ချင်းပြည်နယ်တွင် NLD အပြတ်အသတ် အနုုိင်ရ

ချင်းပြည်နယ်တွင် NLD အပြတ်အသတ် အနုုိင်ရ
မုုိးကျော် — နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အမျိူးသားဒီမိုကရေစီ အဖွဲ့ချူပ် NLD က ချင်းပြည်နယ်တွင် မဲအပြတ်အသတ်အနိုင်ရရှိပြီး ZCD မှလွဲပြီး ချင်းနိုင်ငံရေးပါတီများ အားလုံးက အကုန်ရှုံးနိမ့်ခဲ့ကြသည်။

နောက်ဆုံးရရှိသော မဲစာရင်းရလာဒ်အရ မဲဆန္ဒနယ်မြေ စုစုပေါင်း (၃၉) နေရာရှိသည့် ချင်းပြည်နယ်တွင် အမျိူးသားဒီမို ကရေစီအဖွဲ့ချူပ်က ၂၈ နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် က ၆ နေရာ၊ လက်ရှိအစိုးရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေး ပါတီက (၅) နေရာအသီးသီး ရရှိသည်ဟု သိရသည်။

အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်အနေဖြင့် ဟားခါး၊ ဖလမ်း၊ မတူပီ၊ ပလက်ဝ၊ မင်းတပ် စသည့် (၅) မြို့နယ်ရှိ မဲဆန္ဒနယ်မြေ အားလုံးတွင် အနိုင်ရရှိပြီး ကန်ပက်လက်တွင် ၃ နေရာ၊ ထန်တလန်တွင် ၂ နေရာ၊ တွန်းဇံတွင် ၁ နေရာဖြင့် အနိုင်ရရှိ ကြောင်း ချင်းပြည်နယ် NLD ဥက္ကဌ ဦးဇိုဘွဲ့ကပြောသည်။

ချင်းပြည်နယ်တွင် NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ZCD အပါအဝင် ချင်းနိုင်ငံရေး ပါတီများဖြစ်ကြသော ချင်းအမျိူးသားဒီမိုကရက်တစ် (CNDP) ၊ ချင်းတိုးတက်ရေး(CPP)၊ ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD)၊ မျိူးနွယ်စုကိုယ်စားပြု သော ဇိုတိုင်းရင်းသား ဒေသဖွံ့ဖြိုးရေးပါတီ၊ ခူမီး(ခမီး)အမျိူးသားပါတီ၊ တိုင်းရင်းသားလူမျိူး များဖွံ့ဖြိုးရေးပါတီ နှင့် ရခိုင် အမျိူးသားပါတီတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ပြီး ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ ထက်ဝက်ခန့် အနိုင်ရရှိခဲ့ကြ သော CNDP နှင့် CPP ပါတီအပါအဝင် ချင်းနိုင်ငံရေးပါတီများ အားလုံးက ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ တစ်နေရာမှ ရယူနိုင်ခြင်းမရှိဘဲ  ရှုံးနိမ့်သွားခဲ့သည်။

ချင်းပြည်နယ်တွင် ချင်းနိုင်ငံရေးပါတီကြီးများ ယခုကဲ့သို့ မဲဆန္ဒနယ်မြေ တစ်နေရာမှ မနိုင်ဘဲ အပြတ်အသတ် ရှံူးနိမ့်ကြ သည့်ကိစ္စနှင့်ပတ်သက်ပြီး ချင်းနိုင်ငံရေးပါတီ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။

သို့သော်လည်း ရွေးကောက်ပွဲတွင် ချင်းနိုင်ငံရေးပါတီများလက်တွဲဆောင်ရွက်ရေးသဘောတူညီစာချူပ်ချူပ် ဆိုနိုင်ရေး အတွက် အဓိကအခန်းကဏ္ဍမှပါ၀င်ခဲ့သော Gender and Development Initiative Myanmar မှ ဒါရိုက်တာ Salai Isaac Khen က သူ၏ facebook စာမျက်နှာတွင် ယခုလို ရေးသားထားသည်။

“ ကျနော်တို့ ထည့်မတွက်မိခဲ့တဲ့အချက်က ချင်းလူထုအများစုရဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ ကျနော်တို့က ချင်းတွေက ချင်းပါတီကိုပဲ မဲထည့်လိမ့်မယ်လို့ တွက်ဆခဲ့ပါတယ်။ တကယ်တမ်းတော့သူတို့က နှလုံးသားနှင့် ဦးဏှောက်မှာ ဦးဏှောက်နှင့် ရွေးချယ်ခဲ့ကြတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ ချင်းပါတီတွေအနေနဲ့ ချင်းလူထုတစ်ရပ်လုံးရဲ့ နှလုံးသားနှင့် ဦးဏှောက် နှစ်ခုစလုံးကို သိမ်းသွင်းနိုင်သည်အထိ ဆက်၍ ကြိုးစားကြရအောင်ပါ၊ တစ်ချိန်တည်း မှာပဲ ချင်းလူထုရဲ့ ရွေးချယ်မှုကို အသိအမှတ်ပြု လေးစားတဲ့အနေနဲ့ လာမယ့် ၅ နှစ်တာမှာ ချင်းတစ်မျိုးသားလုံးရဲ့ ဘုံအကျိုး စီးပွားအတွက် NLD နဲ့ ဘယ်လိုလက်တွဲ ဆောင်ရွက်သွားကြမလဲဆိုတာ စတင်စဉ်းစားပြင်ဆင်ကြပါစို့’’ ဟု Salai Isaac Khen က သူ၏ facebook စာမျက်နှာတွင်ရေးသားထားသည်။

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...