၁၀ စုနှစ်တစ်ခုနီးပါးရပ်ထားသည့် ဒုက္ခသည်များတတိယနိုင်ငံသို့ အခြေချနိုင်ရေးအစီအစဉ် ပြန်လည်စတင်

၁၀ စုနှစ်တစ်ခုနီးပါးရပ်ထားသည့် ဒုက္ခသည်များတတိယနိုင်ငံသို့ အခြေချနိုင်ရေးအစီအစဉ် ပြန်လည်စတင်

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နှစ်ပေါင်းကြာနေထိုင်သည့်သူများ တတိယနိုင်ငံသို့ အစုအဖွဲ့လိုက် ပြောင်းရွှေ့နေရာချထားရေးအစီအစဉ်နှင့်ပတ်သက်၍ ၁၀စုနှစ်တစ်ခုနီးပါးကြာ ရပ်ဆိုင်းထားခဲ့ရာမှ ယခုပြန် လည်စတင်ရန် စီစဉ်နေပြီဖြစ်သည်ဟု ဒုက္ခသည်အရေးဆောင်ရွက်သူများက ပြောသည်။

အဆိုပါ နေရာချထားရေး အစီအစဉ်သည် အမေရိကန်အစိုးရ၊ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး - UNHCR နှင့် ထိုင်းတော်ဝင်အစိုးရတို့မှ ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် ခိုလှုံနေထိုင်သည့်သူများအား အမေရိကန် နိုင်ငံ သို့ အစုအဖွဲ့လိုက် ပြန်လည်နေရာချထားရန် သဘောတူထားကာ စတင်ရန်စီစဉ်နေခြင်းဖြစ်သည်။

ဒုက္ခသည်များ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားရေးအစီအစဉ်တွင် ပါဝင်နိုင်သည့်သူများသည် ဒုက္ခသည် စခန်းထဲတွင် နေထိုင်သည့်သူများဖြစ်ရမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်က ထိုင်းပြည်ထဲရေးဝန်ကြီးဌာန -MOI က ပြုလုပ်သည့် လူဦးရေ စိစစ်လုပ်ဆောင်မှုတွင်ပါဝင်သောသူနှင့် ၂၀၁၅ ခုနှစ်တွင် UNHCRက ပြုလုပ်သည့် လူဦး ရေ စိစစ်အတည်ပြု လုပ်ဆောင်ရာတွင် ပါဝင်သောသူများဖြစ်ရမည်ဟု ဆိုသည်။

ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ-KRC အတွင်းရေးမှူး စောပွယ်စေးက “ဒီအစီအစဉ်ကို စတင်ဖို့ ပထမဦး ဆုံး က စခန်းထဲမှာရှိတဲ့ လူတွေကို ပြန်စစ်မယ်။ ဇွန်၊ ဇူလိုင်မှာ သူတို့ဝင်စစ်မယ်ဆိုတော့ ပါဝင်အစစ်ခံလို့ရတယ်။ ဒါပေမယ့် အဲဒီဝင်အစစ်ခံမယ့်လူတွေက ၂၀၁၅ UNHCR ထုတ်ထားတဲ့ကဒ်နဲ့ ၂၀၁၉-၂၀၂၀ တုန်းက ဝင်စစ်တဲ့ အချိန်တုန်းက ပါဝင်တဲ့သူတွေဖြစ်ရမယ်။ အဲဒီ ၂ ကြိမ်က တစ်ခုမှမရှိရင်တော့ မရဘူးပေါ့။ အဓိကတော့ မိသား စုဝင်တွေကို သေချာအောင် ပြန်စိစစ်မယ်။ အဲဒါတွေပြီးမှ တတိယနိုင်ငံသွားမယ့်အစီအစဉ်က ဘယ်လိုရှိလည်း ဆိုတာ နောက်မှသူတို့ ပြန်ပြောပြမှာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

တတိယနိုင်ငံသို့ ဒုက္ခသည်များပြန်လည်နေရာချထားရေး အစီအစဉ်နှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က တည်းက ရပ်ဆိုင်းထားခဲ့ရာမှ ယခုတဖန်ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ယခုပြန်လည် ဖွင့်လှစ်သည့် တတိယ နိုင်ငံ ပြန်လည်နေရာချထားရေး အစီအစဉ်ထဲတွင် အမေရိကန်ပြည်ထောင်စုတစ်ခုထဲသာ ပါဝင်ကြောင်း သိရ သည်။

