စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ မတင်သွင်းကြဖို့ KNDF တားမြစ်ထား

စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ မတင်သွင်းကြဖို့ KNDF တားမြစ်ထား

ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့ စစ်ကောင်စီ အကျိုးပြု ထုတ်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်း၊ သုံးစွဲခြင်း ၊အထူးသဖြင့် သယ်ယူပို့ဆောင်ခြင်းများ မပြုလုပ်ကြဖို့ KNDF တပ်ရင်း အမှတ် – ၁၂ကနေ ဒီကနေ့ မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်ဆေးတွေ့ရှိပါက လွိုင်ကော်မြို့နယ်အတွင်း လှုပ်ရှားနေတဲ့ KNDF တပ်ရင်းတွေကနေ ထိရောက်စွာအရေးယူမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ရိက္ခာပို့တဲ့ နေရာတွေမှာ စစ်ကားတွေကို မသုံးတော့ဘဲ တခြားနည်းလမ်းတွေ ပြောင်းသုံးလာတဲ့အတွက် လုံခြုံရေးအရကော စစ်ရေးအရပါ တားမြစ်ရတာ ဖြစ်တယ်လို့ KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီတွေက နောက်ပိုင်းမှာ ရိက္ခာ တွေ လူတွေ သွင်းတဲ့အခါမှာ တခြားနည်းလမ်းတွေ သုံးလာတယ်ပေါ့။ဘိလက်မြေလို ကားမျိုးတွေနဲ့ တံဆိပ်ပါလာတာမျိူးတွေ အ့မျိုးတွေပေါ့။ အ့လို ကိစ္စတွေ ရှိလာတာကြောင့်မလို့ ဒီလုံခြုံရေး အရကော စစ်ရေးအရကော တားမြစ်တာ ဖြစ်တယ်”လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း မှာလည်း စားနပ်ရိက္ခာ၊ လူအင်အားဖြည့်တင်းမှုလို့ ယူဆရတဲ့ ရဟတ်ယာဥ်တစ်စီးလည်း ဖရူဆို၊ ဘောလခဲ စစ်ကောင်စီတပ် စခန်းဘက်သို့ ဦးတည်ပျံသန်းသွားလာနေပြီး လက်နက်ကြီး ပစ်ခတ်တာတွေလည်း ပိုမို လုပ်ဆောင်လာတယ်လို့ သိရပါတယ်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...