တပ်ရင်းအတွင်း ညအိပ်တိမ်းရှောင်ရန် သွားသော ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရ

တပ်ရင်းအတွင်း ညအိပ်တိမ်းရှောင်ရန် သွားသော ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရ

စစ်ကောင်စီတပ်ရင်းအတွင်း တိမ်းရှောင်ညအိပ်ရန်သွားသည့် ကော့သောင်းမြို့က ပျူစောထီးခေါင်းဆောင် တစ် ဦး ပြည်ထောင်စု လမ်းမကြီးပေါ် တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ကော့သောင်းမြို့၊ တောင်နောက်ရပ်ကွက်နေ ပျူစောထီးခေါင်းဆောင် ဦးကျော်မိုးခိုင် ဆိုသူသည် မြို့နှင့် ၅ မိုင် ခန့် အကွာတွင်ရှိသည့် ခမရ ၃၄၂ တပ်ရင်း ဝင်ပေါက်ရှေ့အနီး အရောက် လမ်းမပေါ်တွင် ပစ်ခတ်ခံလိုက်ရခြင်း ဖြစ် သည်။

ရွှေဟင်္သာ တောင်နောက် ရပ်ကွက်နေ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “သူက တခါတလေ ယူနီ ဖေါင်းဝတ်ထားပြီး သေနတ်လည်း ကိုင်ထားတတ်တယ်။ အာဏာမသိမ်းခင်ကတော့ ဌာနေပြည်သူ့စစ်ပေါ့၊ အခု က ပျူစောထီးခေါင်းဆောင်လုပ်နေတယ်လို့ သိရတယ်” ဟု ပြောသည်။

ဆိုင်ကယ်မောင်းနှင်လာသည့် ဦးကျော်မိုးခိုင်ကို မျက်နှာချင်းဆိုင်မှ အမည်မသိ ဆိုင်ကယ်စီး လူ ၂ ဦးက သေနတ် ဖြင့် ၆ ချက် ပစ်ခတ်ကာ ထွက်ပြေးသွားသည်ဟု ၅ မိုင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ဦးကျော်မိုးခိုင်သည် မတ်လ ၁၅ ရက်နေ့၊ ည ၉ နာရီခွဲခန့်တွင် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် ရင် ဘတ်နှင့် မျက်နှာတို့တွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

ထို့နောက် ၎င်းကို အရေးပေါ် လူနာတင်ကားဖြင့် တင်ဆောင်သွားခဲ့သော်လည်း စစ်ဆေးရုံအရောက်တွင် သေဆုံး သွားခဲ့သည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဦးကျော်မိုးခိုင်ကို လိုက်လံရှာဖွေမှုများ ရှိနေခြင်းကြောင့် နေအိမ်တွင် မအိပ်ရဲဘဲ ဝင်ထွက်သွားလာလေ့ရှိသည့် စစ်တပ်အတွင်း ညစဉ်သွားရောက် ရှောင်ပုန်းအိပ်နေခြင်း ဖြစ်သည်ဟု နီးစပ်သူ အချို့ကဆိုသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ အတွင်းကလည်း ခမောက်ကြီးမြို့နယ် ရှမ်းကိုးကျေးရွာဒေသတွင် ပျူစောထီး ဒု-ခေါင်း ဆောင်နှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးသည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...