ချင်းပြည်နယ်တွင် ဇုုိမီးဒီမုုိကရေစီအဖွဲ့ချူပ်ပါတီက ခြောက်နေရာ အနိုင်ရ

ချင်းပြည်နယ်တွင် ဇုုိမီးဒီမုုိကရေစီအဖွဲ့ချူပ်ပါတီက ခြောက်နေရာ အနိုင်ရ
မုုိးကျော် — ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်ပါတီ (ZCD ) က ချင်းပြည်နယ် တီးတိန် နှင့် တွန်းဇံမြို့နယ်တွင် မဲဆန္ဒနယ်မြေ စုစုပေါင်း (၆) နေရာ အနိုင်ရရှိသည်ဟု သိရသည်။

မဲဆန္ဒနယ်မြေ စုစုပေါင်း (၁၂) နေရာ ၀င်ရောက်ယှဉ်ပြိုင်သော ZCD ပါတီအနေဖြင့် တီးတိန်မြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိူးသား နှင့် ပြည်နယ်လွှတ်တော်တစ်နေရာစီ၊ တွန်းဇံမြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိူးသား နှင့် ပြည်နယ် လွှတ်တော်တစ်နေရာစီ စုစုပေါင်း (၆) နေရာအနိုင်ရရှိသည်ဟု ZCD အတွင်းရေးမှူး ဦးဂင်ကမ်းလျန်က အတည်ပြုပြော ကြားသည်။

“ ကျနော်တို့ မဲဆန္ဒနယ်မြေ (၁၂) နေရာမှာ ၀င်ပြိုင်ပါတယ်၊ တွန်းဇံမြို့နယ်မှာ ၃ နေရာ၊ တီးတိန်မြို့နယ်မှာ ၃ နေရာ စုစုပေါင်း (၆)နေရာအနိုင်ရတယ် (၅၀) ရာခိုင်နှုန်းအနိုင်ရတာပေါ့’’ ဟု ဦးဂင်ကမ်းလျန်ကပြောသည်။

တီးတိန်မြို့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရရှိသော ZCD ပါတီဥက္ကဌ ပူးကျင့်ရှင်းထန်ကတော့ ပြည်သူလူထု အတွက် အရေးကြီးသော ကိစ္စအဝဝကို လွှတ်တော်မှာ တင်ပြသွားမည်ဟု ပြောသည်။

“ ပြည်သူ့လွှတ်တော်ဆိုတော့ လွှတ်တော်အမျိူးမျိူးရှိတဲ့အထဲမှာ ပြည်သူနဲ့ပိုပြီးတော့ သက်ဆိုင်နေတဲ့ ကိစ္စအဝဝကို အဲဒီမှာ ဥပဒေပြဌာန်းရေးအတွက်ပဲဖြစ်ဖြစ် ပြည်သူလူထုအတွက် ဒီဥပဒေက မကောင်းသေးဘူး ဆိုတဲ့ဟာတွေ ဖြစ်စေ ပြင်ဆင်နိုင်ဖို့ အဓိကအရေးကြီးလိမ့်မယ်လို့ခံယူထားပါတယ်’’ ဟု ပူးကျင့်ရှင်းထန်က ပြောသည်။

ပူးကျင့်ရှင်းထန်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် Zomi National Congress (ZNC) ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ပြီးအနိုင်ရရှိသော ၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်ဟောင်းတစ်ဦး ဖြစ်သည်။ သူသည် CRPP အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
 
Zomi Congress for Democracy (ZCD) ပါတီ၏ မဲစာရင်းရလဒ်

တီးတိန်မြို့နယ်
ဦးကျင့်ရှင်းထန် (ပြည်သူ့လွှတ်တော်)
ဦးဂင်ကမ်းလျန် (အမျိူးသားလွှတ်တော်)
ဦးထန်ဒိတ်ခုတ် (ပြည်နယ်လွှတ်တော်)
 
တွန်းဇံမြို့နယ်
ဦးခမ်ခန့်ထန်      (ပြည်သူ့လွှတ်တော်)
ဒေါ် ကျိန်ငိုက်မန် ( အမျိူးသားလွှတ်တော်)
ဦးပေါင်လွန်းမင်ထန် (ပြည်နယ်လွှတ်တော်)

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...