ကျိုက်ထို တပ်မ ၄၄ ဌာနချုပ် ဒရုန်းဖြင့် တိုက်ခံရ

ကျိုက်ထို တပ်မ ၄၄ ဌာနချုပ် ဒရုန်းဖြင့် တိုက်ခံရ

စစ်ကောင်စီ လက်အောက်ခံ တပ်မ ၄၄ ဌာနချုပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရသည်ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ တပ်မ ၄၄ ဌာနချုပ်ကို သထုံမြို့နယ် ပြည်သူ့ ကာကွယ်ရေး တော်လှန်ရေးအင်အားစု TPDF နှင့် KNLA, PDF, KRF ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က တပ်မ ၄၄ ဌာနရုံးချုပ်နှင့် တပ်မမှူးနေအိမ်တို့ကို ဒရုန်းဖြင့် ဗုံးသီး ပစ်ချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု TPDF က ထုတ် ပြန်ထားသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်တပ်ဘက်က ကျိုက်ထိုမြို့နယ်အတွင်းရှိ ငှက်ပျော်တောကျေးရွာ ဘက် သို့ လက်နက်ကြီးကျည်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “တပ်မ ၄၄ တိုက်ခိုက်ခံရပြီးတော့ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ငှက်ပျော်တောရွာ ဘက်ကို ပစ်ခတ်သေးတယ်။ ထိခိုက်မှု ရှိ မရှိတော့ အခြေအနေမသိရသေးဘူး၊ လမ်းသွားလမ်းလာတွေလည်း မသွားလာရဲကြဘူး” ဟု ပြောသည်။

စစ်ကောင်စီ၏ တပ်မ ၄၄ ဌာနချုပ် တိုက်ခိုက်မှုဖြစ်စဥ်အတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်က အထိအခိုက် တစ်စုံတစ်ရာ မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက် ထိခိုက်သေဆုံးမှုအခြေအနေကိုမူ စုံစမ်း နေဆဲဖြစ်သည်ဟုလည်း TPDF ဘက်က ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့ ညကလည်း မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးသွားခဲ့သည်။

သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေး အင်အားစုများက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊စစ်တပ်၏ ယာဉ် တန်းများနှင့် ဝေးဝေးနေပေးကြဖို့ ပြည်သူများကို မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတော်လှန်ရေး အင်အားစု TPDF နှင့် KNU, PDF ပူးပေါင်းတပ်ဖွဲ့များက ကျိုက် ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြားရှိ သံတံတားဂိတ်ရှိ စစ်ကောင်စီ တပ်စခန်းကို မတ်လ ၂၀ ရက်နေ့ နံနက် ပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ် ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးချတိုက်ခိုက်ခဲ့သေးသည်။

July 4, 2026
 ရှမ်းပြည် တောင်ပိုင်း၊ အောင်ပန်းမြို့၌ ကုန်ကားမောင်းနှင်သူ တစ်ဦးသည်...
July 3, 2026
မြန်မာနိုင်ငံတွင် လျှပ်စစ်မီးမရရှိခြင်းမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း မရှိ၍မဟုတ်ဘဲ...
July 3, 2026
ချင်းပြည်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို...
July 2, 2026
ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးရှိ အောင်မြေသစ် အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် Grade 12...