ချင်းအမျိုးသမီးကုုိယ်စားလှယ် နှစ်ဆယ့်သုုံးဦးတွင် သုုံးဦးသာ အရွေးခံရ

ချင်းအမျိုးသမီးကုုိယ်စားလှယ် နှစ်ဆယ့်သုုံးဦးတွင် သုုံးဦးသာ အရွေးခံရ
by -
ဆလုုိင်းကျော်မုုိး
ဆလုုိင်းကျော်မုုိး - ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း  အမျိုးသမီး ကိုယ်စားလှယ်လောင်း ၂၃ ဦးပါ၀င်ယှဉ်ပြိုင်ခဲ့ရာတွင် ချင်းအမျိူးသမီးကုုိယ်စားလှယ်လောင်းအဖြစ် သုုံးဦးသာ ရွေးခံရကြောင်း သတင်းရရှိသည်။

အဆုုိပါ အရွေးခံရသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ နှစ်ဦး၊  ချင်းတိုင်းရင်းသားပါတီများထဲမှ အမျိူးသမီး ကုုိယ်စားလှယ်တဦးဖြစ်သူ  ဒေါ်ကျိန်ငိုက်မန် (ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်) အပါအဝင် ပေါင်း သုုံးဦးတုုိ့ဖြစ်သည်။

“ချင်းပါတီတွေ အားလုံးပေါင်း (၁၃)ခုရှိတယ်။ အဲဒီ့အထဲက အမျိုးသမီး ကိုယ်စားလှယ်လောင်း ၂၃ ဦးဝင်ရောက်ယှဉ်ပြိုင်ပြီး  တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ပါတီထဲကဆိုရင်  ဒေါ်ကျိန်ငိုက်မန် (ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်) တစ်ယောက်ထဲသာ ပါ၀င်နေတာတွေ့ရှိရတယ်။ ဒီတော့ ချင်းပြည်နယ်မှာရှိတဲ့ အမျိုးသမီး အခွင့်အရေးတွေ ဆောင်ရွက်တဲ့နေရာမှာ  ထိိရောက်ရောက် ဆောင်ရွက်နိုင် မလားဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရမယ်”ဟု ချင်းရွေးကောက်ပွဲစောင့် ကြည့်ရေးအဖွဲ့မှ ဆလိုင်းထန်ပီးပြောသည်။

ချင်းပြည်နယ်တွင်ပြီးခဲ့သည် ၂၀၁၀ရွေးကောက်ပွဲတွင် အမျိုးသမီး(၂)ဦးဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး၊ ထန်တလန်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇာတလဲမ်းတစ်ဦးသာ အနုုိင်ရခဲ့ဘူးသည်။ ယခုုနှစ် ရွေးကောက်ပွဲတွင် အမျိူးသမီးအရေအတွက် အများဆုုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ချင်းပြည်နယ်အတွက် အမျိူးသမီး လွှတ်တော်ကုုိယ်စားလှယ်နေရာ သုုံးနေရာရရှိခဲ့သည်။

''အမျိုးသမီးတစ်ယောက် အနေနဲ့ပေါ့ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားတွေရဲ့ ဆန္ဒတန်းတူ ညီမျှရေးကို အဓိကလုပ်ချင်ပါတယ် ။အဲဒီမှာတိုင်းရင်းသားတွေက တန်းတူညီမျှခွင့်ကို ဖော်ဆောင်တဲ့ ကိစ္စတွေ ပေါ်ပေါက်လာဖို့ ကျွန်မတို့က ကြိုးစားပြီး ဖော်ဆောင်ဖို့ရှိပါတယ်။ ကျွန်မက အမျိုးသမီး တစ်ယောက်အနေနဲ့ ဆိုတော့ ခွဲခြားဆက်ခံ နေရတဲ့အတွက်အမျိုးသမီး ဘဝကိုမြင့်တင်နိုင်တဲ့ ဥပဒေတွေကို ပေါ်ပေါက်နိင်ဖို့အတွက် ကျွန်မကတော့ ကြိုးစားသွားမယ်လို့ စဉ်းစားထား ပါတယ်” ဟုု ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၉)မှ အနိုင်ရ အမျိုးသား လွတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ဒေါ်ခင်ဆွေလွင်မှ ပြောသည်။

လက်ရှိတွင် ချင်းပြည်နယ် တခုုလုုံး၌ လွှတ်တော်ကုုိယ်စားလှယ်လောင်း သုုံးဆယ့်ကုုိးနေရာတွင် အမျိူးသမီး ကုုိယ်စားလှယ် ၂၃ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ သုုံးနေရာ အနုုိင်ရခဲ့သဖြင့် ရာခုုိင်နှုန်းအားဖြင့် တစ်ရာခုုိင်နှုန်းသာ မရှိခဲ့ပေ။

တစ်နုုိင်ငံလုုံးတွင် ကုုိယ်စားလှယ်လောင်း ၁၁၅၈ နေရာအတွက် အမျိူးသမီး ကုုိယ်စားလှယ်လောင်း ၆၀၀ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်တွင် (၄၀) ၊ အမျိူးသားလွှတ်တော်တွင် (၂၃) နေရာနှင့် တုုိင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် (၇၀) အရွေးခံရပြီး စုုစုုပေါင်း နေရာ (၁၃၃) သာရွေးချယ်ခံခဲ့ရသည်။

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...