ကလေးမြို့တွင် ဆိုင်ကယ်စီးနေသည့် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရ၊ တစ်ဦး ပွဲချင်းပြီးသေဆုံး

ကလေးမြို့တွင် ဆိုင်ကယ်စီးနေသည့် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရ၊ တစ်ဦး ပွဲချင်းပြီးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်စီးလာနေသော အမျိုးသားနှစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး နောက်တစ်ဦးမှာ ဒါဏ်ရာရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

မတ်လ ၂ ရက်နေ့ မနက် ၁၁ နာရီကျော်ခန့်က တောင်ဇလပ်ရပ်ကွက်၊ ဆည်မြောင်းရုံးရှေ့တွင် ဆိုင်ကယ်တစ်စီးဖြင့် ဖြတ်လာသည့် အမျိုးသားနှစ်ဦးအား ၎င်းရုံးတွင် တပ်ဆွဲနေသော စစ်ကောင်စီတပ်သားများက အနောက်ကနေ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ “ဆိုက်ကယ်နောက်ကတစ်ယောက်က သေနတ်မှန်တော့ အူတေထွက်ပြီး ပွဲချင်းပြီးသေဆုံးတာပေါ့နော်၊ ဆိုင်ကယ်မောင်းတဲ့သူကတော့ ခြေထောက်ဒါဏ်ရာရပြီး ထွက်ပြေးသွားတယ်” ဟု မျက်မြင်တစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွါးပြီးနောက် ကလေးမြို့တွင် စစ်ကောင်စီတပ်သားများမှ လမ်းသွားလမ်းလာများကို စစ်ဆေးရေးတင်းကြပ်နေကြောင်း သိရသည်။

ကလေးမြို့တွင် ဆိုင်ကယ်တစ်စီး ယောကျားလေးနှစ်ယောက် အတူမစီးရဟု တရားဝင်ထုတ်ပြန်ထားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်သားများက အရင်ဆုံး စစ်ဆေးမေးမြန်မှုမရှိဘဲ ပစ်ခတ်လေ့ရှိကြောင့် အရပ်သားပြည်သူလည်း သေဆုံးမှု မကြာခဏဖြစ်ပွားလေ့ရှိသည်။

May 20, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏...
May 18, 2026
ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း...
May 15, 2026
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော ကူကီး...
May 14, 2026
ချင်းအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးက ကလေးငယ်များသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို...