လောင်းလုံးမြို့နယ် ပညစ်ရွာထဲ စစ်တပ် ဝင်ရောက်ပစ်ခတ်ပြီး နေအိမ်များမီးရှို့

လောင်းလုံးမြို့နယ် ပညစ်ရွာထဲ စစ်တပ် ဝင်ရောက်ပစ်ခတ်ပြီး နေအိမ်များမီးရှို့
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပညစ်ကျေးရွာ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပညစ်ကျေးရွာ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် ပညစ်ကျေးရွာထဲကို စစ်ကောင်စီတပ်တို့က မတ်လ ၁၀ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်တို့က ကျေးရွာထဲ ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက် ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်၊၊

“သေနတ်သံတွေစကြားရတော့ ရွာထဲကို စစ်တပ်က ရောက်နေပြီ၊ သူတို့က မဲမဲမြင်ရာပစ်ကြတော့ ကျနော်တို့လည်း ပြေးရတာဘဲ၊ ရွာလုံးကျွတ်နီးပါးပြေးကြရတာ” ဟု ပညစ်ရွာခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတို့က ကျေးရွာထဲ ဝင်ရောက်ပစ်ခတ်ခဲ့သည့်အပြင် နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ဒေသခံတို့က ပြောသည်။

စစ်ကောင်စီတပ်တို့က  နေအိမ်များ မီးရှို့ခဲ့ပြီးနောက် ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့သော်လည်း ဒေသခံတို့က နေအိမ်မပြန်ရဲကြသေးဘူး လို့လည်း ဒေသခံတို့က ပြောသည်။

“(စစ်တပ်တွေ) ဘယ်တော့ပြန်ဝင်လာမလဲမသိတော့ အခုထိလည်း မပြန်ရဲသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်၊၊

ပညစ်ကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ရုံးများ အခြေစိုက်ရာ လောင်းလုံးမြို့ အနောက်ဘက် ၄ မိုင်ခန့်အကွာတွင် တည်ရှိပြီး ဒေသတွင်း ခရီးသွားများအပြင် နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်လေ့ရှိသည်။

လောင်းလုံမြို့ရှိ ကျေးရွာတို့တွင် တပတ်အတွင်း စစ်ကောင်စီတပ်တို့က နေအိမ် ၁၅ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၅ ဦးကိုလည်း ဖမ်းဆီးပစ်သတ်ခဲ့သည်ဟု သိရသည်။

Most read this week

September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...
September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...