ကြာအင်းဆိပ်ကြီး မြို့နယ် ခလယ်ကျေးရွာ၌ မဲရေတွက်မှု မပြီးဆုံးသေး

ကြာအင်းဆိပ်ကြီး မြို့နယ် ခလယ်ကျေးရွာ၌ မဲရေတွက်မှု မပြီးဆုံးသေး
စအိုင်စူး — ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ခလယ်ကျေးရွာမှ အထက(ခွဲ)မဲရုံအမှတ်(၁)၌ ယနေ့နံနက်အချိန် အထိ အမျိုးသားလွှတ်တော်မဲပုံးအထိသာရေတွက်မှုပြီးကာ လက်ရှိ ၁၀နာရီကျော် အချိန်အထိ ပြည်နယ်လွှတ်တော် မဲပုံးသာ ရေတွက်နေဆဲရှိနေသေးသည်ဟု မဲရုံစောင့်ကြည့်နေသည့် ပါတီကိုယ်စားလှယ် များထံမှသတင်းရရှိသည်။

 မဲဆန္ဒရှင် ၃ထောင်ကျော် မဲထည့်ရန်လျာထားသည့် ၎င်းမဲရုံသည် မဲရုံအခင်းအကျင်းမှာ ကျဉ်းမြောင်းပြီး မဲလာရောက်ထည့်သည့် မဲဆန္ဒရှင် များပြားလွန်းတာကြောင့် မဲရုံပိတ်သိမ်းချိန် ညနေ ၄နာရီအထိ မဲထည့်မှုမပြီး ဆုံးတာသေးဘဲ နောက်ကျရခြင်းဖြစ်သည်ဟု မဲရုံစောင့်ကြည့်နေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးပါတီမှ ဦးကျော်လင်းရီက ယခုလိုပြောသည်။

“ကျွန်တော်တို့နောက်ကျရတာက မနေ့ညနေ ၄နာရီအထိ မဲလာထည့်တာမပြီးသေးဘူးဖြစ်နေတယ်။ မဲထည့်မှုပြီး တာနဲ့ မဲစာရင်းတွေပြန်စစ်တာနဲ့ စားရင်ဇယားတွေပြန်စစ်တာအလုံးစုံပေါ့ ညနေ ရနာရီလောက်ကမှ မဲစပြီးရေ တွက်ရတယ်။ နောက်ပြီး မဲရုံတာဝန်ရှိသူတွေအနေနဲ့ နေကလည်းပူတာနဲ့ပြီးတော့ မဲမမှားအောင်လို့ တဖြည်း ဖြည်းချင်းရေတွက်ရတယ်” ဟု ဦးကျော်လင်းရီက BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

ထို့အပြင် ပြီးခဲသည့် ညက မဲရေတွက်ရာတွင် မနက် ၄နာရီခွဲအချိန်အထိ အမျိုးသားလွှတ်တော်မဲပုံးရေတွက်မှု မပြီးဆုံးသေးပဲ မဲရုံတာဝန်ရှိသူများမှ အဆိုပါအချိန်၌ မဲရေတွက်မှုကို ရပ်နားလိုက်ရပြီး ယခုနံနက် ၈နာရီမှ စတင်ကာမဲရေတွက်မှုကို ပြန်လည် ရေတွက်နေသည်ဟု ဦးကျော်လင်းရီက ဆက်ပြောသည်။

မဲရေတွက်မှုပြီးဆုံးသည့် လက်ရှိအခြေအနေရလဒ်များအရပြည်သူ့လွှတ်တော်တွင်အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်-NLDမှ ကိုယ်စားလှယ်လောင်းစောတင်ဝင်းကအနိုင်ရရှိထားပြီး အမျိုးသားလွှတ်တော်တွင်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်-NLDမှ နော်ဆားမူးထူးမှ ရရှိသည်။

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...