CTUM ဦးဆောင်၍ကရင်ပြည်နယ်အတွင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနား ပထမဦးဆုံး အကြိမ်ပြုလုပ်

CTUM ဦးဆောင်၍ကရင်ပြည်နယ်အတွင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနား ပထမဦးဆုံး အကြိမ်ပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)မှ ဦးဆောင်၍ ယနေ့ကျရောက်သည့် (၁၃၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့( May day) အခမ်းအနားကို ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ် တစ်နေရာတွင် ပထဦးဆုံးအကြိမ်ကျင်းပပြုခဲ့ကြောင်း သိရသည်။

အလုပ်သမားများအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ရသည့် အလုပ်သမားနေ့ ဖြစ်ပေါ်လာရပုံကို ပြန်လည် အမှတ်ရစေရန် နှင့် အလုပ်သမား များ၏ အခြေခံ အခွင့်အရေးများကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ချက်ဖြင့် အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)၏ ဥက္ကဌ ဦးမောင်မောင်က”‌‌ ကျနော်တို့ အလုပ် သမားတစ်ဦးမှာ မေဒေး အတွက် ပေါ်လာတယ်ဆိုတာ တိုက်ပွဲအရသေကြေတာရှိတယ်။ ဆုံးရှုံးတာရှိတယ်။ ဒါကိုတိုက်ပွဲအရ တိုက်ပြီးမှပေါ်လာတယ်ဆိုတာမမေ့ဖို့ရယ်။ အလုပ်သမား အခြေခံအခွင့်အရေး ရှိတယ်ဆိုတာ အလုပ်သမားတိုင်း ရသင့်ရထိုက်တယ်။ ဒါကိုပြန်လည်အသိပေးနိုးဆွပေးတယ်”ဟု အခမ်းအနား ပြုလုပ်ရခြင်း နှင့်ပတ်သက်ပြီး ကေအိုင်စီသို့ ပြောသည်။

(၁၃၃) ကြိမ်မြောက်ရှိပြီးဖြစ်သည့် ယနေ့ မေဒေးနေ့အခမ်းအနားကို ကရင်ပြည်နယ်အတွင်းရှိ လုံခြုံရေးအရ နေရာဒေသ မဖော်ပြလိုသည့် ယခုပြုလုပ်ကျင်းပရာ ကျေးရွာဒေသတွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး ဒေသခံများအနေဖြင့် အလုပ်သမား အခွင့်အရေးနှင့်ပတ်သက်၍ သိရှိလာကြောင်း ယင်းဒေသခံများ ကပြောသည်။

ကျေးရွာတာဝန်ရှိသူတစ်ဦးက”အပြည်ပြည်ဆိုင်ရာမှာ(၁၃၃)ကြိမ်မြောက်ရှိပြီး။ ကျနော်တို့ရွာမှာဒါကပထမဆုံး အကြိမ်လုပ်တာပဲ။အရင်က အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်ပြီးသိပ်မသိဘူ။ နိုင်ငံတကာမှာ ဘယ်လိုလုပ် နေလဲ။ မြန်မာနိုင်ငံမှာအခြေအနေဘယ်လိုရှိလဲမသိဘူ။အခုအချို့တော့သိရှိရတယ်”ဟု ကေအိုင်စီသို့ပြောသည်။

ယနေ့ပြုလုပ်သည့် အခမ်းအနားကို ကျေးရွာ အုပ်စုတာဝန်ရှိသူများ၊ ကရင်လူငယ်အစည်း အရုံး(KYO) တာဝန်ရှိ သူများ၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(CTUM) ၏ ဥက္ကဌ ဦးမောင်မောင်နှင့် အခြားခေါင်းဆောင်များ၊ ဒေသခံများ စုစုပေါင်း လူဦးရေး ၄၀၀ နီးပါး ပါဝင် တက် ရောက်ခဲ့သည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC)၏ တာဝန်ရှိသူနှင့် အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (BWI)၏ဒေသဆိုင်ရာတာဝန်ခံ (အာရှနှင့် ပစိဖိတ်‌ဒေသ) တို့လည်း online မှတစ်ဆင့် မေဒေးနှင့်ပတ်သက်၍အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

အလုပ်သမားများအတွက် တစ်ရက်လျှင်အလုပ်ချိန် ၈ နာရီသတ်မှတ်ရန် တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် မေလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အဖြစ် ၁၈၈၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာဆိုရှယ်လစ် ညီလာခံကြီးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

August 31, 2026
စစ်အုပ်စုသည် ၎င်းတို့၏ “ရက် (၁၀၀) စီမံကိန်း” တွင် ပြည်သူများ၏ လူမှုစီးပွား တည်ငြိမ်ရေးနှင့်...
August 31, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူး-ဝေါလေလမ်းပိုင်းရှိ သဲဖြူချောင်းအထက် တောင်ကျောနေရာသို့...
ချင်းပြည်ကောင်စီ၏ အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ / Press Conference & CNF
August 29, 2026
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်...
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...