ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲစောင့်ကြည့်သူများ သတင်းထုတ်ပြန်သွားမည်မဟုတ်

ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲစောင့်ကြည့်သူများ သတင်းထုတ်ပြန်သွားမည်မဟုတ်
စအိုင်စူး — ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးအား ပြည်တွင်း စောင့်ကြည့်လေ့လာနေသည့်အဖွဲ့များမှ လေ့ လာတွေ့ရှိခဲ့သည့် ရွေးကောက်ပွဲအကြိုကာလဖြစ်စဉ်များအား တရားဝင်ထုတ်ပြန်ခွင့်မရှိပဲ မှတ်တမ်းပြုစု ခွင့်သာရရှိခဲ့သည်ဟု စောင့်ကြည့်လေ့လာသူများထံမှသတင်းရရှိသည်။

နော်အဲလစ်ဇဘက်က “ကျွန်မတို့ ရွေးကောက်ပွဲနည်းဥပဒေအရ ပြဌာန်းထားတဲ့ စောင့်ကြည့်လို့ရတဲ့ အချက် အလက် တွေရှိတယ်။ ဒါပေမဲ့ ဘယ်ပါတီ ဘယ်ကိုယ်စားလှယ်လောင်းက နည်းဥပဒေနဲ့ကို်က်ညီမှုမရှိပဲဘယ်လို မဲဆွယ်စည်းရုံးသလဲ လွဲချော်မှုတွေရှိတာတောင်မှ ဘာမှထုတ်ဖေါ်ပြောခွင့်မရှိဘူး။ မဲစားရင်း မှားယွင်းမှုတွေ ရွေးကောက်ပွဲဖြစ်စဉ်နဲ့ ကိုက်ညီမှုမရှိပဲ လွဲချော်မှုတွေကို ထုတ်ပြန်နိုင်ခွင့်မရှိဘူး။ မှတ်တမ်းလောက်ပဲ ပြုစုခွင့်ရှိတယ်”ဟု BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

အဆိုပါ ကိစ္စရပ်အား ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်သို့ BNI ရွေးကောက်ပွဲသတင်းခန်းမှ အကြိမ်ကြိမ် ကြိုစား ဆက်သွယ် မေးမြန်းမှုပြုခဲ့သော်လည်း ဖြေကြားပေးခဲ့ခြင်းမရှိခဲ့ပေ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ်များ အရ စောင့်ကြည့်လေ့ လာသူများအနေဖြင့် မဲပေးခြင်း၊မဲရေးတွက်ခြင်း၊မဲရလဒ်များထုတ်ပြန်ခြင်းတို့နှင့်ပတ်သက် ပြီး ဝင်ရောက်စွက်ဖက်ခွင့်မရှိပဲ ရွေးကောက် ပွဲဖြစ်စဉ်တစ်လျှောက်လုံးမှရရှိသည့် သတင်းအချက်အလက်များ အား ရွေးကောက်ပွဲအပြီး ရက် ၆၀ ကာလအတွင်း ရွေးကောက်ပွဲကော်မရှင်ထံသို့အစီရင်ခံတင်ပြပြီးမှ ထုတ်ပြန် သွားရမည်ဟုသိရသည်။

ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကာလ စောင့်ကြည့်လေ့လာမည့် CSO အဖွဲ့ ၉ဖွဲ့ရှိကြောင်းသိရသည်။

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...