကြံ့ခိုင်ရေးပါတီကတော့ ထန်တလန်လန်မှာ ၂ နေရာ၊ ကန်ပက် လက်မှာ ၁ နေရာ၊တီးတိန်မှာ ၂ နေရာ အသီးသီးရရှိခဲ့ပါတယ်။

မင်းတပ်မဲဆန္ဒနယ်မြေမှ အမျိူးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ချင်းတိုးတက်ရေးပါတီ အတွင်းရေးမှူး ကိုရှိန်းထွန်းကတော့ ချင်းပါတီတွေ အချင်းချင်းစည်းလုံးမှုမရှိဘဲ တိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့် ရွေးကောက်ပွဲ မှာခုလိုရှံူးနိမ့်ကြရတာလို့ပြောပါတယ်။

“ ကျနော်တို့ချင်းပါတီအချင်းချင်းတိုက်တာ ပြည်သူတွေရဲ့အမြင်ထဲမှာက ချင်းပါတီအချင်းချင်းမညီညွတ်ဘူး မညီ ညွတ်တဲ့သဘောမျိူးကိုမြင်လာတယ် ဒီလိုမညီမယ့်အတူတူ NLD ကိုမဲပေးမယ်ဆိုတဲ့တစ်အုပ်စုရှိလာတယ်၊ အဓိက ခြံုငုံပြီးပြောရမယ်ဆိုရင်တော့ စည်းလုံးညီညွတ်မှုမရှိဘူး ဒီမိုကရေစီရဲ့အသွင်ကူးပြောင်းရေးလှမ်းနေတဲ့ ပါတီပေါ်လစီ တိတိကျကျမရှိဘူး ပါတီပေါ်လစီနဲ့စည်းရုံးရေးဝင်ရမယ့်ဟာကို သူတို့က လမ်းဘေးက ငါးစိမ်းသည် လို ဟိုလူ့ကို ပုတ်ခတ်ပြော ဒီလူ့ကိုပုတ်ခတ်ပြော ငါးစိမ်းသည်အဆင့်နဲ့အမတ်လောင်းတွေက အမတ်လောင်း တွေရော ပါတီတွေ ရောထလုပ်နေတဲ့ အခါကျတော့ ပြည်သူတွေစိတ်ပျက်တာပေါ့’’ လို့ပြောပါတယ်။

ချင်းနိုင်ငံရေးပါတီတွေထဲမှာ မဲဆန္ဒနယ်မြေအများဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ CNDP အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကတော့ ရွေးကောက်ပွဲကျင်းပပုံစနစ် နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အား နည်းချက်တွေကလည်း ချင်းပါတီတွေ ရှံူးနိမ့် ရတဲ့အကြောင်းရင်းတစ်ချက်ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ တကယ်တမ်းတော့ ပြည်နယ်ရွေးကောက်ပွဲ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲဟာ သီးသန့်ကျင်းပသင့်တယ်၊ အကုန်လုံးပူး တွဲကျင်းပတော့ တချိူ့နေရာမှာ မဲပြား ၃ ပြားပေးတယ်၊ တချိူ့နေရာမှာ မဲပြား ၄ ပြားပေးတယ် အဲဒီဟာက တကယ်တမ်း က သီးခြားစီကျင်းပပေးသင့်တယ်၊ အမေရိကန် နဲ့ အိန္ဒိယကိုကြည့်မယ်ဆိုရင်လည်း ဒီတိုင်းပဲ သူတို့က ပြည်နယ် နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကို တရက်တည်းနဲ့ တထပ်တည်းမကျင်းပဘူး မြန်မာနိုင်ငံကျတော့ တစ်ရက်တည်း နဲ့ ကျင်းပတဲ့အခါကျတော့ အကုန်လုံးက ရှူပ်ထွေးကုန်တယ်’’ လို့ ကျဲအိုဘိခ်ထောင်ကထောက်ပြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါကြောင့်လည်းပါသလို ချင်းပါတီတွေရဲ့ အားနည်းချက်ကြောင့်လည်းပါတယ် လို့သူက ဆက်ပြောပါတယ်။  

