ကလေးမြို့တွင် ဆိုင်ကယ်စီးနေသည့် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရ၊ တစ်ဦး ပွဲချင်းပြီးသေဆုံး

ကလေးမြို့တွင် ဆိုင်ကယ်စီးနေသည့် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရ၊ တစ်ဦး ပွဲချင်းပြီးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်စီးလာနေသော အမျိုးသားနှစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး နောက်တစ်ဦးမှာ ဒါဏ်ရာရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

မတ်လ ၂ ရက်နေ့ မနက် ၁၁ နာရီကျော်ခန့်က တောင်ဇလပ်ရပ်ကွက်၊ ဆည်မြောင်းရုံးရှေ့တွင် ဆိုင်ကယ်တစ်စီးဖြင့် ဖြတ်လာသည့် အမျိုးသားနှစ်ဦးအား ၎င်းရုံးတွင် တပ်ဆွဲနေသော စစ်ကောင်စီတပ်သားများက အနောက်ကနေ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ “ဆိုက်ကယ်နောက်ကတစ်ယောက်က သေနတ်မှန်တော့ အူတေထွက်ပြီး ပွဲချင်းပြီးသေဆုံးတာပေါ့နော်၊ ဆိုင်ကယ်မောင်းတဲ့သူကတော့ ခြေထောက်ဒါဏ်ရာရပြီး ထွက်ပြေးသွားတယ်” ဟု မျက်မြင်တစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွါးပြီးနောက် ကလေးမြို့တွင် စစ်ကောင်စီတပ်သားများမှ လမ်းသွားလမ်းလာများကို စစ်ဆေးရေးတင်းကြပ်နေကြောင်း သိရသည်။

ကလေးမြို့တွင် ဆိုင်ကယ်တစ်စီး ယောကျားလေးနှစ်ယောက် အတူမစီးရဟု တရားဝင်ထုတ်ပြန်ထားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်သားများက အရင်ဆုံး စစ်ဆေးမေးမြန်မှုမရှိဘဲ ပစ်ခတ်လေ့ရှိကြောင့် အရပ်သားပြည်သူလည်း သေဆုံးမှု မကြာခဏဖြစ်ပွားလေ့ရှိသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...