ရခိုင်တွင် ခုံး(ဂုံး)ကောင်များ သေဆုံးနေမှုမှာ အပူချိန်မြင့်တက်ခြင်းကြောင့်ဟုဆို

ရခိုင်တွင် ခုံး(ဂုံး)ကောင်များ သေဆုံးနေမှုမှာ အပူချိန်မြင့်တက်ခြင်းကြောင့်ဟုဆို
အမ်းမြို့နယ်၊ ကျားအိုချောင်းတွင် ခုံး(ဂုံး)ကောင်များ သေဆုံးနေမှုကို ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - ကိုမျိုးလွင်
အမ်းမြို့နယ်၊ ကျားအိုချောင်းတွင် ခုံး(ဂုံး)ကောင်များ သေဆုံးနေမှုကို ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - ကိုမျိုးလွင်

ရခိုင်ပြည် အမ်းမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တွင် ခုံး(ဂုံး)ကောင်များ သေဆုံးနေမှုမှာ ရေထုညစ်ညမ်းမှုကြောင့် မဟုတ်ဘဲ အပူချိန်မြင့်တက်ခြင်းနှင့် သက်ဆိုင်သည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ရှိသူက DMG သို့ ပြောသည်။

ရခိုင်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးဦးသန်းမြင့်က “ကျောက်ဖြူဖက်တွေမှာ ခုံး(ဂုံး)သေဆုံးမှုတွေရှိတယ် ဆိုပြီးတော့ လူမှုကွန်ယက်မှာ တက်လာတဲ့အတွက် ရေထု ကို လစဉ်တိုင်းတာနေ တာရှိတယ်။ ဒါပေမယ့် ခုံး(ဂုံး)တွေသေတာဟာ ရေထုညစ်ညမ်းမှုကြောင့် မဟုတ်ဘူး။ အပူ ချိန်ပြင်းတဲ့အတွက် သေတာပဲဖြစ်မယ်လို့ ယူဆရပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြစ်၊ ချောင်းများကို ရေထုတိုင်းတာချက်အရ ရေထုညစ်ညမ်းမှုမှာ အဆိုးဝါးဆုံးအဆင့် မရှိသေးကြောင်း ဦးဦးသန်းမြင့်က ရှင်းပြသည်။

ယခုနှစ် ရခိုင်ပြည်တွင် နေ့စဉ်ပျဉ်းမျှ အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန် ကြားမှုဦးစီးဌာန သတင်းများတွင် ဖော်ပြသည်။

ကျောက်ဖြူမြိုနယ် သံဇစ်မြစ်နှင့် အမ်းမြို့နယ်၊ ကျားအိုးချောင်း ကမ်းပါးတစ်လျှောက်တွင် ပြီးခဲ့သည့် မတ်လ အတွင်းက ခုံး(ဂုံး)ကောင်အများအပြား သေဆုံးနေသည်ကို တွေ့ရသဖြင့် ရေထုညစ်ညမ်းမှုကြောင့် ဖြစ်နိုင်သည် ဟု ဒေသခံများက သံသယရှိခဲ့ကြသည်။

ခုံး(ဂုံး)ကောင်များ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားပြီးနောက် ငါး၊ ပုစွန်၊ ကဏန်း ရှာဖွေရရှိမှုမှာ ယခင် က ထက် သိသိသာသာ လျော့ကျလာနေကြောင်း ဒေသခံများက ပြောသည်။

သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေသူ အမ်းဒေသခံ ကိုမျိုးလွင်က “သင်္ကြန်မကျခင်ကတော့ ဂုံးကောင် ရေ အများအပြား သေဆုံးမှုတွေကို တွေ့ရတယ်။ ဒါပေမယ့် အခုနောက်ပိုင်းတော့ မတွေ့ရတော့ဘူး။ အဓိက တော့ ဒီရေပင်တွေ ရှားပါးလာတဲ့အတွက် ရာသီဥတုအပူချိန်ကြောင့် သေဆုံးတာဖြစ်တယ်လို့ ယူဆရတယ်။ ဒါပေမယ့် အတိအကျပြောလို့တော့ မရဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း ကျောက်ဖြူမြို့နယ်၊ မဒေကျွန်းအနီး သံဇစ်မြစ်အတွင်း ခုံး(ဂုံး)ကောင်ရေ သန်း ပေါင်းများစွာ သေဆုံးမှုဖြစ်ပွားခဲ့သည်။ ရခိုင်ပြည်တွင် ရေသယံဇာတများ တဖြည်းဖြည်း ရှားပါးလာနေခြင်း ကြောင့် မြစ်ချောင်း၊ အင်းအိုင်များကို အမှီပြုကာ လုပ်ကိုင်စား သောက်နေကြသူများအတွက် စိန်ခေါ်မှုများစွာ ရှိနေသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...