“ ဒေါ်အောင်ဆန်းစုကြည်ရဲ့အရှိန်အဝါပေါ့ဗျာ ဒါက အဓိကအချက်ထဲမှာပါမှာပေါ့လေ လူတိုင်းကဒေါ်အောင်ဆန်း စုကြည် ဆိုတဲ့ဟာပဲဖြစ်နေတယ် သူတို့က တမ်းမြင်တာက သန်း ၅၀ ကျော်အုပ်ချူပ်လာတဲ့ဒီအစိုးရကို ဒေါ် အောင်ဆန်းစုကြည် မှာပဲ ပုံအပ်ပြီးတော့ အင်အားတည်ဆောက်ရင် ပြောင်းလဲမယ်ဆိုတဲ့ဟာရှိတယ်လေ၊ ဘာပဲပြောပြော သူများကိုလက်ညိုး ထိုးမယ့်အစား ကျနော်တို့အားနည်းချက်တွေပါ၊ ကျနော်တို့က စွမ်းဆောင်နိုင် သလောက် မစွမ်းဆောင်နိုင်တဲ့အပိုင်းလည်း ဖြစ်မှာပါ’’ လို့ ကျဲအိုဘိခ်ထောင်ကပြောပါတယ်။

ချင်းအမျိူးသားဒီမိုကရက်တစ် CNDP နဲ့ ချင်းတိုးတက်ရေး CPP ပါတီတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလတုန်းက ချင်းပြည်နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆန္ဒနယ်မြေထက်ဝက်နီးပါးရရှိနိုင်တဲ့အထိ အားကောင်းခဲ့ကြတဲ့ပါတီ တွေဖြစ်ခဲ့ ကြပါတယ်။

ဒါပေမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာတော့ ချင်းပြည်နယ် နဲ့ ချင်းပြည်နယ်ပြင်ပတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြ သော တစ်ဒါဇင်လောက်ရှိတဲ့ ချင်းနိုင်ငံရေးပါတီတွေအားလုံး မဲဆန္ဒနယ်မြေတစ်နေရာမှမရကြတဲ့အပေါ် စနစ်တကျပြန် လည်သုံးသပ်ဖို့ လိုအပ်နေပြီး ချင်းပြည်နယ်သူလူထုအနေဖြင့်လည်း သေချာစဉ်းစားဖို့လိုအပ်နေပြီလို့ ကျဲအိုဘိခ်ထောင် ကပြောပါတယ်။

“ ရှံူးနိမ့်ရတဲ့အကြောင်းရင်းကတော့ များပါတယ်၊ တစ်ခုထက်မကရှိနေမှာပဲလေ ဒါကို ကျနော်တို့ပြန်လည်းသုံးသပ်ပြီးတော့ ဘယ်လိုကျော်လွှားမလဲပေါ့၊ ကျနော်တို့ပါတီတွေဘက်ကလည်း ပြင်ဆင်စရာရှိတာ လိုအပ်လို့ရှိရင် ကျနော်တို့ကနေရာဖယ် ပေးရမလား နှုတ်ထွက်ပေးရမလား၊ ပါတီဘဲဖျက်သိမ်းပေးရမလား ဒါကျနော်တို့လုပ်လို့ရပါတယ် ကျနော်တို့အနေနဲ့လည်း အများကြီးစဉ်းစားသွားမှာပါ တဖက်မှာလည်းပဲ လူထုတရပ်လုံးကလည်းအများကြီးစဉ်းစားသင့်ပြီပေါ့ဗျာ၊ အထူးသဖြင့် ချင်းပြည်သူလူထုလည်းဘဲ နည်းနည်းတော့စဉ်းစားစရာဖြစ်နေပြီပေါ့ဗျာ ကျနော်တို့လူမျိူးက အမျိူးသားရေးစိတ်ဓာတ်က ဘယ်လောက်ထိခိုင်မာသလဲပေါ့၊ ရှမ်းပါတီတို့ ရခိုင်ပါတီတို့လည်း တစ်ပါတီတည်းဘဲရှိတာမှမဟုတ်တာ သူတို့လည်း အောင်ပွဲရနေတာပဲလေ၊ ရှမ်းလူထုက ရှမ်းပါတီကို မဲပေးလို့ ရခိုင်လူထုက ရခိုင်ပါတီကိုမဲပေးလို့ အစိုးရမပြောင်းလဲတာမှ မဟုတ်တာ အခုလည်း အစိုးရပြောင်းနေတာပဲလေ၊ အဲဒီဟာမျိူးလေးတွေကို ဆင်ခြင်တတ်ဖို့လိုအပ်နေပြီ’’ လို့ ဆလိုင်း ကျဲ အိုဘိခ်ထောင်ကပြောပါတယ်။