နို့ဖိုးဒုက္ခသည်စခန်းတွင် မိသားစုနှင့်အတူ ဆယ်စုနှစ်တစ်ခုကျော်ကြာနေထိုင်သည့် နန်းဝေသိမ့်က ”တကယ်လို့ နိုင်ငံခြားကို သွားခွင့်ရရင်တော့ ဝမ်းသာတာပေါ့ ။ ဒုက္ခသည်စခန်းမှာနေတာလည်း နှစ်ပေါင်းကြာပြီး။ ကိုယ့် အတွက်ပဲဆိုရင်တော့ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် သားသမီးတွေရှေ့ရေးက ရှိသေးတယ်လေ။ သားသမီးတွေက ကြီးလာကုန်ပြီးဆိုတော့ သူတို့အတွက်ပဲ။ ကျမတို့က လူစစ်တဲ့အချိန်တိုင်းမှာရှိတယ်” ဟု ကေအိုင်စီသို့ ပြော သည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ်းဟင်၊ ဘန့်ဒုံယန်းနှင့် ကရင်နီအမှတ် (၁)၊ အမှတ် (၂) စခန်းများ အပါအဝင် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး လက်ရှိအချိန်တွင် လူဦး‌ရေ တစ်သိန်းဝန်းကျင် ခိုလှုံနေထိုင်လျက်ရှိနေသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်သူအများစုသည် ဒေသအတွင်း မတည်ငြိမ်မှုနှင့် နယ် မြေတွင်း စစ်ရေးပဋိပက္ခဖြစ်စဉ်များကြောင့် ရောက်ရှိလာသူများဖြစ်ကြပြီး အချို့မှာ အကြောင်း အမျိုးမျိုး ကြောင့် ဒုက္ခသည်အဖြစ်ခံယူကာ ဒုက္ခသည်စခန်းထဲတွင် ခိုလှုံနေထိုင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၅-၂၀၀၆ခုနှစ်မှ စတင်ကာ တတိယနိုင်ငံများသို့ သွား‌ရောက်အ‌ခြေချ‌နေထိုင်သူများရှိသလို ၂၀၁၈ ခုနှစ်တွင် ထိုင်းနှင့်မြန်မာနှစ်နိုင်ငံအစိုးရတို့၏ ဒုက္ခသည်စခန်းတွင်း နေထိုင်သူများ မိမိဆန္ဒအ‌လျောက် နေရပ်ပြန်‌ ရေး (Voluntary Repatriation Center – VRC) အစီအစဉ်အရ မြန်မာနိုင်ငံတွင်းသို့ ပြန်လည် အ‌ခြေချ‌နေထိုင်သူ များလည်း ရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ မြန်မာနိုင်ငံတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် တိုင်းပြည်မငြိမ်မသက်မှုဖြစ်စဉ်များကြောင့် VRC အစီအစဉ်ဖြင့် ပြန်လည် အခြေချနေထိုင်သူအချို့မှာ ယခင်နေထိုင်ခဲ့သော ဒုက္ခသည်စခန်းကို တဖန် ပြန်လည်ပြောင်းရွှေ့ တိမ်းရှောင်လာ ရသူများလည်း ရှိနေသည်။

Photo-KRC (refugee Camp)

Most read this week

August 25, 2026
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ တောင်ဘက်ရှိ ဖလူး-မင်းလက်ပံ-ဝေါလေ လမ်းပိုင်းသို့...
ဓာတ်ပုံ - Crd (KNU)
August 25, 2026
ကရင်ပြည်၊ မူတြော် (ဖာပွန်) ခရိုင်ထဲက ကျေးရွာများကို စစ်အုပ်စုတပ်က လက်နက်ကြီး အလုံးရေ ၇၀ ကျော်...
August 24, 2026
ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသည့် လူငယ်များအကြား မူးယစ်ဆေးဝါး...
August 24, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇) နှင့် မဟာမိတ် ပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်ထား...