မဲစာရင်းကြေညာရက် နောက်ကျ၍ မဲသက်သေခံစာရွက် ထုတ်ယူသူအများအပြားကျန်ရှိ

မဲစာရင်းကြေညာရက် နောက်ကျ၍ မဲသက်သေခံစာရွက် ထုတ်ယူသူအများအပြားကျန်ရှိ
စအိုင်စူး — ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ပေါ်ရပ်ကွက် ရခုအနက် တချို့သောရပ်ကျေးကော်မရှင်ရုံးခွဲများ၌ နိုဝင်ဘာ ၂ရက်နေ့ တတိအကြိမ် မဲစာရင်းကြေညာရက်ကို နောက်ကျကြေညာသောကြောင့် မဲသက်သေခံဖြတ်ပိုင်း စာရွက် ထုတ်ယူမည့် မဲဆန္ဒရှင်အများအပြား ကျန်ရှိနေသေးသည်ဟု  ရပ်ကျေးကော်မရှင်ခွဲများထံမှသိရသည်။

ယခုလ တတိယအကြိမ် မဲစာရင်းကြေညာရန် မြို့နယ်ကော်မရှင်မှ မဲစာရင်းများကို ရပ်ကျေးကော်မရှင် ရုံးခွဲ များသို့ ဖြန့်ဝေထားသော် လည်း ရပ်ကျေးကော်/ခွဲ ရုံးများတွင် ကြိုတင်မဲပေးခြင်း ကိစ္စရပ်များကိုသာလုပ် ဆောင်နေသောကြောင့် ရပ်ကွက် တစ်ချို့တွင်ယခုလ ၆ရက် ရရက်နေ့များမှသာ တတိယအကြိမ် မဲစာရင်း များကပ်ခြင်း၊ မဲလက်မှတ်ထုတ်ယူရန် မဲသက်သေခံဖြတ်ပိုင်းစာရွက်များ ထုတ်ပေးခြင်း တို့ကို လုပ်ဆောင် နေသည်ဟု ဒေသခံတချို့က ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

ယနေ့ ညနေပိုင်းတွင် ရပ်ကျေးကော်/ခွဲရုံးများပိတ်ချိန်အထိ မဲသက်သေခံဖြတ်ပိုင်းများ ရာဂဏန်းမှ ထောင် ဂဏန်းအထိ ထုတ်ယူမူမရှိသေးသည့်အခြေအနေကို မြင်တွေ့ခဲ့ရကာ အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး  အမှတ် ၂ရပ်ကွက် ရပ်ကျေး ကော်/ခွဲ တာဝန်ရှိသူ ဦးလှအောင်က ရွေးကောက်ပွဲသတင်းခန်းသို့ ယခုလိုပြောသည်။

“ဒီဖြတ်ပိုင်းစာရွက်တွေက မနက်ဖြန်မဲထည့်ဖို့လာတဲ့အချိန်မှာ ဆက်လက်ပေးသွားမှာပါ တစ်ချို့ဖြတ်ပိုင်းစာရွက် တွေက မဲစာရင်းမှာပါပြီး လူတွေက ထိုင်းနိုင်ငံမှာအလုပ်သွားလုပ်သူမိသားစုတွေရဲ့ ဖြတ်ပိုင်းစာရွက်တွေပါ ဒါကြောင့် အကျန်များနေတာပါ״  ဟုပြောသည်။

ယနေ့ ရ ရက်နေ့တွင် ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များအားလုံးတွင် တတိယအကြိမ်မဲစာရင်းများအရ မဲလက်မှတ်ထုတ်ယူနိုင်ရန် မဲသက်သေခံဖြတ်ပိုင်းစာရွက်ထုတ်ယူသည့်လုပ်ငန်းစဉ်များကို ရပ်ကျေး ကော်/ခွဲများမှ တတိယအကြိမ်မဲစာရင်းအလွဲအမှား များကြောင့် ဒေသခံပြည်သူများ မဲသက်သေခံဖြတ်ပိုင်း စာရွက်များ ထုတ်ယူရန်ခက်ခဲနေကြ၍ မဲစာရင်းအလွဲအမှားများကို စီစစ်ခြင်းမပြုသည့်အပြင် မဲသက်သေခံ ဖြတ်ပိုင်းစာရွက်များကိုပါ မထုတ်ယူတော့ဘဲ ပြန်သွားကြသည့်ဒေသခံအများအပြားရှိသည်ဟု အဆိုပါဒေသခံ များအရသိရသည်။

အမှတ်၃ ရပ်ကွက်မှ မဲသက်သေခံဖြတ်ပိုင်းလာရောက်ထုတ်ယူသူ မောင်အောင်ကျော်က “ကျွန်တော့် မိသားစု မဲစာရင်းရှာနေတာအခု ထိမတွေ့ဘူး။ လူတွေက အများကြီး သူတို့ကြေညာတာကအက္ခရာစဉ်ဆိုလို့ အက္ခရာ စဉ်အတိုင်းရှာကြည့်တယ် မတွေ့ဘူး။ ဒါကြောင့် အိမ်က လူကြီးတွေကို ဖုန်းဆက်ပြန်ပြောတော့ သား ပြန်လာခဲ့တော့ဆိုလို ကျွန်တော်ဆက်မရှာတော့အိမ်ပြန်သွားတယ်״  ဟု ရွေးကောက်ပွဲသတင်းခန်းသို့ ပြောသည်။

ယနေ့ မြို့နယ်တွင်း ရပ်ကွက်အသီးသီး၌ မဲသက်သေခံဖြတ်ပိုင်း ထုတ်ယူမှု နာမကျန်းလူနာနှင့် သက်ကြီးရွယ်အို များ ကြိုတင်မဲလိုက်လံကောက်ခံခြင်း ၈ရက်နေ့ဆန္ဒမဲပေးရန်မဲရုံဖွဲ့စည်းပုံပြင်ဆင်ခြင်းလုပ်ငန်းများကြောင့် ယခု နုုိ၀င်ဘာ ရ ည၁၀နာရီအထိတိုင်အောင် ကော့ကရိတ်မြို့အမှတ်၅ရပ်ကွက်တွင် ကြိုတင်မဲထည့်ခြင်း လုပ်ငန်းမဲဆန္ဒ ပြုရန်စလစ်ထုတ်ပေးခြင်း လုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ရသည်ဟုသိရသည်။

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...