စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ မတင်သွင်းကြဖို့ KNDF တားမြစ်ထား

စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ မတင်သွင်းကြဖို့ KNDF တားမြစ်ထား

ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့ စစ်ကောင်စီ အကျိုးပြု ထုတ်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်း၊ သုံးစွဲခြင်း ၊အထူးသဖြင့် သယ်ယူပို့ဆောင်ခြင်းများ မပြုလုပ်ကြဖို့ KNDF တပ်ရင်း အမှတ် – ၁၂ကနေ ဒီကနေ့ မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်ဆေးတွေ့ရှိပါက လွိုင်ကော်မြို့နယ်အတွင်း လှုပ်ရှားနေတဲ့ KNDF တပ်ရင်းတွေကနေ ထိရောက်စွာအရေးယူမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ရိက္ခာပို့တဲ့ နေရာတွေမှာ စစ်ကားတွေကို မသုံးတော့ဘဲ တခြားနည်းလမ်းတွေ ပြောင်းသုံးလာတဲ့အတွက် လုံခြုံရေးအရကော စစ်ရေးအရပါ တားမြစ်ရတာ ဖြစ်တယ်လို့ KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီတွေက နောက်ပိုင်းမှာ ရိက္ခာ တွေ လူတွေ သွင်းတဲ့အခါမှာ တခြားနည်းလမ်းတွေ သုံးလာတယ်ပေါ့။ဘိလက်မြေလို ကားမျိုးတွေနဲ့ တံဆိပ်ပါလာတာမျိူးတွေ အ့မျိုးတွေပေါ့။ အ့လို ကိစ္စတွေ ရှိလာတာကြောင့်မလို့ ဒီလုံခြုံရေး အရကော စစ်ရေးအရကော တားမြစ်တာ ဖြစ်တယ်”လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း မှာလည်း စားနပ်ရိက္ခာ၊ လူအင်အားဖြည့်တင်းမှုလို့ ယူဆရတဲ့ ရဟတ်ယာဥ်တစ်စီးလည်း ဖရူဆို၊ ဘောလခဲ စစ်ကောင်စီတပ် စခန်းဘက်သို့ ဦးတည်ပျံသန်းသွားလာနေပြီး လက်နက်ကြီး ပစ်ခတ်တာတွေလည်း ပိုမို လုပ်ဆောင်လာတယ်လို့ သိရပါတယ်။

Most read this week

December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...