ချင်းနိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲမတိုခင်ကာလကတည်းက ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စနဲ့ပတ်သက်ပြီး ချင်း မိသားစုနိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးပွဲကို ၃ ကြိမ်တိုင်တိုင်ကျင်းပခဲ့ကြပါတယ်။ နောက်ဆုံးကျင်းပတဲ့ တွေ့ဆုံပွဲမှာ “ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ချင်းနိုင်ငံရေးပါတီများ လက်တွဲညှိနှိုင်းဆောင်ရွက်ရေးသဘောတူစာချူပ်’’ ကို ချင်းပါတီ ၁၂ အနက် ပါတီ ၁၀ ခုက သဘောတူ ချူပ်ဆိုခဲ့ကြပါတယ်။

အဲဒီသဘောတူညီချက်မှာ လာမည့်လွှတ်တော်/အစိုးရသက်တမ်း(၂၀၁၆-၂၀၂၀) အတွင်း ချင်းလူမျိူးများအား နိုင်ငံရေး အရ ဦးဆောင်မှုပေးရာတွင် ပါ၀င်သင့်သည်ဟု ချင်းမိသားစုနိုင်ငံရေးပါတီအသီးသီးတို့မှ လက်ခံသဘောတူသော လူပုဂ္ဂိုလ် ၁၂ ဦး(အမျိူးသား ၉ ဦး နှင့် အမျိူးသမီး ၃ ဦး) ကို ရွေးချယ်ကြမှာဖြစ်ပါတယ်။

အရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ်များဝင်ရောက်ယှဉ်ပြိုင်ကြမည့် မဲဆန္ဒနယ်မြေအသီးသီးမှာ ချင်းမိသားစုဝင်အခြားပါတီများမှ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုတော့ဘဲ အဲဒီပုဂ္ဂိုလ်တွေအောင်နိုင်ရေးအတွက် ၀ိုင်းဝန်းပံ့ပိုးပေးရမယ်လို့ သဘောတူညီ ချက်မှာ ဖော်ပြထားပါတယ်။

သဘောတူညီချက်တိုင်း ချင်းပါတီကြီးတွေ ဖြစ်ကြတဲ့ ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ နဲ့ ချင်းဒီမို ကရေစီအဖွဲချူပ်ပါတီတို့ကနေ တစ်ပါတီလျင် ၂ ဦးစီရွေးချယ်ပြီး ဒေသအခြေပြုပါတီတွေက တစ်ပါတီလျင် (၁) ဦးစီ ရွေးချယ်ခဲ့ကြပါ တယ်။

ဒါပေမယ့် ရွေးကောက်ပွဲနီးကပ်လာတဲ့အချိန်မှာ ချင်းပါတီတွေဟာ သူတို့ချူပ်ဆိုထားတဲ့ သဘောတူညီချက်တွေကို လိုက် နာမှုမရှိကြတော့ဘဲ ဦးစားပေးပုဂ္ဂိုလ်အဖြစ် အရွေးချယ်ခံရသူတွေ ၀င်ရောက်ယှဉ်ပြိုင်ကြတဲ့ မဲဆန္ဒနယ်မြေအသီးသီးတွေ မှာ ချင်းမိသားစုဝင် အခြားပါတီတွေကလည်းဝင်ရောက်ပြီး အချင်းချင်းယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီလိုမဟုတ် သဘောတူညီ ချက်အတိုင်း ချင်းပါတီတွေအသီးသီးလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ချင်းပါတီတွေ မဲဆန္ဒနယ်မြေအနည်း အကျဉ်းတော့ အနိုင်ရနိုင်တယ်လို့ ချင်းနိုင်ငံရေးလေ့လာသုံးသပ်တွေကတော့ ပြောဆိုနေကြပါတယ်။

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...