ကရင်ပြည်နယ် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ချို့၏ ရွေးကောက်ပွဲ ရလဒ်အပေါ်သုံးသပ်ချက်

ကရင်ပြည်နယ် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ချို့၏ ရွေးကောက်ပွဲ ရလဒ်အပေါ်သုံးသပ်ချက်
ဘားအံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD မှ နန်းသန်းသန်းလွင် ကျွန်မ ရဲ့မဲရလဒ်က ၈၀ ရာခိုင်နှုန်းအထိတော့ ကောင်းသေးတယ်လို့ပြောရမယ်လို့ထင်တာပဲ။ ပြောတာ များသွားတယ်လို့တော့မဟုတ်လောက်ဘူးလို့ကျွန်မ ခန့်မှန်းယူဆထားတယ်။ ကျွန်မအနေနဲ့ အခုထိကို အကြမ်းဖျင်းသိထားတဲ့မဲရလဒ်တွေအရ အဲလောက်ထိရလိမ့်မယ်လို့တော့ မထင်ထားဘူး။

နည်းနည်းလေး တန်းကျော်ရုံလောက်ပဲရမယ်လို့ စိတ်တော့ပူမိတာပေါ့။ အခုတော့ ၈၀ရာနှုန်းလောက်ရတယ် ဆိုတော့ဝမ်းသာရတာပေါ့။ ကိုယ်ကလည်း ကိုယ်စားလှယ်တစ်ယောက် ဖြစ်ခဲ့ရင် တကယ်လုပ်ပေးချင်တဲ့ စိတ်စေတနာရှိပါတယ်။ ကျွန်မအနေနဲ့ နိုင်မဲ့အနေအထားမှာလည်းရှိတယ်လို့ယူဆထားတယ်။

ဖားအံမဲဆန္ဒနယ်(၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကရင်ဒီမိုကရက်တစ်ပါတီ-KDPမှ နော်လားခူ

တိုင်းရင်းသားပါတီတွေက အနိုင်မရနိုင်တဲ့အခြေအနေမှာရှိတယ်လေ။ ရှုံးနိမ့်မဲ့ အခြေအနေမှာရှိပါတယ်။ ထောက်ခံမှာက တိုင်းရင်းသားတွေဆိုရင် တိုင်းရင်းသားပါတီတွေကိုထောက်ခံမှာပေါ့နော်။ ဒါပေမဲ့ ပါတီကြီးတွေ နှိပ်ကွပ်ထားတာတွေရှိတော့ တိုင်းရင်းသားပါတီတွေက ခေါင်းမဖေါ်နိုင်ဖူးပေါ့လေ။

နှိပ်ကွပ်တယ်ဆိုတာက ကျွန်မတို့တိုင်းရင်းသားပါတီတွေကို အစိုးရရဲ့အထောက်အပံ့ယူတယ် အချိန်နီးကပ်လာမှ မဲယူသွားတာမျိုး ပေါ့အဲလိုမျိုးတွေရှိတာပေါ့နော်။ ကျွန်မအနေနဲ့ အခုလောလောဆယ်ကြားရသလောက်တော့ ကျွန်မက တတိယအဆင့် လောက်တော့ဝင်နိုင်ပါတယ်။ဘာဖြစ်လဲဆိုတော့ပထမ ဒုတိယက သူတို့ ပါတီကြီးနှစ်ပါတီက ယူသွားပြီးလေ။ သူတို့က ငါးရာရရင် ကိုယ်က တစ်ရာပဲရမှာပေါ့။ သူတို့တွေအနေနဲ့ ကိုယ့်တိုင်းရင်းသား တွေအပေါ်စေတနာထားသလိုတော့ ဘယ်ထားနိုင်မလဲပေါ့။ ကျွန်မအနေနဲ့ ဘယ်ပါတီပဲဖြစ်ဖြစ် အနိုင်ရသွားရင် ကျွန်မတို့တိုင်းရင်းသားတွေ ကျွန်မတို့ပြည်နယ်သူပြည်နယ်သားတွေ အတွက်လည်း လုပ်ပေးစေချင်တာပေါ့။ ဘာဖြစ်လဲဆိုတော့ တိုင်းရင်းသား အခွင့်အရေးတွေဆုံးရှုံးခဲ့တာ ကြာပြီ ဆိုတော့လေ။

ဖားအံမဲဆန္ဒနယ် အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP မှ နန်းစေအွာ

ကျွန်မက ဒီမဲကို စမပြိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားပါတယ်။ ကရင်ပြည်နယ်ရဲ့ကံကြမ္မာက ကရင်ပြည် နယ်လူထုတွေရဲ့လက်ထက်မှာပဲရှိမှာပါ။ ကရင်တွေ မစည်းရုံးသ၍တော့ အစိုးရမဖွဲ့နိုင် သေးသ၍တော့ ကရင်ကံ ကြမ္မာကို ဖန်တီးနိုင်ဖို့ အလှမ်းဝေးနေအုံးမှာပါ။

ကျွန်မအနေနဲ့ ကျွန်မထက်တော်တဲ့သူပေါ်လာလို့ ကျမရှုံးခဲ့မယ် ဆိုရင်လည်း ကျွန်မဝမ်းမနည်းပါဘူး။ ကိုယ်ထက်တော်လို့ ရတယ်လို့ပဲခံယူထားပါတယ်။ ကျွန်မတို့ကြိုးစားရ အုံးမှာပါ။ ကျွန်မတို့ရွာဆင်းတဲ့အခါမှာ တစ်ချို့ကရင်တွေက ကိုယ့်ကို ကိုကရင်မှန်းမသိသေးတာတွေ့ရတယ်။ ဒါပေမဲ့ ကျွန်မတို့ ကရင်တွေက ယုံလွယ်ပြီးစည်းရုံးရလွယ်တယ်ဆိုတော့ ကျွန်မတို့နားလည်ပေးလို့ရပါတယ်။ ကျွန်မတို့ ကရင်တွေက ဟိုဘက်ပါတီတွေမှာလည်းပါတယ် ဒီဘက်ပါတီဘက်မှာလဲပါတယ်။

မွန်တွေပအိုဝ် တွေက သူတို့ ပါတီတွေမှာပဲပါတယ်။ ဆိုတော့ ကျွန်မတို့ ကရင်တွေ အလှမ်းဝေးနေအုံးမှာပါ။ ကျွန်မအနေနဲ့ ကျွန်မတို့ ကရင်အရေး ဒီလွှတ်တော်မှာ တင်ပြခွင့်မရပေမဲ့ ကရင်အရေးကိုတော့ နိုင်သလောက်တော့ ဆက်ပြီးတော့ ကြိုးစားနေမှာပါ။

ကျွန်မအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံအရရော နိုင်ငံတကာက အမျိုးသမီးတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို အကုန်လုံး မဟုတ်သည့်တောင် ဒီငါးနှစ်အတွင်းမှာ တော်တော်လေး လေ့လာခဲ့ ပြီးပါပြီ။ ကျွန်မတို့ ရှုံးခြင်းနိုင်ခြင်းက ကျွန်မတို့ ကြိုးစားအားထုတ်မှုလည်း လိုသလို ကျွန်မတို့ ဒေသခံကရင် တိုင်းရင်းသားတွေလည်း လိုပါလိမ့်မယ်။

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...